Looks yummy.
ငါးရခိုင်ချက်
ငါးကိုသန့်စင် ဆားဆနွမ်းအရသာနယ်ထား
ဂျင်းကြက်သွန်ဖြူနီဆီသတ်. ငြုတ်သီးစိမ်းနဲနဲကြိတ်ထား. ဆီသတ်တဲ့ ထဲငါးထည့်မွှေ ရခိုင်ငပိနဲနဲထည့်. ကြုပ်သီးကြိတ်ထားတာ ထည့်. ရေအနည်းငယိ.မန်ကျီးရည်အနဲငယ်ထည့်.
ဆီပြန်လာရင်ရဘီ
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Looks yummy.
ငါးရခိုင်ချက်
ငါးကိုသန့်စင် ဆားဆနွမ်းအရသာနယ်ထား
ဂျင်းကြက်သွန်ဖြူနီဆီသတ်. ငြုတ်သီးစိမ်းနဲနဲကြိတ်ထား. ဆီသတ်တဲ့ ထဲငါးထည့်မွှေ ရခိုင်ငပိနဲနဲထည့်. ကြုပ်သီးကြိတ်ထားတာ ထည့်. ရေအနည်းငယိ.မန်ကျီးရည်အနဲငယ်ထည့်.
ဆီပြန်လာရင်ရဘီ
ကိုယ့်မှာ ပြောင်းလဲချင်တဲ့ အရာတွေ အများကြီးရှိတယ်။ ဒါပေ့မယ် ပြောင်းလဲဖို့ ကြိုးစားရမှာ ပျင်းနေတယ်ဆိုတာ တကယ်မပြောင်းလဲ ချင်သေးလို့ပါတဲ့။ တကယ့်ကို mind blowing ဖြစ်သွားစေတဲ့ စကားလုံးပဲ။ ကျွန်မတို့ရဲ့ life မှာ ငါ ဒါလေးတော့ ပြင်လိုက်ရင် ဒီထက်ပို အဆင်ပြေသွားမယ် ဆိုတဲ့ အရာတွေ လူတိုင်းမှာ ရှိတယ်။ တစ်ချို့ဆို ငါweight ချတာကို သေချာလုပ်လိုက်မယ်။ အဲ့ဒါဆို ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိသွားမယ်။ နောက်တစ်ခုဆိုရင် ငါ ဒါလေး လေ့လာလိုက်ရင် ဒီထက်ပိုတဲ့ အခွင့်အလမ်းတွေ ရှိလာနိုင်တယ်။ နောက်တစ်မျိုးက ငါရဲ့ ပုံစံလေးကို ပြင်လိုက်မယ်။ ဒါဆို ငါ လူတွေနဲ့ ဆက်ဆံတဲ့ အခါ အဆင်ပြေသွားမယ်။ စသဖြင့် ကျွန်မတို့တွေမှာ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့ ကိုယ့်ကိုကိုယ် ပြုပြင်ချင်တဲ့ အရာလေးတွေရှိတယ်။
ဒါပေ့မယ် အဲ့ဒါတွေကို လုပ်ရမှာ ပျင်းလို့ ပြီးတော့ ပင်ပန်းလို့၊ မအားလို့ စတဲ့ ဆင်ခြေတွေနဲ့ ဒီအတိုင်းထားလိုက်ကြတယ်။ တကယ်တော့ အဲ့ဒါကိုသေချာပြန်တွေးကြည့်မယ်ဆိုရင် တကယ် မပြောင်းလဲချင်သေးလို့ ဖြစ်နေတာပါ။ ကိုယ်သာ တကယ် အပင်ပန်းခံလိုက်ရင် ကိုယ်ရမယ့် ရလဒ်တွေက ဒီထက်ပိုလာမယ်။ ကိုယ်ပိုပြီး အဆင်ပြေလာမယ်ဆိုတာ သိသိလျှက်နဲ့ မပြင်သေးတာ တကယ်မပြောင်းလဲချင်သေးလို့ပါ။ ဘာဖြစ်လို့တကယ်မပြောင်းလဲချင်ရတာလဲဆိုတာကို စဉ်းစားကြည့်ရင် ကြောက်စိတ်တွေကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ဘယ်လိုကြောက်စိတ်မျိုးလဲဆိုတော့ comfort zone ကနေ ထွက်ရမှာ မို့လို့ကြောက်စိတ်ဖြစ်တာပါ။ ကိုယ်နေမြဲအတိုင်း နေတာက ကိုယ့်ကိုသက်တောင့်သက်သာ ဖြစ်စေတာမို့ အဲ့ဒီထဲကနေ ထွက်ပြီဆိုရင် ကိုယ့်အတွက် မရေရာမှုတွေ၊ မသေချာမှုတွေ ပြီးတော့ ပင်ပန်းတာတွေ စတဲ့အရာတွေကြုံရမှာ အသေအချာပဲ မို့လို့ပါ။
ဒါကြောင့်မို့လို့ ကိုယ့်ကိုကိုယ် ပြောင်းလဲချင်တယ်။ သူများနဲ့မတူတဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ ကြောက်စိတ်တွေက ဘာတွေလဲဆိုတာ သိအောင်လုပ်ရမယ်။ ပြီးရင် ကိုယ်ဘာကြောင့်ပြောင်းလဲဖို့ ကြိုးစားသင့်တာလဲဆိုတဲ့ အကြောင်းပြချက်ကို သေချာခိုင်ခိုင်လုံလုံ ချထားသင့်ပါတယ်။ ပြီးရင် ကိုယ်အတွက် ဒီပြောင်းလဲမှု တစ်ခုကို လုပ်လိုက်တာနဲ့ ရရှိမယ့် ရလဒ်တွေက ဘာတွေလဲ ဆိုတာကိုပဲ အာရုံစိုက်ထားရမယ်။ ပြီးရင် ကိုယ့်ရဲ့ပြောင်းလဲမှုကို အားပေးတဲ့ ပတ်ဝန်းကျင်မှာလဲ နေဖို့လဲ လိုအပ်တယ်။ ကိုယ့်ရဲ့ ပြောင်းလဲနိုင်တဲ့ စွမ်းရည်ကို ယုံကြည်ပြီး ကိုယ်ကိုကိုယ် မယုံကြည်မှုတွေကို ဖယ်ရှားပစ်မှ သာ ပျင်းတဲ့စိတ်တွေ ကို အနိုင်ယူနိုင်မှာပဲ ဖြစ်ပါတယ်။
“𝖶𝗂𝗍𝗁 𝖯𝗈𝗌𝗂𝗍𝗂𝗏𝗂𝗍𝗒, 𝖲𝖺𝗇𝖽𝗋𝖺 : Oct 09, 2024”
#sandravibes #virtualknowledgecorner #crd