7 w - Translate

စာပြန်နောက်တာကြလေးရှိရင်ခွင့်လွတ်နော်
ညဆိုင်းမလိို ပြန်အိပ်လိုက်ဦးမယ်
ဘာ ပစ္စည်းလိုလို ဟဲလိုလိုက်ပါဗျ 😁

image
7 w - Translate

နင်အဲ့တာကြောင့်ဘဲမရတာ🙂

image
7 w - Translate

အလုပ်မလုပ်ချင်တော့ဘူး အလေပဲလိုက်ချင်တော့တယ်

image
7 w - Translate

မင်း တခြားအမျိုးသမီးတစ်ယောက်ကို ကြည့်နေချိန်
တခြားတစ်ယောက်က မင်းရဲ့အမျိုးသမီးကို သဘောကျနေတတ်ပါတယ်..။
(ကိုယ့်မှာရှိတဲ့အရာကို တန်ဖိုးထားတတ်အောင် သင်ယူပါ။)

image
7 w - Translate

ထွက်ပြေးသွားတဲ့
ချစ်သူနောက် မလိုက်တော့ပါဘူး
သူထားသွားတဲ့ နေရာမှာပဲ
ရပ်နေလိုက်တယ်

ကမ္ဘာကြီးက လည်နေတာပဲ
တနေ့ ဒီနေရာကို
သူ ပြန်ရောက်လာမှာပါ ။

-တာရာမင်းဝေ
https://t.me/universe117

image
7 w - Translate

အချစ်ဆိုတာကိုလဲ သွားမယုံစားနဲ့

ဗီဇ ပျောက်မယ်ထင်ပြီးတော့လဲ သွားပြီး မပြုပြင်ပေးမိစေနဲ့

ဒါဆို စိတ်ချမ်းသာပြီ 100%

image
7 w - Translate

ငါ့အမေနာမည် မအေးနော် အေး မပြောသေးဘူး😒🫸
#kuukuu

image
7 w - Translate

" မျက်နှာလွှဲနေလိုက်ပါ.... "

တစ်ချို့လူတွေက
လိမ်နေတယ်...
လိမ်နေမှန်းလဲ သိနေတယ်
သိနေပါရက်နဲ့
မသိချင်ယောင်ဆောင်
ပေးလိုက်တယ်။

တစ်ချို့လူတွေက
အကျင့်ယုတ်ကြတယ်...
အကျင့်ယုတ်မှန်းလဲသိနေတယ်
သိနေပါရက်နဲ့
မျက်နှာပျက်မရလို့
သည်းခံနေပေးလိုက်တယ်။

တစ်ချို့လူတွေက
လေများတယ်
လေများမှန်းလဲ သိနေတယ်
သိနေပါရက်နဲ့
မကောင်းတတ်လို့
မျက်စိတစ်ဖတ်ပိတ်ပြီး
နေပေးလိုက်တယ်။

တစ်ချို့လူတွေက
သိပ်အပြောကောင်းတယ်.
မဟုတ်မှန်းလဲ သိနေတယ်
သိနေပါရက်နဲ့
နားထောင်ကောင်းကောင်းနဲ့
ကျိတ်ပြီး ယုံပေးလိုက်တယ်။

တစ်ချို့လူတွေက
ဟန်ဆောင်ကောင်းတယ်.
ဟန်ဆောင်နေမှန်းလဲသိနေတယ်
သိနေပါရက်နဲ့
ကိုယ်ပါမသိချင်ယောင်
ဆောင်ကာဟန်ဆောင်ပြီး
နေပေးလိုက်တယ်။

လူ့လောကကြီးဟာ
အရမ်းကို
ရှုပ်ထွေးလွန်း ပါတယ် ။

သိနေပေမယ့်လည်း .
မသိလိုက်တာက
ပိုကောင်းတာမို့

မြင်နေပေမယ့်လည်း ...
မမြင်ချင်ယောင်
ဆောင်လိုက်ရတာက
ပိုပြီးအေးချမ်းပါတယ်။

- အဖြေ မထွက်တဲ့
အရာတစ်ခုကို
" တောက် "
တစ်ခေါက်ခေါက်နဲ့
တွေးမိတိုင်း တနုံနုံနဲ့ ထိုင်ပြီး
ဒေါသထွက်နေလို့လည်း
ဘာမှ မထူးလာတာတွေ
ရှိတတ်ပါတယ် ။

_ ကိုယ်ပြုပြင်လို့
မရမယ့်အတူတူ
တစ်ခါတစ်လေမှာ
မျက်နှာလေးလွှဲပြီး
နေလိုက်တာက
ပိုပြီး ကောင်းပါတယ်။

#credit

image
7 w - Translate

လောကကြီးကို အကောင်းအတိုင်းပဲ မြင်ချင်တယ် ။
မနက်ဖြန်မှာ ပန်းတွေပိုပွင့်စေချင်တယ်
ချစ်ရတဲ့သူကို ချစ်ရတဲ့အကြောင်းတွေ
တယုတယ ပြောပြချင်တယ် ။
ပြီးတော့ နွေးထွေးစေချင်တယ် ။💙

ခက်နှောင်

image
7 w - Translate

ပေးဖူးသမျှကတိတွေထဲမှာ မုန့်ဝယ်ကျွေးမယ်ပြောပြီး
မတည်တဲ့ကတိတွေကို အမု"န်းဆုံးပဲ 🤌🥹

image