9 w - Translate

PhotoBooth လေးတွေ ခေတ်စားနေတုန်း ကိုယ့်ဖုန်း Tablet , Laptop နဲ့လည်း Photobooth ပုံစံလေးတွေ ရိုက်လို့ရမယ့် Website လေး ၂ ခုကို sharing လုပ်ပေးချင်ပါတယ်။ တော်တော်များများသိပြီးကြပြီလားမသိပေမဲ့ ကျွန်တော်ကတော့ ဒီရက်ပိုင်း TikTok မှာ ခနခနတွေ့နေတာနဲ့ Sharing လုပ်ပေးတာပါခင်ဗျ..
ပထမတစ်ခုက https://picapicaa.netlify.app/preview ပါ ..
သူက website ထဲ တန်းဝင်ရုံနဲ့ Start ဆိုတာလေး ပေါ်လာပါလိမ့်မယ်။
Start နှိပ်ပြီးတာနဲ့ အပြင်က Photobooth တွေမှာ ရိုက်သလိုပဲ Frame လေးကျလာမယ်
Layout တော့ရွေးလို့မရဘူး။ Effect လေးတွေပါပေမဲ့ Soft လေးပဲ အဆင်ပြေတယ်။
ပြီးတော့ ၄ ပုံရိုက်လို့ရတယ်။ အချိန် ၃ စက္ကန့်စီပါ။
ရိုက်ပြီးရင်တော့ Frame လေးတွေ အရောင်ရွေးလို့ရမယ်။ Sticker လေးရွေးလို့ရမယ့် ၂ ခုပါပါမယ်။
နောက်တစ်ခုကတော့ https://idealphoto.vercel.app ပါ…
သူကကျ Kpopper လေးတွေ ပိုပြီးသဘောကျမယ်လို့ ထင်ပါတယ်။
ကိုရီးယား PhototBooth တွေမှာ idol တွေနဲ့ တွဲရိုက်လို့ရတဲ့ ပုံစံလေးပါ။
Aespa, Enhypen, BoyNextDoor, Lesserafrim ဆိုပြီး အဖွဲ့ ၄ ဖွဲ့ထဲက ကြိုက်တဲ့ အဖွဲ့ဝင်လေးတွေနဲ့ ရွေးရိုက်လို့ရပါတယ်
သူလည်း ၄ ပုံရိုက်လို့ရတယ်။ ရိုက်ပြီးရင်တော့ Frame အရောင်လေးတွေပဲ ပြောင်းလို့ရပါမယ်။
ရိုက်ကြည့်ပြီး ဓါတ်ပုံလေးတွေကိုလည်း ပြန်ပြီး sharing လုပ်သွားဦးနော်။

image

PhotoBooth App

image
image
image
image

22.2.2025 စက်သုံးဆီစျေးနှုန်းများ

ယနေ့စျေးသည် 28.2.2025ထိ မပြောင်းပါ။

#centralnewznaypyitaw

image

22.2.2025 စက်သုံးဆီစျေးနှုန်းများ

ယနေ့စျေးသည် 28.2.2025ထိ မပြောင်းပါ။

#သတင်းဟင်းလေးအိုးကြီး

image
9 w - Translate

Freelancer တွေအတွက် အကောင်းဆုံး Freelance Platform ၅ ခု
-----------------------------------------------
ဒီနေ့ခေတ်မှာ Freelance အလုပ်လုပ်ချင်သူတွေအတွက် Platform တွေ အများကြီးရှိပါတယ်။ ဒါ့ကြောင့် မျှဝေချင်တာကတော့ ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံးနဲ့ အကောင်းဆုံး Platform ၅ ခုအကြောင်းပါ။ တစ်ခုကြိုပြီး ပြောထားချင်တာကတော့ တစ်ချို့ Platform တွေက မြန်မာနိုင်ငံက Payment တွေကိုတော့ ရချင်မှာရမှာမို့ Payment တစ်ခုခုတော့ ကြိုပြီးစီစဥ်ထားဖို့လိုပါမယ်။

Upwork
Freelance Platform တွေထဲမှာ နာမည်အကြီးဆုံးတစ်ခုဖြစ်တဲ့ Upwork ဟာ အလုပ်အမျိုးအစား အားလုံးနီးပါးကို Freelance လုပ်လို့ရတာပါပဲ။ Web Development, Graphic Design, Content Writing, Digital Marketing စတဲ့ နယ်ပယ်အသီးသီးက Project တွေကို တွေ့နိုင်ပါတယ်။ အစပိုင်းမှာ Upwork ရဲ့ Proposal system နဲ့ ရင်းနှီးဖို့ လိုပေမယ့် တစ်ခါရင်းနှီးသွားရင်တော့ ဝင်ငွေကောင်းကောင်းရှာနိုင်တဲ့ Platform တစ်ခုပါ။

Fiverr
Fiverr ဟာ Freelancer တွေအတွက် သူတို့ရဲ့ ဝန်ဆောင်မှုတွေကို Gig အနေနဲ့ ရောင်းချနိုင်တဲ့ Platform တစ်ခုပါ။ Upwork နဲ့မတူတာက Client တွေက Freelancer တွေဆီကို တိုက်ရိုက်လာရွေးချယ်တာဖြစ်ပါတယ်။ ကိုယ့်ရဲ့ Portfolio ကိုကောင်းကောင်းပြင်ဆင်ထားပြီး၊ ဈေးစကားသေချာပြောနိုင်ရင် အလုပ်အခွင့်အလမ်းပေါတဲ့နေရာတစ်ခုပါ။

Toptal
နောက်တစ်ခုကတော့ Toptal ပါ။ ဒီ Platform မှာ ဝင်ရောက်ဖို့ စိစစ်မှုတွေ တင်းကြပ်ပေမယ့် တစ်ခါဝင်ရောက်နိုင်ပြီဆိုရင်တော့ လစာကောင်းကောင်းပေးတဲ့ Project တွေကို ရရှိနိုင်ပါတယ်။ အထူးသဖြင့် Software Development, Design နဲ့ Finance နယ်ပယ်တွေမှာ အခွင့်အလမ်းကောင်းတွေ အများကြီးရှိပါတယ်။

Freelancer(.)com
Freelancer.com ဟာ Project အရေအတွက် အများဆုံးရှိတဲ့ Platform တစ်ခုဖြစ်ပါတယ်။ ဒီမှာ အလုပ်ရှာတဲ့အခါ ပြိုင်ဆိုင်မှုများပေမယ့် Project အမျိုးအစားစုံတာကြောင့် အလုပ်ရှာရတာ အဆင်ပြေပါတယ်။ Feelance အတွေ့အကြုံ အများကြီးမရှိသေးသူတွေအတွက် အသေးစား Project လေးတွေကနေ စတင်ပြီး အတွေ့အကြုံရယူနိုင်ပါတယ်။

PeoplePerHour
ဥရောပအခြေစိုက် Platform တစ်ခုဖြစ်တဲ့ PeoplePerHour ဟာလည်း Freelancer တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ Platform တစ်ခုပါ။ Fiverr လိုပဲ ဝန်ဆောင်မှုပုံစံတွေနဲ့ အလုပ်လက်ခံနိုင်သလို၊ Project တွေကိုလည်း တိုက်ရိုက်လျှောက်ထားနိုင်ပါတယ်။ ယူရို၊ ပေါင်နဲ့ ငွေပေးချေမှုတွေ လက်ခံတာကြောင့် နိုင်ငံတကာ Client တွေနဲ့ အလုပ်လုပ်ဖို့ အဆင်ပြေပါတယ်။

အဆိုပါ Platform တွေမှာ အလုပ်လုပ်တဲ့အခါ ကိုယ့်ရဲ့ Profile ကို ပရော်ဖက်ရှင်နယ်ကျကျ ပြင်ဆင်ထားတာမျိုး၊ Portfolio ကောင်းကောင်း ပြင်ဆင်ထားတာ၊ Client တွေနဲ့ ဆက်သွယ်ရာမှာ ပရော်ဖက်ရှင်နယ်ကျကျ စကားပြောတတ်ဖို့နဲ့ ကိုယ့်ရဲ့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့နဲ့ အရေးကြီးပါတယ်။

အချုပ်ပြောရရင် Work From Home နဲ့ Remote Job တွေခေတ်စားနေတဲ့အချိန်မှာ Freelance အလုပ်တွေက စမ်းလုပ်ကြည့်သင့်တဲ့ အလုပ်တွေပါပဲ။ ဒါပေမယ့် တစ်ခုသတိထားရမှာ Freelance ဆိုတာ အလုပ်ရှိချိန်မှာ မအား၊ အလုပ်မရှိရင် လုံးဝအားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက် အရေးအကြီးဆုံးက Time Management ဆိုတာပါ။ Deadline တွေကိုလည်း သေချာအဆင်ပြေအောင် ကိုင်တွယ်ဖို့အရေးကြီးပါတယ်။ အစပိုင်းမှာ အခက်အခဲတွေ ရှိနိုင်ပေမယ့် ဇွဲရှိရှိနဲ့ ကြိုးစားသွားမယ်ဆိုရင် အဆင်ပြေသွားဖို့များပါတယ်။

နောက်ဆုံးစကားချပ်အနေနဲ့ ပြောချင်တာကတော့ မြန်မာနိုင်ငံက Freelancer တွေနဲ့ Payment တွေကို Platform။ တွေက အသိမပေးပဲ ပိတ်ပစ်တတ်တဲ့ ကိစ္စတွေရှိတတ်တာကြောင့် International Payment ရတဲ့ Secondary Payment တစ်ခုကိုတော့ အသင့်ဆောင်ထားသင့်ကြောင်း သတိပေးချင်ပါတယ်။

အားလုံးပဲ Work Life Balance ညီတဲ့ Freelancers တွေဖြစ်ကြပါစေဗျား....

image

Part-1
*ယနေ့ခေတ် ကျင့်သုံးသည့် တိုက်ရိုက် ဒီမိုကရေစီ နည်းလမ်းများ

ယနေ့ခေတ်၌ ဒီမိုကရေစီနိုင်ငံ အတော်များများမှာပင် ကိုယ်စားပြု ဒီမိုကရေစီစနစ်၌ကျန်ရှိ နေသည့် ဟာကွက်များကို ဖြည့်စွက်ရန် သို့မဟုတ် အရေးကြီးသော ကိစ္စရပ်များ၌ အများပြည်သူတို့ ကိုယ်တိုင် ပါဝင် ဆုံးဖြတ်ခွင့်ရရှိရန် ချမှတ် လုပ်ဆောင်ထားသည့် အစီအစဉ်များ ရှိကြသည်။
ယင်းအနက် အရေးကြီးဆုံးတစ်ခုက ပြည်သူတို့ စတင်သည့် အဆို ပြုချက်များပေါ်တွင် လူထုတစ်ရပ်လုံး ဆန္ဒမဲပေး ရွေးချယ် ဆုံးဖြတ်သည့် စနစ်ဖြစ်သည်။
citizens' initiative; popular initiative; citizen initiated referendum စသဖြင့် ခေါ်ဝေါ်ကြသည့် ၎င်းစနစ်၌ လူထုအနေနှင့် လွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် ဥပဒေတစ်ရပ်ကို ပြင်ဆင်/ဖျက်သိမ်း လိုလျှင်ဖြစ်စေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြင်ဆင်ချက်တစ်ရပ်ရပ် ထည့်သွင်းစေလိုလျှင်ဖြစ်စေ၊ သတ်မှတ်ထားသော အရေအတွက် (ဥပမာ၊ငါးသောင်း၊ တစ်သိန်း စသဖြင့်) ရှိသည့် မဲဆန္ဒရှင်တို့ လက်မှတ်ရေးထိုး တင်သွင်းလျှင်၊ ၎င်းဥပဒေ သို့မဟုတ် ဖွဲ့စည်းပုံ ပြင်ဆင်ချက်ကို လက်ခံမခံ လူထုဆန္ဒခံယူပွဲ (referendum) ကျင်းပ၍ ဆုံးဖြတ်ပေးရသည်။ တိုက်ရိုက် ဒီမိုကရေစီကို ရာစုနှစ်များစွာ တည်ဆောက် ကျင့်သုံးလာခဲ့သည့် ဆွစ်ဇာလန်နိုင်ငံ၌ ပြီးခဲ့သည့် နှစ် ၁၂ဝ အတွင်း လူထုတောင်းဆိုမှုကြောင့် ကျင်းပပေးရသည့် ဆန္ဒခံယူပွဲပေါင်း ၂၄၀ မျှ ရှိခဲ့သည်ဟု ဆိုသည်။
လူထုအနေနှင့် လွှတ်တော်များက ပြဋ္ဌာန်းသည့် ဥပဒေများအတွက် သာမဟုတ်၊ အစိုးရပိုင်းက ချမှတ် အကောင်အထည် ဖော်နေသည့် ကိစ္စရပ်များ၊ သို့မဟုတ် အများအတွက် ပြဿနာဖြစ်လာသည့် ကိစ္စကြီးများ တွင်လည်း အလားတူ လက်မှတ်များ စုစည်းကာ မိမိတို့ဆန္ဒကိုတင်ပြခြင်းဖြင့် အာဏာမဏ္ဍိုင်တို့ ၎င်းကိစ္စကို အရေးတယူပြု စဉ်းစားကာ လိုအပ်သလို ပြုပြင် ဆောင်ရွက်လာအောင် တိုက်တွန်းခြင်း ဖိအားပေးခြင်း များလည်း ပြုလုပ်နိုင်ပေသည်။
တစ်ဖန်
လူထုဆန္ဒခံယူပွဲ (referendum) များကို လူထုက စတင်သည့် အဆိုပြုချက်များအတွက် ကျင်းပသကဲ့သို့၊ လွှတ်တော်များ အစိုးရများက စတင်၍လည်း မိမိတို့ ရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်များ၊ အခြေခံဥပဒေ ပြင်ဆင်ချက်များ၊ အရေးကြီးသော ဥပဒေသစ်များအပြင်၊ ခွဲရေးတွဲရေးကဲ့သို့ နိုင်ငံလုံးချီသော ကိစ္စရပ်များတွင်ပါ လူထု အဆုံးအဖြတ် ခံယူရန် ကျင်းပပေးခြင်းမျိုးလည်း ရှိပါသည်။

#ဆက်ရန်ရှိ

9 w - Translate

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မန်ချက်စတာလေဆိပ်ကို စီရော်နယ်ဒိုပိုင်ဆိုင်တဲ့ CR7 Private Jet ဆင်းသက်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ပျံသန်းနေစဉ် လေယာဉ်ပြတင်းမှန်ကနေ အက်ကွဲကြောင်းပေါ်ခဲ့လို့ အရေးပေါ်ဆင်းသက်ခဲ့တာဖြစ်ပြီး လေယာဉ်ပြုပြင်လို့ပြီးတဲ့အထိ မန်ချက်လေဆိပ်မှာ ဆက်လက်ဆိုက်ကပ်နေမှာဖြစ်ပါတယ်။ 🔴🛬
[TheSun]

image

Part-4
*“ရှားရှားပါးပါး ဒေါသ”

ကျွန်တော် ရဟန်းဝါ (၁၈-ဝါ)ရပြီဆိုတော့ ကျွန်တော့်ထက် အသက်ကြီးတဲ့ ဆရာနိုးတို့က အသက်(၉၀)တွင်း ချင်းနင်းဝင်ရောက်လာကြပြီ။ အသက်ကြီးပြီ ဆိုတော့ ခန္ဓာကိုယ်ကြီးက ကားအိုကြီးလို ဟိုကပျက် ဒီကပျက်နဲ့ ပျက်စီးစပြုပြီ။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်ကတော့ ကားအိုကြီး မရွေ့နိုင်တော့သလို ဆရာနိုးလည်း အိပ်ရာပေါ်မှာ လှဲနေရပြီ။
ဆရာနိုး အိပ်ရာပေါ်က မထနိုင်တော့ဘူးလို့ သတင်းကြားတာနဲ့ ဦးဇင်းကြီး လည်း အိမ်က ဒကာမကြီးရယ်၊ သမီး မီမီအေးရယ် စားသောက်ဖြစ်မယ့် အင်ရှူးဝါး နဲ့ မုန် ့တို့ကိုယူပြီး သွားခဲ့ကြတယ်။
ဦးဇင်းကြီးတို့ ဆရာနိုးတို့တိုက်ခန်းကို (၈)နာရီခွဲရောက်အောင်သွားခဲ့ကြ တယ်။ အကြောင်းကတော့ မီးက (၉)နာရီပိတ်မှာ၊ မီးပိတ်ရင် ဓာတ်လှေကားက တက်လို့မရတော့ဘူး။ ဓာတ်လှေကားအမီ (၈)နာရီခွဲရောက်အောင် သွားခဲ့တယ်။ ဦးဇင်းကြီးတို့ရောက်တော့ ဆရာနိုးက အိပ်တုန်း။ မလေးနွယ်က ပြောတယ် သူက (၁၁)နာရီလောက်မှနိုးတယ်၊ သူနိုးတော့မှ ရေမိုးချိုး၊ အဝတ်အစားလဲ၊ တိုက်စရာ ဆေး၊ ကျွေးစရာအစာတို့ကို တိုက်ရကျွေးရတယ်တဲ့။
ဦးဇင်းကြီးတို့ကလည်း ကျောင်းကို ဆွမ်းစားအမီ ပြန်ကြွရမှာဆိုတော့ အဲဒီ အချိန်ထိအောင် စောင့်နေလို့တော့ မရဘူး။ ပြီးတော့ ရောက်တဲ့အခိုက် “ဗောဇ္ဈင် သုတ်” ပရိတ်တော်လေးလည်း ရွတ်ပေးခဲ့ချင်တယ်ဆိုလို့ မလေးနွယ်က တစ်ဖက် လှည့်အိပ်နေတဲ့ ဆရာနိုးမျက်နှာကို ဦးဇင်းကြီးတို့ဘက် လှည့်စောင်းပေးတယ်။ ဦးဇင်းကြီးလည်း ဆရာနိုးအနားသွားပြီး “ဗောဇ္ဈင်သုတ်”ပရိတ်တော် ရွတ်ပေး မယ်လို့ ဆရာ့အားပြောပြီး ရွတ်ပေးခဲ့ပါတယ်။
“ဗောဇ္ဈင်သုတ်”အချပိုဒ်မှာ “သောတ္ထိတေ ဟောတု သဗ္ဗဒါ”ဆိုတဲ့ ဆုတောင်း ဂါထာလေးပါတယ်။ အဲဒီ “တေ”ဆိုတဲ့နေရာမှာ “ကျောက်ဆောက်သာနိုး”လို့ ထည့်ရွတ်ပေးလိုက်တယ်။ သဘောကတော့ “သောတ္ထိ ကျောက်ဆောက်သာနိုး ဟောတု သဗ္ဗဒါ”လို့ ရွတ်ပေးလိုက်တော့ အိပ်ပြီးမှိန်းနေတဲ့မျက်နှာက ပြုံးပြီး မျက်စိ ပွင့်လာတယ်။ စကားတွေလည်း သမီး မီမီအေးနဲ့ ပြောကြတယ်။ သမီး ပြန်ပြောပြ တာကတော့ သူ ကြည်နူးဝမ်းသာပီတိ ဖြစ်မိတယ်တဲ့။
ဦးဇင်းကြီးတို့လည်း မလေးနွယ် ရှယ်လုပ်ထားတဲ့ ဘူးသီးကြော်နဲ့ အချဉ်ရေ ကို အားပေးပြီး ပြန်လာခဲ့ကြပါတယ်။
နောက်တစ်လလောက်အကြာ ဝါဆိုလပြည့်နေ့ ည(၈)နာရီလောက်မှာ မီမီအေးက မျက်နှာညှိုးငယ်စွာနဲ့ သတင်းလာပြောတယ်။ ဆရာနိုး မရှိတော့ဘူးတဲ့။

#ဆက်ရန်ရှိ