ဇန်နဝါရီ ၂၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ
ယနေ့စျေးသည် 28.2.2025 ထိ မပြောင်းပါ
#centralnewsnaypyitaw

Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဇန်နဝါရီ ၂၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ
ယနေ့စျေးသည် 28.2.2025 ထိ မပြောင်းပါ
#centralnewsnaypyitaw
ဇန်နဝါရီ ၂၃ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ
ယနေ့စျေးသည် 28.2.2025ထိ မပြောင်းပါ
#သတင်းဟင်းလေးအိုးကြီး
အကယ်ဒမီခြူးလေး ဆိုပြီးဖြစ်လာဖို့အတွက်နဲ့ အနုပညာသက်တမ်းတလျှောက် MRTV 4 ( Forever Group) မှာ အအောင်မြင်ဆုံးဇာတ်လမ်းတွဲ မင်းသမီးအဖြစ် မှတ်တိုင်ထူနိင်ခဲ့တဲ့ ဇာတ်လမ်းတွဲများ 🏆🏆🏆
👇👇👇👇👇
ထာဝရမန္တလေး ( 2014)
လူရည်ချွန် ( 2016 )
ပို၍လှသောမနက်ဖြန် ( 2016 )
ပဉ္စလက်ရွှာ ( 2017 )
ရသ မော်ကွန်း အလက်ာ ( 2018)
ရွှေဖူးစာဆုံရာမြေ ( 2018 )
နွေလယ်ညရဲ့ လမင်း ( 2019 )
ချစ်ရပါသောနွေ ( 2019 )
သရဖူ ( 2022 )
ပန်းနုသွေး ( 2013 - 2015 )
သူမရဲ့ ဆယ်စုနှစ်အတွင်း ထိပ်တန်းဝါရင့်သရုပ်ဆောင်များစွာ နဲ့ သရုပ်ဆောင်ခဲ့ရသလို MRTV ရဲ့ ထုတ်လွင့်ပြသတဲ့နှစ်မှစပြီး တစ်နှစ် ဇာတ်လမ်းတွဲတစ်ခုရိုက်ခဲ့ရတဲ့ မင်းသမီးလည်းဖြစ်ခဲ့ပါတယ်
သူမပါဝင်တဲ့ဇာတ်လမ်းတွဲတိုင်းလည်း အောင်မြင်ခဲ့ပါတယ်
ပထမဆုံး ရိုက်ခဲ့တဲ့ ထာဝရမန္တလေး ကနေပြီး နောက်ဆုံး သရဖူ ဇာတ်လမ်းတွဲထိအောင်မြင်ခဲ့ပါတယ်
Characters တစ်ခုချင်းစီတိုင်းမှာ
Drama ဆို Drama ပိုင်သလို
ဗီလိန်ဆိုရင်လည်း ဗီလိန် ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်
ဒါဟာသူမရဲ့ သရုပ်ဆောင်စွမ်းရည်ပဲဖြစ်ပါတယ်
ခြူးလေး အနေနဲ့လည်း ပိုအောင်မြင်လာခဲ့ပါတယ်
ဒီဆယ်စုနှစ်အတွင်း သူမ ဒီအောင်မြင်မူကိုလွယ်လွယ်ရခဲ့တာမဟုတ်ခဲ့သလို တစ်ခုချင်းစီ ဖြည်းဖြည်းချင်းနဲ့ ဒီအောင်မြင်မူကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်
တစ်ချိန်က ဇာတ်လမ်းတွဲမင်းသမီးအနေနဲ့ အောင်မြင်ခဲ့သလို
အခုချိန်မှာဆိုရင်လဲ ရုပ်ရှင်အကယ်ဒမီမင်းသမီးဆိုပြီး သူမရဲ့မှတ်တိုင်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်နော် ။
သူမရဲ့ ပရိတ်သတ်တွေရှိကြလား ❤
#chuelay #ခြူးလေး
#winnercelebritynews
ဂျင်းစိုက်ပျိုးနည်း
စိုက်မဲ့ဂျင်းတက်များသည် တစ်လက်မခွဲနှစ်လက်မအရွယ်၊ အလေးချိန် (3) ကျပ်သား ရှိရမည်။ အောက်ဆုံးချင်းတက်များသည် ပို၍ရင့်သဖြင့် မျိုးထားရန် အကောင်းဆုံးဖြစ်သည်။
#စိုက်ရမည့်အချိန်
မတ် အေပြီလတွင် ထွန်ရေးစပြီး တစ်ထပ် နှစ်ထပ် မြေလှန်ထားပါ။ မေလ မြေလည်းစို မိုးလည်းကျမှ သုံးသွား
ထွန် တစ်စပ်ထိုးပါ။ ဇွန်လမှာ ငါးသွားထွန်တစ်စပ်ထိုးပါ။ စိုက်ဘောင်လုပ်ပါ။ မြေကြီးထဲမှာ အတက်ပွားရမှာမို့ အပေါ်ယံ မြေလွှာ (12) လက်မခန့် ထူပွရွရပါမည်။ရေသွင်း ထုတ်မြောင်းများထားပါ။ ပေါင်းမြက်များရှင်းလင်းပြီး စိုက်လို့ရပါပြီ။
#စိုက်နည်း
မြေထဲသို့ တလက်မခွဲ နှစ်လက်မမြုပ်ပါ။ စိုက်တန်းတခုနှင့်တခု (1လက်မခွာပါ။ တပင်နှင့်တပင် (1လက်မခြားပြီး သုံးပွင့်ဆိုင်စိုက်ပါ။ အစိုဓာတ်ထိမ်းအောင် ကောက်ရိုးဖုံးပါ။ ရေလိုအပ်ပါက မိုးအကုန် အောက်တိုဘာ၊ နိုဝင်ဘာလတွေမှာ ရေသွင်းပေးပါ။ မလိုလျှင်မသွင်းရ။သဘာဝမြေဆွေး မြေသြဇာထည့်ပါ။ ကွန်ပေါင်းမြေသြဇာထည့်လည်းရပါတယ်။
#ဂျင်းမျိုးကိုတိုက်ရိုက်ဖဲ့ပြီးစိုက်ပျိုးခြင်း
ဂျင်းကို တိုက်ရိုက်စိုက်ပျိုးမည်ဆိုပါက မျက်စေ့(၁)စေ့မှ(၂)စေ့ ပါဝင်ပြီး (၂)ကျပ်သားခန့်ရှိ ဂျင်းတက်ကို တိုက်ရိုက်မြေချ စိုက်ပျိုး နိုင်ပါသည်။ ၎င်းအပြင် ဂျင်းတက်မှ မျက်စေ့ပါသော ဂျင်းတက်ဖုကို လက်ဖြင့်ဖဲ့၍ ဂျင်း မျက်စေ့ အား အပေါ်ဘက်ထားပြီး မြေတွင် ၁↔ခန့် တိုက်ရိုက်မြုပ်၍လည်း စိုက်ပျိုးနိုင်သည်။
ဂျင်းတက်ဖဲ့သည့် အခါ အစေးများထွက်ပြီး ၎င်းအစေးကြောင့် မှိုရောဂါဝင်ပြီး ဂျင်း ပုပ်တတ်ပါသည်။
သို့ပါ၍ ဂျင်းကို အတက်ဖဲ့ပြီး (၂)နာရီခန့် လေသလပ်ခန်ပြီး အစေးခြောက်ပါက ဘောင်စနစ်ဖြင့် လည်းကောင်း၊ဝါးပေါက်ခြင်း ဘောင်ခတ် စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။
#ဂျင်းမျိုးကိုမျိုးညှောင့်ဖောက်ပြီးစိုက်ပျိုးခြင်း
ဧပြီလတွင် မျိုးညှောင့်ဖောက်လျှင် အကောင်းဆုံးဖြစ်ပါသည်။ -အရိပ်အောက်တွင် မြေကြီးပေါ်၌ သဲပါးပါး ခင်းပါ။
-မြေဆွေး (သို့မဟုတ်) နုံးမြေပါးပါးဖြင့် ဖုံးပါ။ အစိုဓါတ်မပြတ်စေရန် လိုအပ်လျှင် ရေလောင်း ပေးပါ။ -(၁၀) ရက်ခန့်ကြာလျှင် မျက်စေ့အဖုများမှာ အစိမ်းနုရောင် သန်းသော အညှောင့်ကလေးများ ထွက် လာသည်။ ၎င်းအစိမ်းနုရောင် မျက်စေ့ဖုများ၏ ပတ်ပတ်လည် လက်မဝက်ခန့် ချန်၍ ဓါးထက်ထက်ဖြင့် လှီး ဖြတ်ပါ။
-ဂျင်းမျိုး မျက်စေ့ဖုများ ရရှိလာပါသည်။
၎င်းဂျင်းမျိုးများကိုအစေးခြောက်သွားစေရန် (၂)နာရီခန့်လေသလပ်ခံပါ။ အစေးများခြောက်သွားပါက ဘောင်စနစ်ဖြင့် လည်းကောင်း၊ ခြင်းစနစ်ဖြင့် လည်းကောင်း၊ ဝါးပေါက်ခြင်း ဘောင်ခတ်စနစ်ဖြင့် လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။
#အိတ်ဖြင့်စိုက်လျှင်မြေစာစပ်နည်း
-နုန်းမြေ (4) ဆ
-နွားချေးဆွေး (1) ဆ
-သစ်ရွက်ဆွေး (1) ဆ
-သဲကြမ်း (1)ဆ
-မီးဖိုပြာ (အနည်းငယ်)
-မဖောက်ထုံး (အနည်းငယ်)
-ငါးအမိုင်နိုအား ဖြန်းပေးနိုင်သည်။
(နုန်းမြေနုပါက သဲကြမ်း နှစ်ဆထည့်ပါ)
#ကျရောက်သောရောဂါပိုးများ
(1) ရွက်စားခူ
(2) ပျပိုးခေါင်ညွှန့်ထိုးပိုး
(3) လှေပိုး
(4) နှံကောင်
(5) ရွက်ပျောက်ရောဂါ
(6) မှိုရောဂါ
..................
#အထွက်နှုန်း
တဧက ပိသာ (200ကျော် ထွက်ရှိနိုင်ပြီး ကာလမှာ (7-8)လဖြစ်ပါသည်။ မျိုးထည့်ရမည့် နှုန်းမှာ တစ်ဧက (300-35 ပိသာဝန်းကျင် ရှိပါမည်။
#ထားသိုနည်း
ဂျင်းကိုအချို့တောင်သူများသည် (2-3)နှစ် ကြာမှဖော်ရောင်းကြပါသည်။ ပထမနှစ်ထွက်သော ဂျင်းကို နောက်နှစ် ထွက်သော အတက်မှတွယ်ကပ်နေရာ နှစ်ထပ်ဂျင်း အဖြစ်ရောင်းကြပါသည်။ ဂျင်းကို ဖော်ပြီးပြီးခြင်း အစိမ်းလိုက် ရောင်းရသည်။ ခြောက်သွေ့သွားလျှင် အလေးချိန်မလျော့ အောင် အောက်မှသဲခံပြီး အရိပ် အောက်တွင် ထားသိုနိုင်ပါသည်။
#ကြိုက်နှစ်သက်သောဒေသရာသီ
မိုးများဒေသ မြစ်ချောင်းပေါသောဒေသ သဲနုန်းမြေ၊ နုန်းမြေ၊ မြေနီသဲဝန်းမြေ ရေသွင်းရေထုတ်ကောင်းသောမြေ
#မစိုက်သင့်သောမြေ
မာကြောသောမြေ၊ မြေစီး ကျောက်တုံး ထူထပ်မြေများတွင် မစိုက်သင့်ပါ။
#အရိပ်ကြိုက်သောအပင်မျိုးဖြစ်သဖြင့် နှစ်ရှည်အပင်ကြီးများအောက်တွင် ဖြစ်စေ စင်တင်စိုက်သော အပင်များအောက်တွင် ဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။ အရိပ်ကောင်းလေ အထွက်ကောင်းလေ ဖြစ်ပါသည်။
#ဂျင်း သည် မရှိမဖြစ်အသုံးပြုသော သီးနှံဖြစ်ခြင်း။ ပြည်ပပို့ကုန်ဖြစ်ခြင်းကြောင့် စီးပွားဖြစ်စိုက်ပျိုးသင့်သော သီးနှံတစ်မျိုး ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်။
#greengarden
🌞 နွေရာသီမှာ သရက်သီး ဆားရည်စိမ်ကြမယ်။
❄️ ဆောင်းရာသီမှာ မရမ်းသီး ဆားရည်စိမ်ကြမယ်။
✅ မကြာခင်မှာ မရမ်းသီးတွေ လှိုင်လှိုင်ပေါလာတော့မှာမို့
✅ နှစ်ပေါက် မရမ်းသီး ဆားရည်စိမ်ဖို့
✅ အကောင်းဆုံးအချိန်အခါလေး ရောက်တော့မှာပါ။
မရမ်းသီး ဆားရည်စိမ်တဲ့အခါ
မရမ်းသီးတွေ အရမ်းရင့်နေရင်
အရောင်တွေ ဝါသွားမှာမို့
အရမ်း မရင့်ခင် အချိန်ကောင်းလေးမှာ
ဆားရည်စိမ်ထားရမှာပါ။
မရမ်းသီး ဆားရည်စိမ်နည်းကတော့ တင်ထားပြီးသားပါ။
သိလိုသူတွေ အတွက် ထပ်ပြီးတင်ပေးလိုက်ပါတယ်။
အချို့က ကျောက်ချဥ်ထည့်တာ ခါးတယ်ပြောပါတယ်။
ကျောက်ချဥ်က မရမ်းသီး အသားကျစ်ဖို့ ထည့်တာပါ။
တစ်ပိဿာမှ ကွမ်းသီးလုံးလေး ၂ လုံးခန့်သာထည့်ပါ
မခါးပါဘူး။
တစ်နှစ်ပတ်လုံး အသားလေး တင်းနေပါတယ်။
၂ နှစ်ကြာတဲ့ အထိတောင် ဘာမှ မဖြစ်ပါဘူး။
ဒါပေမယ့် ဆောင်းရောက်တိုင်း
တစ်နှစ်တစ်ခါ ဆားရည်စိမ်စားတာ ပိုကောင်းပါတယ်။
ကျောက်ချဥ်မပါရင်တော့
အသားပျော့အိကြီး ဖြစ်နေတတ်ပါတယ်။
နောက်တစ်ခုက
မရမ်းသီး ဆားရည်စိမ်တဲ့အခါ
အနာအဆာပါတဲ့ အသီးတွေကို ထည့်မစိမ်ပါနဲ့။
ဖယ်ရှားပေးပါ။
အနာအဆာပါတဲ့ အသီးတွေကို ထည့်စိမ်မိလည်း
နောက်ဆို လွှင့်ပစ်ရတာပါပဲ။
ဒါကြောင့်မို့
မြေပေါ် ပြုတ်မကျအောင် ခူးထားတဲ့
အနာအဆာ မပါတဲ့
ဆွတ်မရမ်းပဲ ရွေးချယ် ဝယ်ယူတာအကောင်းဆုံးပါ။
သရက်သီး ဆားရည်စိမ်တဲ့အခါလည်း
မြေပေါ် ပြုတ်မကျအောင် ခူးထားတဲ့
အနာအဆာ မပါတဲ့
ဆွတ်ထားတဲ့ သရက်သီး ပဲအကောင်းဆုံးပါ။
စ် လုပ်ထားသင့်ပါတယ်။
မိမိအိမ်မှာ မရမ်းသီး ဆားရည်စိမ်ရှိရင်
ဝက်မရမ်း, ကြက်မရမ်းစသဖြင့်
အအီပြေအသားဟင်းလျာ ချက်စားနိုင်သလို
မရမ်းသီး ဆားရည်စိမ်သုပ်,လည်း
အအီပြေသုပ်စားနိုင်ပါတယ်။
ငါးနီတူသုပ် နဲ့လည်း တွဲဖက်သုပ်စားနိုင်သလို
ဟင်းလျာအတော်များများနဲ့
တွဲဖက်ပြီး ချက်စား, သုပ်စားနိုင်ပါတယ်။
သနပ်လည်း လုပ်စားနိုင်ပါတယ်။
အရင်ဆုံး နှစ်ပေါက်ထားနိုင်တဲ့
မရမ်းသီး ဆားရည်စိမ်နည်းကို ပြောပြပါမယ်။
ဒီနည်းနဲ့လုပ်ရင် တစ်နှစ်မကလည်း ထားလို့ရပါတယ်။
________________________________________________
💎 မရမ်းသီး ဆားရည်စိမ် 💎
**************************
မရမ်းသီး 👉 ၁ ပိဿာ ( ရေဆေး, ရေစစ်ထားပါ။ )
ဆား 👉 ၁၀ သား
ကျောက်ချဉ် 👉 ကွမ်းသီး ၂ လုံးခန့် ( အမှုန့်ထောင်းထားပါ။ )
ရေဆေး, ရေစစ်ထားတဲ့မရမ်းသီးကို
ဆား, ကျောက်ချဉ်မှုန့်နဲ့ ဖွဖွနယ်ပီး
ပုလင်း ( သို့ ) စဉ့်အိုး ထဲထည့်၍ အဖုံးလုံအောင် ပိတ်ထားပါ။
၂ ပတ်ကြာရင် မရမ်းသီး ဆားရည်စိမ်ရပါပြီ။
ရေထည့်စရာ မလိုပါဘူး။
သူ့ဟာသူ ရေတွေ ထွက်လာပါလိမ့်မယ်။
ထွက်လာတဲ့ အရည်တွေကိုလည်း သွန်မပြစ်ရပါဘူး။
________________________________________________
အကယ်၍ ပိဿာချိန်များလို့ မနယ်နိုင်ရင်တော့
မရမ်းသီးကို ရေဆေးပြီး ရေစစ်ထားပြီးရင် ဆားရည်စိမ်မယ့်
စဥ့်အိုး ( သို့ ) ပုလင်းအောက်ခြေမှာ ဆားခင်းပါ။
ဆားပေါ်မှာ မရမ်းသီး ခင်း၍
ဆားတစ်ထပ်, မရမ်းသီး တစ်ထပ်ဖြင့်
မိမိ စိမ်ချင်သလောက် ပိဿာချိန်ထည့်ပီး
အပေါ်ဆုံးမှ ဆား ထပ်ဖြူးပါ။
နောက်မှ ကျောက်ချဥ်ကို ရေကျက်အေး အနည်းငယ်နဲ့ ဖျော်ပြီး
အပေါ် မျက်နှာပြင်မှ ဖြည်းညင်းစွာ
လောင်းထည့် ပေးလိုက်ပါ။
နှစ်ပေါက် မရမ်းသီး ဆားရည်စိမ်တဲ့အခါ
စဉ့်အိုး ( သို့ ) ဖန်ပုလင်း နဲ့ပဲ စိမ်ပါ။
ကော်ဗူးက သိပ် မကောင်းပါဘူး။
အစေ့ယှက်ပီး အလုံးရင့်တဲ့ မရမ်းသီးထက်
အစေ့မယှက်သေးတဲ့ မရမ်းသီးကိုစိမ်ရင်
အလုံးပိုကျစ်ပီး ပိုအထားခံပါတယ်။
ဆားရည်စိမ် နှိုက်တဲ့အခါမှာလည်း
လက်နဲ့ မနှိုက်ပဲ ဇွန်းနဲ့နှိုက်ပေးပါ။
ပျော့အိတွဲနေတဲ့ အသီးတွေကိုလည်း ဖယ်ထုတ်ပစ်ပေးပါ။
🔺 မှတ်ချက် 🔺
****************
သရက်သီးဆားရည်စိမ်လို
ရေနွေးထဲ ဆားထည့်ကျို၍ အအေးခံပြီး
မရမ်းသီးထဲ လောင်းထည့်ကာ
ဆားရည်စိမ်ရင်လည်း ရတော့ရပေမယ့်
ရေမထည့်ပဲ စိမ်တဲ့ ခုနည်းကို ပိုကြိုက်လို့
နှစ်စဥ် ခုပြထားတဲ့နည်းအတိုင်း ရေမထည့်ပဲ
မရမ်းသီး ဆားရည်စိမ်ပါတော့တယ်။
ရေမထည့်လဲ ဆား နဲ့ မရမ်းသီးတွေပေါင်းစပ်ပြီး
မရမ်းသီးတွေ အိကာ သူ့ဟာသူ ရေထွက်လာပါလိမ့်မယ်။
ထွက်လာတဲ့ ရေတွေကို သွန်ပြစ်ရန် မလိုပါဘူး။
တစ်နှစ်ပတ်လုံး ဒီအတိုင်းပဲထားပါ။
⭐️ ဖြစ်နိုင်ရင်တော့ မိမိအိမ် ( သို့ ) မိမိခြံရဲ့
⭐️ နေ့လယ်ခင်း နေရောင်ခြည်ကျရောက်တဲ့နေရာမှာ
⭐️ ဆားရည်စိမ်အိုးကြီးတွေ
⭐️ ဆားရည်စိမ်ပုလင်းကြီးတွေကို ထားပေးထားပါ။
🌟 မှိုလုံးဝမတက်ပဲ ပကတိ သန့်ရှင်းနေပါလိမ့်မယ်။
crdပဲခူးေဲဒါ်််ထွေးရီ
Part-3
*နိမိတ်မကောင်းသောပွဲအထွက်
ကျွန်တော့်၏ စိတ်ကူးယဉ်အိပ်မက်များ အကောင်အထည် ပေါ်လာ ပြီ။ ရေဒီယို၌ အသံလွှင့်ရရုံသာမက နံနက်ပိုင်းတွင် ၃ နာရီခန့် အသံလွှင့်ရ မည်။ ညနေပိုင်းတွင် ၆ ရက်အသံလွှင့်ရမည်။ CBS အသံလွှင့်ဌာန၏ လူကြိုက်များသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သော အာသာဂေါ့ဖရီးကဲ့သို့ပင် မကြာ ခဏ အသံလွှင့်ရတော့မည်။
ထိုတစ်ပတ်လုံး ကျွန်တော် လုံးဝအိပ်မပျော်။ အသံလွှင့်ရာတွင် ပြောရ မည့်စကားများကို အစမ်းလေ့ကျင့်ကြည့်သည်။ အလုပ်သွားရမည့် နံနက် > နာရီခွဲ၌ ကျွန်တော်သည် အမှိုက်ခြင်းတစ်ခြင်းလို ဖြစ်နေသည်။ ကျွန်တော် ၏ပါးစပ်နှင့် လည်ချောင်း ခြောက်မနေစေရန် ကော်ဖီနှင့် ရေကို သောက် သည်။ လက်စပ်အဲလ်ဂင်၏ “လမ်းတစ်လျှောက်” အမည်ရှိသည့် ဓာတ်ပြားကို အဆင်သင့်ဖွင့်နိုင်ရန် ပြင်ထားသည်။ ကြာလာလေ စိတ်လှုပ်ရှား လေဖြစ်လာသည်။
ထို့နောက် မာရှယ်က သူ၏ရုံးခန်းထဲသို့ခေါ်ပြီး “ကံကောင်းပါစေ” ဟု ဆုတောင်းကြောင်းပြောသည်။ သူ့ကို ကျေးဇူးတင်စကား ဆိုပြီးနောက် သူက “မင်း ဘယ်နာမည်ကို သုံးမှာလဲ” ဟု မေးသည်။ ကျွန်တော်က “ခင်ဗျား ဘာတွေပြောနေတာလဲ” ဟု ပြန်မေးလိုက်သည်။
“ဒီလိုကွဲ မင်းဟာ လယ်ရီဇက်ကာဆိုတဲ့ နာမည်ကိုတော့သုံး လို့မရဘူး။ ဒီနာမည်က လူမျိုးစွဲရှိနေတယ်။ လူတွေက နာမည်ကို ကောင်းကောင်း ပေါင်းတတ်မှာ မဟုတ်ဘူး။ မှတ်မိကြမှာ မဟုတ်ဘူး။ ဒီထက်ကောင်းတဲ့ နာမည်တစ်ခုလိုတယ်။ အဲဒီတော့ အခုနာမည် လယ်ရီ ဇက်ကာဆိုတာတော့ မသုံးနဲ့ကွာ။”
သူ၏စားပွဲပေါ်၌ မီယာမီ ဟယ်ရာဒ်သတင်းစာကို ဖွင့်ထားသည်။ ထိုသတင်း၌ ‘ကင်းအရက်လက်ကားလုပ်ငန်း' ဟူသည့် မျက်နှာပြည့် ကြော်ငြာကို တွေ့ရသည်။ မာရှယ်က ထိုကြော်ငြာကို ငုံ့ကြည့်ပြီးနောက်...
“မင်းနာမည် လယ်ရီကင်းဆိုရင် ဘယ့်နှယ်လဲကွ” ဟု ပြောလိုက်သည်။
“သိပ်ကောင်းတာပေါ့ ဗျာ”
“ဟုတ်ပြီ ဒါဆိုရင် မင်းနာမည်ဟာ လယ်ရီကင်း မင်းဟာ လယ်ရီ ကင်း အစီအစဉ်ကို လွှင့်ထုတ်ရမယ်။”
ထိုသို့ဖြင့် အလုပ်သစ်တစ်ခု၊ အသံလွှင့် အစီအစဉ်တစ်ခု၊ သီချင်း အသစ်တစ်ခု၊ နာမည်သစ်တစ်ခုကို ရခဲ့သည်။ သတင်းများကို နံနက် ၉ နာရီ၌ လွှင့်ထုတ်ရာ အကြိုတီးလုံးကို ဖွင့်လှစ်ပြီးနောက် စောင့်မျှော်နေကြ သော သောတရှင် ပရိသတ်များအတွက် လယ်ရီကင်း၏ အစီအစဉ်ကို လွှင့်ထုတ်ရန် အဆင်သင့်ဖြစ်နေသည်။ ကျွန်တော်၏ နှုတ်ဖျားများသည် ဝါဂွမ်းစကဲ့သို့ ပေါ့ပါးလျက်ရှိနေသည်။ ကျွန်တော့်အစီအစဉ်ကို စက်ပိုင်း ဆိုင်ရာ တာဝန်ယူရသည်မှာလည်း ကျွန်တော်ကိုယ်တိုင်ပင်ဖြစ်သည်။ အသံ လွှင့်ရုံငယ်တစ်ခုအတွက် သီးခြားအင်ဂျင်နီယာမရှိ။ ကျွန်တော့် အစီအစဉ် အတွက် ဖွင့်လှစ်ရမည့် အကြိုတီးလုံးကို ကျွန်တော်ကိုယ်တိုင်ပင် ဖွင့်လှစ် ရသည်။ သီချင်းသံဝင်လာသည်။ ထို့နောက် စကားစတင်ပြောနိုင်ရန် သီချင်း သံကို ဖြည်းဖြည်းချင်း လျော့ချလိုက်သည်။ သီချင်းသံပျောက်သွားသော် လည်း ဘာသံမျှထွက်မလာ။
#ဆက်ရန်ရှိ
ကိုယ်ပိုင်တဲ့ အရာတွေကို ကာကွယ်မထားနိုင်ရင်
သူများယူသုံးတာခံရမယ်
ရုပ်ဝတ္ထုပစ္စည်းတွေကတော့ ခြံခတ် အခန်းထဲပိတ်
သိမ်းထားရတာလွယ်ပေမယ့်
ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာအတွက်ကိုတော့
personal boundaries တွေထားမှရတယ်
မလုပ်ချင်တာ မကြိုက်တာ မနှစ်သက်တာကို
ဖွင့်ပြောတတ်ရတယ် No ပြောတတ်ရတယ်
မဟုတ်ရင် အသုံးချခံရလို
အကြီးအကျယ်စိတ်ညစ်ရမယ်မိတ်ဆွေ
ငြင်းလိုက်လို စိတ်ခုသွားမှာ မစိုးရိမ်ပါနဲ့
အဲ့ဒါသူတိုကိစ္စပါ
#crd
#positive
(အပစ်ပယ်ခံ လူသားတစ်ယောက်) ဇာတ်ကားသစ်
IMDb - 8.6/10
တောအုပ်ကြီးတစ်ခုရဲ့ ဘေးကရွာလေးတစ်ရွာ ရှန်မူဂမ်ဆိုတဲ့လူတစ်ယောက်
သူ့ရဲ့အမျိုးသမီးဖြစ်သူ နဲ့အတူ နေထိုင်ပါတယ်။
သူတိုအိမ်ထောင်သက်က အနည်းငယ်ကြာပြီဆိုပေမဲ့ သားသမီးမထွန်းကားတာကြောင့်
သူတိုကို လာဘ်မကောင်းဘူး နမိတ်မကောင်းဘူးဆိုပြီး တစ်ရွာလုံးက
သာရေးနာရေးကိစ္စ အဝဝမှာ လူလုပ်ပြီးမဖိတ်ဘဲ ပစ်ပယ်ထားကြပါတယ်။
ဒါတင်မကသေးဘဲ အတင်းအဖျင်းတွေပါပြောသေးတော့ ရှန်မူဂမ်တစ်ယောက်
စိတ်ထဲသိမ်းထားရတာတွေများလာတဲ့နောက် မဖြေသိမ့်နိုင်တော့ဘဲ အရက်တွေသောက်ပြီး
တစ်ရွာလုံးကို ငိုပြီးသူ့ခံစားချက်တွေကို ပြောပါတော့တယ်။
အဲ့လိုပြောရင်းပဲ သူ့ကိုဒီလိုပစ်ပယ်ထားတဲ့ ရွာသားတွေ တစ်နေ့သူ့ခြေရင်းမှာခပြီး
ဝပ်တွားတောင်းပန်လာစေရမယ်လို ကျိန်ဆိုသွားခဲ့ပါတယ်။
ဆိုတော့ အပစ်ပယ်ခံဆင်းရဲသား ရှန်မူဂမ်တစ်ယောက် သူပြောသလိုဖြစ်သွားမှာလား
ဘာတွေလုပ်ပြီးဖြစ်အောင်လုပ်မှာလဲဆိုတာ စိတ်ဝင်စားစွာနဲ့ ဆက်လက်ကြည့်ရှုပေးပါဦးခင်ဗျာ။
(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ။)
#crd
#storymode
ထရမ့်က အာရှ၏ စွမ်းအင်လိုအပ်ချက်ကို ပုံဖော်ဖွယ်ရှိ
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် ယခုလအတွင်း ဂျပန်ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာ (Shigeru Ishiba) နှင့် တွေ့ဆုံဆွေးနွေးခဲ့ချိန်က အာရှရှိ အမေရိကန်၏ မဟာမိတ်များအား အလက်စကာ (Alaska) ပြည်နယ်မှ ဓာတ်ငွေ့များ ဝယ်ယူရေးကိစ္စကို အဓိကထား ဆွေးနွေးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ဂျပန်သည် ၎င်း၏ စွမ်းအင်လိုအပ်ချက်အတွက် အရှေ့အလယ်ပိုင်းမှ ရေနံများ ဝယ်ယူတင်သွင်းနေမှုကို ပြောင်းလဲ ပြီး အမေရိကန်ထံမှ သဘာဝဓာတ်ငွေ့ရည် (LNG) များဝယ်ယူရန် ကြိုးပမ်းလျက်ရှိသည်။
ဂျပန်ဝန်ကြီးချုပ် အီရှီဘာကလည်း အမေရိကန်၏ အခွန်တိုးကောက်မည့် အစီအစဉ်ကို ကာမိစေရန် Alaska LNG ကုမ္ပဏီထံမှ ဓာတ်ငွေ့များကို ဝယ်ယူရန် စိတ်အားထက်သန်နေသည်။
အီရှီဘာက ထိုဓာတ်ငွေ့ရည်များ ဝယ်ယူရေးအတွက် ဒေါ်လာ ၄၄ ဘီလျံ တန်ကြေးရှိ ပရောဂျက်တွင် ပါဝင်ရန် မျှော်လင့်ကြောင်း ထရမ့်ကို ပြောကြားခဲ့သည်ဟု အမည်မဖော်လိုသည့် အမေရိကန်အရာရှိတစ်ဦးက ပြောကြား ခဲ့သည်။
ထရမ့်ကမူ အီရှီဘာနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် သဘာဝဓာတ်ငွေ့ရည် ရောင်းဝယ်ရေး ကိစ္စနှင့်ပတ်သက်ပြီး မှတ်ချက်စကားများကို လူသိရှင်ကြား ပြောကြားခဲ့သော်လည်း အီရှီဘာကမူ တရားဝင် မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
အမေရိကန်၏ သဘာဝဓာတ်ငွေ့ရည်များကို ဝယ်ယူမှုသည် အာရှရှိ အမေရိကန်၏ မဟာမိတ်များအတွက် ရုရှားမှ ဓာတ်ငွေ့များအပေါ် မှီခိုနေရမှုကို လျော့ကျစေလိမ့်မည်ဟု အလက်စကာပြည်နယ် အထက်လွှတ်တော်အမတ် ဒန် ဆူလေဗန် (Dan Sullivan) က ပြောကြားခဲ့သည်။
အီရှီဘာအပြင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ ( Narendra Modi ) သည်လည်း ယခုလအတွင်း ထရမ့်နှင့် တွေ့ဆုံခဲ့ချိန်က အမေရိကန်၏ ဓာတ်ငွေ့များကို ဝယ်ယူမည်ဟု ကတိပြုခဲ့သည်။
တရုတ်၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာခံထားရသည့် ထိုင်ဝမ်ကလည်း အလက်စကာပြည်နယ်မှ ဓာတ်ငွေ့ ရည်များ အပါအဝင် အမေရိကန်ထံမှ စွမ်းအင်များကို ဝယ်ယူရန်စဉ်းစားနေသည်။
တောင်ကိုရီးယားကလည်း Alaskan LNG နှင့် အခြား အမေရိကန်၏ စွမ်းအင်ပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေသည်ဟု တောင်ကိုရီးယား အရာရှိနှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။
Source: ရိုက်တာ
ပုံ - ဂျပန်ဝန်ကြီးချုပ် အီရှီဘာနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
#centralnewsnaypyitaw