"ကျနော့်အဖေက ကာစီနိုရုံအစောင့်ပါ၊ လုံခြုံရေးပေါ့ဗျာ၊ အမေက သားငါးစျေးတခုမှာ အဝတ်အစားနဲ့ အရုပ်တွေရောင်းတယ်၊ သေတ္တာကြီးတွေနဲ့ ပြည့်နေတဲ့ သူ့ စျေးတွန်းလှည်းကြီးကို လမ်းပေါ်တွန်းတိုင်းမှာ လှည်းဘီးသံတွေကို အခုထိ ကျနော် ပြန်ကြားနေရသလိုဖြစ်နေတုန်းပဲ၊ အဲဒါက The Hulk ကြီးပဲ လုပ်နိုင်မယ့် အရာမျိုးဗျ၊ သနားစရာကောင်းတဲ့ ကျနော့်အမေ့က နေ့တိုင်းလုပ်ခဲ့ရတာပါ၊ ကျနော့်အတွက်တော့ သူရဲကောင်းပဲ၊ နေပူပူ၊ မိုးရွာရွာ ဒီလှည်းနဲ့ သူက စျေးထဲသွားတာပဲ"
"တခါတလေကျ အမေနဲ့လိုက်သွားပြီး သေတ္တာတွေပေါ်ထိုင်ပြီး ဖြတ်သွားတဲ့ ကားတွေကို ငေးကြည့်မိတယ်၊ အမေ စွန့်လွှတ်အနစ်နာခံနေရပါလားဆိုတာကို မမြင်ခဲ့ဘူး၊ အဆိုးဆုံးကတော့ ရှည်လျားတဲ့ နေ့တရက်တာအဆုံးမှာ အဝတ်တွေကို ပြန်ခေါက်၊ သေတ္တာထဲ ပြန်ထည့်၊ အဲဒီ သောက်လှည်းကြီးကို တွန်းပြီး အိမ်ပြန်ရတာပဲ၊ ပြီးရင် ညစာချက်တယ်၊ ညစ်ပတ်နေတဲ့ ကျနော့်ခြေအိတ်တွေကို လျှော်ပေးတယ်၊ ခင်ဗျားစဉ်းစားကြည့်ပေါ့ဗျာ၊ ကျနော့်အမေအကြောင်းပါ၊ ကျနော့်ရဲ့ သူရဲကောင်းပဲ"
-ဗယ်လ်ဗာဒီ
