Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လစ်နစ်ကာ ရဲ့ စိန်ခေါ် စကားကို တုန့်ပြန်လိုက်တဲ့ ရော့ထန်း
**************
“ ကျနော့် အတွက်တော့……ဖိုက်တာ အမြင်ပေါ့…..သူက ဘာမှ ကြောက်စရာကို မရှိပါဘူး။ လက်သီး ထိုးချက်တွေလောက်ပဲ အန္တရာယ်များတာပါ။
သူ့ ကစားပေါက်ကို ကျနော်က နားလည်ပါတယ်။ ဘာလို့လဲ ဆိုတော့ အရပ်ပုတယ် ၊ ခြေကန်ချက်ကို ထိထိရောက်ရောက် မသုံးတတ်တော့ ၊ လက်သီးထိုးချက်တွေကိုပဲ လမ်းလျှောက်ရင်း ထိုးပြတဲ့သူပါ။ ဒါပေမယ့် သူ့ရဲ့ ထိုးချက်တွေက သေလောက်အောင် ကြောက်ဖို့ကောင်းပါတယ်။ ကျွဲပေါက် တစ်ကောင်ကိုတောင် လက်သီးနဲ့ လဲသွားအောင် ထိုးပြနိုင်လောက်ပါတယ်။
ဒါပေမယ့် ကျနော်သာ Footwork သုံး ကစားမယ် ဆိုရင် သူ့ အနေနဲ့ ထိအောင်တောင် ထိုးနိုင်မှာ မဟုတ်ပါဘူး။
သူက ခံနိုင်ရည်ကောင်းတော့ အလဲထိုးပြနိုင်လိမ့်မယ်လို့တော့ မပြောတတ်ပါဘူး။ ဒါပေမယ့် ကွင်းထဲမှာ ထိုးရမယ် ဆိုရင် မျက်နှာချင်းဆိုင် ထိုးတာမျိုးထက် ၊ ကိုယ့်အတွေ့ကြုံတွေကိုပဲ အားပြုသွားမှာပါ။
သူ့ရဲ့ ဘောက်ဆင်း ကစားပုံက သိပ်မကောင်းဘူး ဆိုပေမယ့် ၊ မျက်ကွယ်ပြုထားလို့ မရပါဘူး ဘာလို့လဲ ဆိုတော့ ထိုးချက်တွေက အားပါတယ်လေ။ ဒါပေမယ့် သူက ကြောက်စရာကောင်းလွန်းသူလားလို့ မေးရင် ၊ အဲဒီလောက်ထိ မဟုတ်ပါဘူး လို့ပဲ ပြောရမှာပါ”
ရော့ထန်း ရဲ့ တုန့်ပြန်ချက်
Credit to Myanmar Sports