Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
စည်းကြပ်ဒိုင်ထားရှိသည့်စနစ်ကို ဝင်ဘယ်ဒန်ပယ်ဖျက်
------------------------
တင်းနစ်ပြိုင်ပွဲတွေမှာ ပုံမှန်မြင်တွေ့ရလေ့ရှိတဲ့ စည်းကြပ်ဒိုင်ထားရှိတဲ့စနစ်ကို လာမယ့်နှစ်ပြိုင်ပွဲကနေ စတင်ပြီး ပယ်ဖျက်သွားမှာဖြစ်တယ်လို့ ဝင်ဘယ်ဒန်ပြိုင်ပွဲ ကျင်းပရေးအဖွဲ့က အောက်တိုဘာ ၉ ရက်နေ့မှာ အတည်ပြုလိုက် ပါတယ်။ စည်းကြပ်ဒိုင်တွေရဲ့နေရာမှာ ပိုမိုတိကျတဲ့ လျှပ်စစ်လိုင်းနည်းပညာကို အသုံးပြုသွားမှာဖြစ်တာကြောင့် အခုလိုမျိုး ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
တင်းနစ်ကွင်းရဲ့ နောက်ဘက်မှာ ရပ်နေတဲ့ စည်းကြပ်ဒိုင် တွေကို ဂရင်းစလမ်ပြိုင်ပွဲတွေမှာ ၁၄၇ နှစ်ကြာအောင် အသုံးပြုလာခဲ့တာဖြစ်ပါတယ်။ လျှပ်စစ်လိုင်း နည်းပညာ ကို ၂၀၁၇ ခုနှစ်က မီလန်မှာကျင်းပတဲ့ မျိုးဆက်သစ် အေတီပီ ဖိုင်နယ် မှာ စတင်စမ်းသပ်အသုံးပြုခဲ့ပြီး လာမယ့် ၂၀၂၅ ကစတင်ကာ အေတီပီတိုးပြိုင်ပွဲတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဩစတြေးလျ အိုးပင်းနဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲတွေမှာလည်း လျှပ်စစ်လိုင်းနည်းပညာကို စတင်သုံးစွဲနေပြီဖြစ်လို့ ဂရင်းစလမ် ပြိုင်ပွဲတွေ အနက် လူသားစည်းကြပ်ဒိုင်ရဲ့အဆုံးအဖြတ်ကို ရယူတဲ့ ပြိုင်ပွဲဆိုလို့ ပြင်သစ်အိုးပင်းပြိုင်ပွဲ တစ်ခုသာ ကျန်ရှိတော့ မှာလည်းဖြစ်ပါတယ်။လာမယ့်နှစ် ဝင်ဘယ်ဒန်ပြိုင်ပွဲရဲ့ လက်ရည်စစ်ပွဲတွေကနေစပြီး လျှပ်စစ်လိုင်း နည်းပညာကို စတင်သုံးစွဲမှာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့ရဲ့ ကြေညာချက်မှာ ရေးထားပါ တယ်။
လီဗာပူးဂိုးသမား အယ်လီဆန် ၁ လခန့်နားရမည်
---------------------
လီဗာပူးအသင်းရဲ့ ဘရာဇီးဂိုးသမား အယ်လီဆန်ဟာ ပဲလေ့စ်အသင်းနဲ့ပွဲမှာရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာ ကြောင့် နိုဝင်ဘာ လလယ်လောက်အထိ အနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးလက်ရွေးစင် အယ်လီဆန်ဟာ ပဲလေ့စ်အသင်းနဲ့ပွဲမှာ အဆိုပါဒဏ်ရာကို ရခဲ့ပြီးနောက် ပွဲချိန် ၇၉ မိနစ်မှာ လူစားလဲခံလိုက် ရတာဖြစ်ပါတယ်။
ဒဏ်ရာအခြေအနေအရ အယ်လီဆန်အနေနဲ့ အခုတစ်ပတ်ကစားမယ့် နိုင်ငံအသင်းပွဲစဉ်တွေ အပြီးမှာ ပြန်က စားနိုင်ဖို့ မဖြစ်နိုင်သေးဘဲ နိုဝင်ဘာ ၁၁ နဲ့ ၁၉ ရက် ကြားလောက်မှသာ လီဗာပူးအသင်းအတွက် ပြန်ကစား နိုင်ဖွယ်ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။ အယ်လီဆန်မပါနိုင်တဲ့ ကာလအတွင်း လီဗာပူး အသင်းဟာ ချဲလ်ဆီး ၊အာဆင်နယ်၊ ဘရိုက်တန်၊ ဗီလာစတဲ့အသင်းတွေနဲ့ ပရီးမီးယားလိဂ်ပွဲကစားဖို့ရှိသလို လိုက်ပ်ဇစ်၊ လေဗာကူဆင်တို့နဲ့ ချန်ပီယံလိဂ်ပွဲတွေလည်း ကစားဖို့ရှိနေတာပါ။
အဖျားရောဂါကြောင့် ပဲလေ့စ်နဲ့ ပွဲကို လွဲချော်ခဲ့ရတဲ့ ဂိုးသမား ကယ်လက်ဟာက အယ်လီဆန်ဒဏ်ရာရနေချိန် လီဗာပူးအသင်းဂိုးပေါက်ကို တာဝန်ယူဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက အယ်လီဆန်မပါနိုင်တဲ့ပွဲတွေမှာ ကယ်လက်ဟာက ကောင်းမွန်တဲ့ လက်စွမ်းတစ်ချို့ကို ပြသထားနိုင်ခဲ့တာဖြစ်ပါတယ်။
ဟင်းရွက်စုံဟင်းချို
*******************
ရွာမှာကဟင်းချိုချက်ရင် လွယ်ကူရိုးရှင်းတာလေးပဲချက်ကြပါတယ်။ ချက်မယ့်အိုးထဲကို ဆား၊ဟင်းခတ်မှုန့်၊ပုစွန်ခြောက်၊ဆီအနည်းငယ်၊ပဲပုပ်မှုန့်၊ရေထည့်ပြီး ပွက်လာတဲ့ထိတည်ပါ။ ဟင်းရည်ကျရင် အရသာမြည်းကြည့်ပြီး ထည့်မယ့်အရွက်တွေခပ်ပါ။ခရမ်းချဥ်သီးတစ်လုံးလောက် ပါးပါးလှီးထည့်။(မင်မင်ထည့်ထားတဲ့အရွက်တွေကတော့ သဖန်းရွက်၊ရေပူစီနံရွက်၊ရေကြက်သွန်ရွက်၊ဆူးပုပ်ရွက်၊စွယ်တော်ရွက်တွေပါ။)တခြားကြိုက်တဲ့အရွက် ထည့်လို့ရပါတယ်။
ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေးနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ
(အောက်တိုဘာလ ၁၀ ရက်၊ နေ့လည် ၁၂ နာရီ ၃၀ မိနစ်)
ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ
အမေရိကန်ဒေါ်လာ 4600 – 4700
စင်ကာပူဒေါ်လာ 3450 – 3550
ဥရောပယူရို 4950 – 5090
ဂျပန်ယန်း 30.41 – 31.25
တောင်ကိုရီးယားဝမ် 3.39 – 3.49
အိန္ဒိယရူပီး 52.70 – 54.17
မလေးရှားရင်းဂစ် 1050 – 1090
တရုတ်ယွမ် 643 – 663
ထိုင်းဘတ် 135.14 – 138.89
ပြင်ပ ရွှေဈေးကွက်မှာတော့
၁၆ ပဲရည် မီးလင်း
ရောင်းစျေး 6,330,000
ဝယ်စျေး 6,230,000
၁၅ ပဲရည်
ရောင်းစျေး 5,940,000
ဝယ်စျေး 5,840,000
ရွှေကုန်သည်အသင်း (ရန်ကုန်) သတ်မှတ်စျေးကတော့
၁၆ ပဲရည် မီးလင်း - 5,333,000
၁၅ ပဲရည် - 5,000,0000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2613 ဒေါ်လာ ဖြစ်သည်။
#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး