21 w - Translate

" Thank you, Bye Bye "

ဒီဘဝတိုတိုလေးထဲ ဆုံဆည်းခွင့်တွေပေးပြီး ပေါင်းစပ်ခွင့်တွေ
မပေးခဲ့တဲ့ ကံကြမ္မာကြီးကို အပြစ်မတင်ချင်ပါဘူးလေ

မတူညီတဲ့ အခြေနေ နှစ်ခုဆိုတာ ချစ်တာ တစ်ခုတည်းပြောတတ်ရုံနဲ့ ပေါင်းစပ်လို့မှမရတာ

ချစ်ပေးခဲ့တာတွေ အတွက် ကျေးဇူးတင်ရသလို
နာကျင်စေခဲ့တာတွေ အတွက်လဲ ခွင့်လွတ်ပါတယ်

စိမ်းလန်းတဲ့ နယ်မြေကို ပျံသန်းပါ
လုံခြုံတဲ့ အရိပ်မှာ ခိုနားပါ

ဒီဘဝဒီမျှ ကံ ပါသလောက်ပေါ့
ခဏတာ ရခဲ့တဲ့အချစ်တွေက တစ်ဘဝလုံးစာ အမှတ်ရစေခဲ့ပြီ

အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်
Bye Bye.

- Thar Htwe -

image
21 w - Translate

ငါးဟင်းမှာ ဘာအပြစ်ရှိလို့လဲ ... ၀ဲ ၀ဲ ၀ဲ ... ???
...
...

image
21 w - Translate

morning🌅 with ❤

image
21 w - Translate

Hillier lake, Australia 💟💟💟

image
21 w - Translate

စိတ်ဖိစီးမှု သက်သာစေရန် သောက်သင့် တဲ့ မုန်လာဥနီ ဟင်းနုနွယ် ဖျော်ရည်

ပါဝင်ပစ္စည်းများ
– ဟင်းနုနွယ် လူကြီးလက်နှစ်ဘက်အပြည့်
– ဂေါ်ဖီစိမ်း (ဘရိုကိုလီ) အခက်သေး ၄ ခက်
– တရုတ်နံနံ အခက်ရှည်ရှည် ၄ ခက်
– မုန်လာဥနီ အနေတော် ၂ ဥ

ပြုလုပ်နည်း

မုန်လာဥနီကို ခပ်ပါးပါးလှီးပါ။ ဂေါ်ဖီစိမ်း၊ တရုတ်နံနံ၊ ဟင်းနုနွယ်ရွက်တို့ကို ကတ်ကြေးဖြင့်ညှပ်ပါ။ ပြီးရင်တော့ Blender နဲ့ရောကြိတ်ပြီး သောက်သုံးနိုင်ပါပြီ။ အဖတ်ပါတာမကြိုက်သူများ ရေစစ်နဲ့စစ်ပြီးလည်း သောက်နိုင် ပါတယ်။ ချက်ချင်းမသောက်နိုင်သူများ ရေခဲသေတ္တာထဲသိမ်းပြီး ၂၄ နာရီအတွင်း သောက်သင့်ပါတယ်။ သောက်ရလွယ်ပြီး များများလည်းသောက်နိုင်တာမို့ အသီးအရွက်များများစားဖြစ်စေတဲ့နည်းပါပဲ။

အကျိုးကျေးဇူး

ဟင်းနုနွယ်ရွက်နဲ့ မုန်လာဥနီဟာ ဟော်မုန်းဓါတ်ညီမျှအောင် ထိန်းညှိပေးတဲ့အတွက် အိပ်မပျော်ခြင်း၊ အကြောတက်ခြင်းတို့ကို သက်သာစေပါတယ်။ ဂေါ်ဖီစိမ်းနဲ့တရုတ်နံနံက အရိုးနဲ့ ကြွက်သားကို ကျန်းမာစေတာကြောင့် ပေါ့ပါးလန်းဆန်းစေပါတယ်။

image
21 w - Translate

စံချိန်တွေ ချိုးခဲ့တယ့် အာတီတာ ရဲ့
ဆင်ပျံကြီး အာဆင်နယ်

အာဆင်နယိကတော့ ဒီရာသီမှာ ခြေစွမ်းပြနေတယ်ဆိုတာ အထူးပြောစရာတောင် မလိုပါဘူး ဒါပေမယ့် ခြေစွမ်းတွေ ပြထားတယ့် အပြင်ကို စံချိန်တွေပါချိုးထားခဲ့ပါတယ်။ အဲ့စံချိန်က တော့ ပရီမီးယားလိဒ်ရာသီမှာ ၂၇ ပွဲနိင်တယိဆိုတယ့စံချိန်ပါပဲ နောက်ဆုံး ရွှေဖလားရတုန်းကတောငိ ၂၆ ပွဲပဲနိင်ခဲ့တာပါ။ အာတီတာကဆော့ အာဆင်နယ် ကို မျကိစိရှေ့တင် ပြောင်းလဲလိုက်တာပါပဲ။

image
21 w - Translate

လေထုထဲမှာ ကာဗွန်တွေကို စုပ်ယူပေးမယ့် ကမ္ဘာ့အကြီးဆုံး ကာဗွန်စုပ်စက်

လေထုထဲမှ ကာဗွန်ဓာတ်ငွေ့တွေကို စုပ်ယူပေးတဲ့ ကမ္ဘာ့အကြီးဆုံး ကာဗွန်စုပ်စက်ဟာ အိုက်စလန်နိုင်ငံမှာ စတင်လည်ပတ်နေပါပြီ။ ဆွစ်ဇာလန်ကုမ္ပဏီ Climeworks နဲ့ အိုက်စလန်ကုမ္ပဏီ CarbFix တို့ ပူးတွဲတည်ထောင်ထားတဲ့ Orca ကာဗွန်စုပ်စက်ရုံဟာ နှစ်စဉ်နှစ်တိုင်း လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ တန်ချိန် ၄၀၀၀ စုပ်ယူပေးနိုင်မယ်လို့ ခန့်မှန်းထားပေမဲ့ တကယ့်လက်တွေ့မှာတော့ ကာဗွန်ဓာတ်ငွေ့ တန်ချိန် ၃၆၀၀၀ အထိ စုပ်ယူနိုင်မယ်လို့ ဆိုပါတယ်။

လေထုထဲမှ စုပ်ယူလိုက်တဲ့ ကာဗွန်ဓာတ်ငွေ့တွေကို အလွန်တရာနက်တဲ့ မြေအောက်ထဲကို ပို့ဆောင်မှာဖြစ်ပြီး လာမယ့်နှစ်သန်းပေါင်း ရာချီအထိ မြေပေါ် ပြန်ထွက်လာစေမှာ မဟုတ်ပါဘူး။ အဲဒီလုပ်ဆောင်မှုအားလုံးကို ဘူမိအပူ စွမ်းအင်နဲ့ လည်ပတ်မှာဖြစ်လို့ ကာဗွန်ထုတ်လုပ်မှုရှိမှာ မဟုတ်ပါဘူး။

အမေရိကန်နိုင်ငံ ဝိုင်အိုမင်းပြည်နယ်မှာလည်း တစ်နှစ်ပျမ်းမျှ ကာဗွန်တန်ချိန် ၅ သန်းအထိ စုပ်ယူပေးနိုင်မယ့် ကာဗွန်စုပ်စက်ရုံ တည်ဆောက်ဖို့ စီစဉ်နေပြီး တခြားနိုင်ငံတွေမှာလည်း အလားတူ စီမံကိန်းတွေ စီစဉ်တာ (သို့မဟုတ်) တည်ဆောက်နေပါပြီ။

Ref: The ‘World’s Largest’ Vacuum to Suck Up Carbon Emissions Begins Operating in Iceland

image
Yusif AbdulHamid changed his profile picture
21 w

image
21 w - Translate

အမှန်ပဲ

image

image