Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
This place is lovely., 💐
ရန်ကုန်
မြောက်ဥကာလာမြို့နယ်မှာရှိတဲ့ကော်ဖီဆိုင်🍀
ဒီဆိုင်လေးက သစ်ပင်လေးတွေနဲ့စိမ်းစိမ်းစိုစိုရှိတဲ့ Breeze Cafe☕️🍀
Breeze Cafe ဆိုင်ရဲ့ Vibes လေးက မိုးရွာရွာ၊ နေပူပူဒီအတိုင်းလေးပါပဲ🍀
အခုလာမယ့်သီတင်းကျွတ်ပိတ်ရက်လေးမှာချစ်သူခင်သူတွေနဲ့ဘယ်မှာသွားDateရမှာလဲလို့တွေးထားရင် နှစ်ခါမစဥ်းစားနဲ့ Breeze Cafeကိုသာလှမ်းလာပါ☘️
ကော်ဖီဆိုင်လေးလည်းလှသလို
ပုံရို.က်လို့လှတဲ့နေရာလေးပါ🍀
☕️Coffee ကောင်းကောင်းလဲ သောက်ချင်တယ် သဘာဝန်ဆန်ဆန်လဲ ဓာတ်ပုံရို.က်ချင်တယ် စိမ်းစိုလှပနေတဲ့ အပင်လေးတွေလည်းရှိတဲ့နေရာရာဖြစ်ရမယ်ဆိုတဲ့သူတွေအတွက် သငတို့အတွက်သင့်တော်နေရာလေး🍀
☕️coffee အမျိုးအစားလဲ စုံစုံလင်လင်ရတဲ့ဆိုင်လေးပါ ☕️
☕️ကော်ဖီကောင်းကောင်လေးသောက်ချင်ရင်ဒီ Breeze Cafeကိုညွန်းပေးတယ်နော်😍
🍀မိုးအကုန်ဆောင်းအကူးအငွေ့အသက်လေးတွေရယ်
လေထုအေးအေးလေးနဲ့ ဒီကော်ဖီဆိုင်လေး ဟာဆိုရင်ဖြင့် နှစ်သစ်မှာ ရည်းစားအသစ်ရထားတဲ့လူတွေရော နှစ်တွေပြောင်းလည်း အချစ်တွေမပြောင်းတဲ့လူတွေရော Winter Vibes Photoshooot လုပ်ချင်တဲ့လူတွေရော အကုန်လာကိုလာသင့်ပါကြောင်း😍
တခြားသော Menu တွေလည်းရပါတယ်နော်🍀
လိပ်စာ📩
ခြံအမှတ် ၁၀၁၊ ကျောက်စိမ်းပတ်လမ်း (ရတနာကျွန်းရိပ်သာ)၊ သုနန္ဒာလမ်း ( ဘုရားကြီးဘက် )၊ မြောက်ဥက္ကလာပမြို့နယ်
Open Daily // 90am - 60pm
🚌Breeze Cafeဆိုင်ကိုYBSနဲ့လာမယ့်ဆိုရင် သုဓ္ဓမ္မာလမ်းမကြီးပေါ်က " သုနန္ဒာလမ်းဆုံမှတ်တိုင် " မှာဆင်းရပါမယ်
🚗" သုနန္ဒာလမ်းဆုံမှတ်တိုင် " ကိုတော့ YBS ( 19, 32, 35, 42, 64, 93, 115, 116, 119 ) တို့ရောက်ပါတယ်
🚗မှတ်တိုင်ကနေ ဘုရားကြီးရှိတဲ့ဘက်ကို လမ်းမကြီးအတိုင်းဝင်လာရင် " ချမ်းမြေ့ " ဆိုတဲ့ဆေးရုံရဲ့ အကျော်၊ ချောင်းလေးကိုကျော်တာနဲ့ ညာဖက်မှာဆိုရင် ဆိုင်ရဲ့လမ်းထိပ်ကိုရောက်ပါပြီခင်ဗျ
🚗သတိပြုစရာအနေနဲ့ 64 ကိုစီးရင်ဝောာ့ သုဓ္ဓမ္မာ လို့ ရေးထားမှ " သုနန္ဒာမှတ်တိုင် " ကိုရောက်ပါလိမ့်မယ်နော်
သီတင်းကျွတ်ရင်ဒီဆိုင်မှာဆုံမယ်နော်❤️
တရားမဝင်ကုန် ကျပ်ဘီလီယံ ၃၀၀ ကျော်ဖိုး ဖမ်းမိ
------------------------
၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ၃၂ လတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု ကျပ် ဘီလီယံ ၃၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောပါတယ်။
အောက်တိုဘာလ ၉ ရက် က ကျင်းပပြုလုပ်တဲ့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ် ငန်းညှိနှိုင်း အစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ပမာဏဟာ နိုင်ငံတော်ရဲ့ ကုန် သွယ်မှုကဏ္ဍနဲ့ကြည့်ရင် အနည်းငယ်သာရှိပြီး ဖမ်းဆီးရမိမှုူကို ကြည့်ရမယ်ဆိုရင် တရားမဝင် ကုန်သွယ်မှုတွေကို တိုးမြှင့်ဖမ်းဆီး ရရှိနိုင်ဖို့ အလေးထား ဆောင်ရွက်သွားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လနဲ့ ဩ ဂုတ်လအတွင်း ဖမ်းဆီးရရှိမှုတွေမှာ အကောက်ခွန်ဦးစီး ဌာနက အများဆုံး ဖမ်းဆီး ရမိခဲ့တာဖြစ်ပြီး ဖမ်းဆီး ရမိမှုအနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး နဲ့ ကချင်ပြည်နယ်တွေက အများဆုံး ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုတွေကို စိစစ်ရာမှာ လိုင်စင်မဲ့ယာဉ်နဲ့ တရားမဝင်ကုန်စည်တင်ယာဉ် ဖမ်းဆီး ရရှိမှုတွေက အများဆုံး ဖြစ်ပြီး ဒုတိယ အများဆုံးက လုပ် ငန်းသုံးကုန်ကြမ်းတွေဖြစ်ကာ တတိယ အများဆုံးက ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တွေ ဖြစ်တယ်လို့ သိရပါတယ်။
UAB ဘဏ်ယာဉ်မောင်းက ဓားထောက်လုယက်မှုဖြစ်ပွား
-------------------
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် UAB ဘဏ်ခွဲရဲ့ ယာဉ်မောင်းဝန်ထမ်းက ဘဏ်ရဲ့ ဒုတိယ ငွေကြေး တာဝန်ခံကို ဓားနဲ့ထောက်ပြီး ယာဥ် နဲ့ ယာဉ်ပေါ်ပါ ကျပ်သိန်း ၁၃၀၀ ကျော်ကို လုယက်ထွက်ပြေးသွားခဲ့တယ် လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကနေ သိရပါတယ်။
အဲဒီ အခင်းဖြစ်စဉ်ကတော့ အောက်တိုဘာလ ၇ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲကျော်လောက်က ယာဉ်မောင်းဝန်ထမ်း မြတ်မင်းထိုက် မောင်းနှင်တဲ့ ဘဏ်ပိုင်ယာဉ်နဲ့ ကျပ်သိန်း ၁၃၀၀ ကျော်ကို သယ်ဆောင်ပြီး ပြန်လာစဉ် လမ်းမှာ ယာဉ်မောင်းဝန်ထမ်းဖြစ်သူက ယာဉ်ပေါ်ပါ ဘဏ်ရဲ့ ဒုတိယငွေကြေးတာဝန်ခံကို ဓားထောက်လုယောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ဘဏ်ဒုတိယငွေကြေးတာဝန်ခံ ဝန်ထမ်းရဲ့လက်ကိုင်ဖုန်း၊ ယာဉ်ပေါ်ပါ ငွေကျပ်သိန်း ၁၃၀၀ ကျော်နဲ့ အတူ ဘဏ်ပိုင် မော်တော်ယာဉ်နဲ့အတူ ထွက်ပြေးသွားခဲ့တာလို့လည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။ လက်ရှိမှာတော့ ကျူးလွန်သူ ယာဉ်မောင်းကို သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေး စုံစမ်း ဖော်ထုတ်နေတယ်လို့ သိရပါတယ်။