Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အသက်အရွယ် ရလာတဲ့အခါမှာ
လွတ်လပ်ပေါ့ပါးတာကို ပိုကြိုက်လာတယ် ။
နေထိုင်မှုကိုလည်း ပိုလွတ်လပ်စေချင်လာတယ် ။
ရှင်သန်မှုကိုလည်း ပိုလွတ်လပ်စေချင်လာတယ် ။
ခန္ဓာကိုယ်ပေါ်မှာလည်း
ဘာနာမည်ကြီးတံဆိပ်မှလည်း မရှိစေချင်တော့ဘူး ။
နှုတ်ခမ်းဖျားပေါ်မှာလည်း
ဘာဂုဏ်ဖော်ကြွားဝါခြင်းမှလည်း မရှိစေချင်တော့ဘူး ။
ရှင်သန်ခြင်းပေါ်မှာလည်း ဘာတိုင်းတာမှု
ချုပ်တည်းနေထိုင်မှု မပေါ့ပါးခြင်းလည်း မရှိတော့ဘူး ။
ဝတ်ဆင်လို့ရတယ်ဆိုတဲ့ အနေအထားမှာပဲ
လွတ်လပ်စွာ ဝတ်မယ် ။
ပေါ့ပါးတယ်လို့ထင်တဲ့ အနေအထားမှာပဲ
လွတ်လပ်စွာရှင်သန်မယ် ။
ပျော်ရွှင်မှုနောက် လိုက်မယ် ။
စိတ်ပေါ့ပါးလန်းဆန်းတဲ့နောက် လိုက်မယ် ။
ပြီးတော့ မလိုလောဘကို ရှောင်တတ်လာတယ် ။
ပြိုင်ဆိုင် ဂုဏ်ယူစိတ်တွေကို ဖယ်ရှောင်တတ်လာတယ် ။ ဒါနဲ့ပဲ လေးလံတဲ့ အထုပ်အပိုးတွေကို လွှတ်ချပြီး လွတ်လပ်တဲ့ဘဝမျိုး ဖြတ်သန်းတတ်လာတယ် ။
#ဦးချေ #happymindhappylife
"ကျနော့်အဖေက ကာစီနိုရုံအစောင့်ပါ၊ လုံခြုံရေးပေါ့ဗျာ၊ အမေက သားငါးစျေးတခုမှာ အဝတ်အစားနဲ့ အရုပ်တွေရောင်းတယ်၊ သေတ္တာကြီးတွေနဲ့ ပြည့်နေတဲ့ သူ့ စျေးတွန်းလှည်းကြီးကို လမ်းပေါ်တွန်းတိုင်းမှာ လှည်းဘီးသံတွေကို အခုထိ ကျနော် ပြန်ကြားနေရသလိုဖြစ်နေတုန်းပဲ၊ အဲဒါက The Hulk ကြီးပဲ လုပ်နိုင်မယ့် အရာမျိုးဗျ၊ သနားစရာကောင်းတဲ့ ကျနော့်အမေ့က နေ့တိုင်းလုပ်ခဲ့ရတာပါ၊ ကျနော့်အတွက်တော့ သူရဲကောင်းပဲ၊ နေပူပူ၊ မိုးရွာရွာ ဒီလှည်းနဲ့ သူက စျေးထဲသွားတာပဲ"
"တခါတလေကျ အမေနဲ့လိုက်သွားပြီး သေတ္တာတွေပေါ်ထိုင်ပြီး ဖြတ်သွားတဲ့ ကားတွေကို ငေးကြည့်မိတယ်၊ အမေ စွန့်လွှတ်အနစ်နာခံနေရပါလားဆိုတာကို မမြင်ခဲ့ဘူး၊ အဆိုးဆုံးကတော့ ရှည်လျားတဲ့ နေ့တရက်တာအဆုံးမှာ အဝတ်တွေကို ပြန်ခေါက်၊ သေတ္တာထဲ ပြန်ထည့်၊ အဲဒီ သောက်လှည်းကြီးကို တွန်းပြီး အိမ်ပြန်ရတာပဲ၊ ပြီးရင် ညစာချက်တယ်၊ ညစ်ပတ်နေတဲ့ ကျနော့်ခြေအိတ်တွေကို လျှော်ပေးတယ်၊ ခင်ဗျားစဉ်းစားကြည့်ပေါ့ဗျာ၊ ကျနော့်အမေအကြောင်းပါ၊ ကျနော့်ရဲ့ သူရဲကောင်းပဲ"
-ဗယ်လ်ဗာဒီ
အက်သလက်တီကိုမက်ဒရစ်တို့ကတော့ ချန်ပီယံလိဂ်16သင်းအဆင့်မှာတင် ကံစမ်းမဲကြီးပေါက်သွားခဲ့ပါပြီ။
ယခုရာသီမှာ တီကိုတို့ခြေစွမ်းကောင်းတွေပြသနေကာ ဖလားလေးဘာလေး၊ရမလားမျှော်လင့်ခဲ့ကြသေးပေမယ့် စောစောစီးစီး ရီးရဲလ်တို့နဲ့မှတွေ့တာဖြစ်တာကြောင့် ကံဆိုးမသွားရာမိုးလိုက်လို့ရွာဖြစ်သွားခဲ့ပါပြီ။
ရီးရဲလ်တို့ဟာ အက်သလက်တီကိုတို့ကို ချန်ပီယံလိဂ်မှာတွေ့တိူင်းအနိုင်ပိုင်းထားတဲ့ မှတ်တမ်းကောင်းကြီးရှိလို့နေပြီး၊ ကံကောင်းတဲ့ကျား သွားရင်းသမင်တွေ့ ဆိုသလိုမျိုးကို ဖြစ်သွားခဲ့တာပါ။
အက်သလက်တီကိုမက်ဒရစ်ရဲ့ official page ကြီးကိုယ်တိုင်ကကို "Shit! ငါတို့ထပ်တွေ့ပြန်ပြီကွာ" ဆိုပြီး စိတ်ပျက်လက်ပျက်ငြီးပြထားတာဖြစ်လို့ ဆီမြွန်နီတို့အနေနဲ့ စောစောစီးစီးအထုတ်ထမ်းကာ လာလီဂါကိုပဲအာရုံစိုက်ရဖို့ ရှိပါတယ်။
မိမိကိုယ်ကိုယုံကြည်မှုရှိခြင်းဆိုတာ မိမိကိုယ်ကို တန်ဖိုးထားတတ်ခြင်း (Self-worth) ကနေလာတယ်။ တစ်ခုခုလုပ်မယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ I can I Shall I will ဆိုတဲ့အသံတွေ ကျယ်ကျယ်လောင်လောင်ကြားနေတာမျိုးပါ။
မိမိကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဟာ လူအများလျှောက်တဲ့လမ်းကို ရွေးဖို့ထက် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မှန်တယ်ထင်ရင် ရွေးချယ်ရဲ၊ လုပ်ရဲတယ်။ ယုံကြည်မှုရှိခြင်းဟာ စိတ်စွမ်းအားတစ်မျိုးပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းဟာ ဘယ်နေရာကမှ ထွက်လာတာမဟုတ်ဘူး။ အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ရင်းကနေ ရလာတာပဲ။
မိမိကိုယ်ကို ယုံကြည်မှုနည်းပါးခြင်းရဲ့ အကြောင်းရင်းများစွာထဲက တချို့ကတော့ ငယ်ရွယ်စဉ်ကလေးဘ၀တုန်းက မိဘ၊ ဆရာတွေ၊ တခြားသူတွေထံက အလွန်အမင်း ပြစ်တင်ဝေဖန်ခံရတာ၊ တချို့ ပညာရေးနိမ့်ပါးတာ၊ ဘ၀မှာ ငွေကြေးကျပ်တည်းတာ၊ စိတ်ဖိစီးမှုများတာ၊ ချစ်သူနဲ့ အိမ်ထောင်ရေးပျက်ပြားတာ စတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းမရှိခြင်းက လုပ်ငန်းခွင်၊ ကိုယ်ပိုင်ဘဝ၊ ဆက်ဆံရေးအိပ်မက်တွေအပါအဝင် မိမိရဲ့ ဘဝ အစိတ်အပိုင်းများစွာကို အကျိုးသက်ရောက်မှုရှိစေနိုင်ပါတယ်။
တိုးတက်ပြောင်းလဲသူတစ်ယောက်ဖြစ်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ ယုံကြည်မှုရှိအောင် တည်ဆောက်ပါ။ မိမိရဲ့လုပ်နိုင်စွမ်း၊ စွမ်းဆောင်ရည်ကို ယုံကြည်ပြီး လုပ်စရာရှိတာလုပ်ပါ။ ယုံကြည်မှု ရလာပါလိမ့်မယ်။
လှလွန်းလို့ အသားတွေပါ တဆတ်ဆတ်တုန်တဲ့
ခင်လေးဆတ်ဆတ်တုန်လေးပါ...🥹💜💐
ခွာပြာလို့လည်း ခေါ်ကြပါတယ် 🩷
#flowers