အောင်မင်္ဂလာလမ်းရှိ စရိသီလိုက်မာ ကာလီယမ္မာန်မယ်တော်ကြီးဘုရားကျောင်း မီးနင်းပွဲတော်ကို စည်ကား သိုက်မြိုက်စွာကျင်းပခဲ့

ဖေဖော်ဝါရီ ၂၄

တာမွေမြိုနယ်၊ အောင်မင်္ဂလာလမ်းရှိ “စရီသီလိုက်မာ ကာလီယမ္မာန်မယ်တော်ကြီး” ဘုရားကျောင်းမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ ယုံကြည်ကိုးကွယ်ရာ မီးနင်းပွဲ‌တော်ကို တော့ နှစ်စဉ် စဉ်ဆက်မပြတ် ကျင်းပခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တာဖြစ်ပါတယ်။

“ညီမ အဓိဌာန်ထားတဲ့ အရာလေး အောင်မြင်မှုရရှိခဲ့တဲ့ အတွက် နှစ်စဉ် ကိုယ့်ရိုးရာကို ကန်တော့တဲ့အနေနဲ့ နနွင်းဝတ်ပြီး အပ်ထိုးပြီးတော့ မီးနင်းတာပါ။ ညီမ ဒီလိုအဓိဌာန်ပြီးတော့ မီးနင်းတာဆိုရင်တော့ ၄ နှစ် ရှိပါပြီ။ မီးနင်းပွဲ ကာလရောက်ရင် ဘယ်လိုအဆင်မပြေမှုတွေဘဲ ဖြစ်ဖြစ် ပွဲတော်နားနီးရင် အဆင်ပြေသွားပါတယ်။ မယ်တော်က ဆုတောင်းက အရမ်းလည်းပြည့်ပါတယ် ” လို့ မီးနင်းသူတစ်ဦးက ပြောပါတယ်။

ဒီဘုရားပွဲတော်မှာတော့ လူမျိုးဘာသာမရွေး ကိုယ်ရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့အတူ အဓိဌာန်ဝင် ဥပုသ်စောင့်ပြီး မီးနင်းခဲ့ကြတာလည်းဖြစ်ပါတယ်။ အောင်မင်္ဂလာဘုရားပွဲကာလအနေနဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကနေ ဖေဖော်ဝါရီ ၂၃ ရက်အထိ ၁၀ ရက်တိုင်တိုင်ကိုတော့ သားသတ်လွတ် စတုဒိသာအလှူ ကျွေးမွေးခဲ့တာလည်း ဖြစ်ပါတယ်။

အဓိဌာန်အောင်မြင်သူတွေက မီးနင်းပွဲတော်မှာ ဥပုသ်သီလစောင့်ယူပြီးတော့ နနွင်းဝတ် ဝတ်ဆင်ထားသူ လူဦးရေ အယောက် ၃၀၀ ကတော့ မယ်တော်ကြီးကို ရည်စူးပြီး ခန္ဓာကိုယ်မှာ သံချွန်တွေနဲ့ထိုးပြီး ကလေးငယ်ကိုချီတာ စတာတွေနဲ့ မီးနင်းခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒီမီးနင်းပွဲတော်ရက်ဆိုရင်တော့ အလှဆင်ထားတဲ့ နွားချောကြီးတွေနဲ့ ဘုရားတင်ပြီးလှည့်လည်သလို အောင်မင်္ဂလာလမ်းမကြီးဟာ လုံးဝစည်စည်ကားကားနဲ့ လာ ရောက်လည်ပတ်သူတွေကိုလည်း ဖာလူဒါ ၊ အအေး၊ ရေသန့်စတာတွေကို ဒါနကုသိုလ်ပြု လှူဒါန်းခဲ့ကြပါတယ်။
ကိုဗစ်ကာလအတွင်းက မီးနင်းပွဲကို ကျင်းပခဲ့တာ မရှိခဲ့ဘဲ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ပြန်လည်ပြီး မီးနင်းပွဲတော် ကျင်းပခဲ့တာဖြစ်ပြီးတော့ လူဦးရေ အယောက် ၂၀၀ သာ ပါဝင်မီးနင်းခဲ့ကြသလို ယခု ၂၀၂၅ ခုနှစ်မှာတော့ လူဦး ရေ ၃၀၀ ပါဝင်ဆင်နွှဲခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါ့ပြင် အဆိုပါ ကျောင်းမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ဒီဇင်ဘာ ၂၉ ရက် ညနေပိုင်းကလည်း တတိယအကြိမ်မြောက် စရီအယပ္ပါးဆွာမိ အထူးပူဇော်ပွဲကြီးကို ကျင်းပခဲ့ပါသေးတယ်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
+7

တောသားတွေရဲ့ ဖေးဖရိတ် ဟီးရိုး

9 w - Translate

သူကလည်း ကျွန်တော့်ကိုစိတ်မချဘူး၊
ကျွန်တော်ကလည်း သူ့ကိုစိတ်မချဘူး။
လမ်းအတူတူ ဖြတ်ကူးရင်းတောင်
တယောက်ယောက်က ရူးသွားနိုင်တဲ့ ခေတ်လေ။
မီးလောင်နေတာကတော့
လမ်းမတွေအားလုံးပါပဲ။
▪️ကြည်ဇော်အေး

image

Hannibal lecter ဟာ Hand to hand combat မှာလဲ fighter တစ်ယောက်ဖြစ်ပါတယ် ။ ရုပ်ဖျက်လဲကျွမ်းသလို သူ့ပတ်ဝန်းကျင်မှာရှိတဲ့အရာတွေကိုလက်နက်အဖြစ်ကျွမ်းကျင်စွာသုံးတတ်ပါသေးတယ် ။ အဓိက အစွမ်းအနေနဲ့ Hannibal lecter ဟာ mind control ကို immune ပါတယ် ။

#crd
#internatonalmovenews

image
9 w - Translate

ခင်ခင်ထူး-မအိမ်ကံ
တစ်စစတွေးပြီးတနုံ့နုံ့ခံစားနေရတဲ့စာအုပ်🥺
"ပျိုလေးတို့ဗိုင်းရစ်ခုံ...ပန်းပုံလို့ပေး
ဘယ်အပျိုပန်ပြီလဲ...မောင်ကြီးကိုမေး...
ဘယ်အပျိုမှ ပန်ပါဘူးကွယ်...ပန်းဦးမို့လေး...
ဒေါင်းတလိပ် ခုနစ်စင်...ဘယ်စင်ကမွှေး
ပျိုတို့မောင် စင်တော်မြင့်က...လေသင့်ရာမွှေး..."
သူအများလေးစားအားကျရလောက်တဲ့ဂုဏ်သရေရှိတဲ့မအိမ်ကံ
သူ့မရဲ့အလှကိုစကားလုံးနဲ့တောင်ဖော်ပြလို့မရလောက်သည်အထိမှုံနေအောင်လှတဲ့မအိမ်ကံ
အလွန်ကြင်နာလွန်းတဲ့မအိမ်ကံ
အလွန်ကျက်သရေရှိလွန်းတဲ့မအိမ်ကံ
ထိုကဲ့သို့အဘက်ဘက်ကပြည့်စုံနေပေမဲ့
သူမရဲ့အမက်ခဲ့ရဆုံးအိပ်မက်ဖြစ်တဲ့ကွမ်းတောင်ကိုင်မဖြစ်ခဲ့ရသူလေး...
ဇောင်ချမ်းကုန်းရွာသူကြီးဦးသာထန်နဲ့အမေဒေါ်ပန်းရုံတို့ရဲ့သမီးငယ်
အဖေတူအမေကွဲအစ်ကိုမြတ်သာကလည်းသူ့ညီမလေး မအိမ်ကံကိုချစ်မှချစ်
ခေါ်တာတောင်"ကံကလေး"တဲ့💜
သူမငယ်ငယ်လေးကတည်းကသိပ်ဖြစ်ချင်ရှာတဲ့ကွမ်းတောင်ကိုင်ဟာဘာလို့မဖြစ်ခဲ့ရတာလည်း
ဘဝကိုအချိုးအကွေ့အခက်အခဲများစွာဖြင့်ရင်ဆိုင်ခဲ့ရတဲ့မအိမ်ကံ❤️‍🩹
မအိမ်ကံဝတ္ထုဆိုဟာဖြင့်ရသချည်းဘဲမဟုတ်သုတခံစားချက်ပါပေးသည့်ဝတ္ထု
အဂ်လိပ်ခေတ်ကမြန်မာအမျိုးသမီးများရဲ့ဝတ်စားဆင်ယင်ပုံ
ဂျပန်ခေတ်မှာမြန်မာတွေဂျပန်တွေကိုခက်ခက်ခဲခဲဘယ်လိုတိုက်ထုတ်ခဲ့ရသလည်းဆိုတာကိုလည်းထည့်သွင်းရေးသားထားပါသေးတယ်ဗျ💜

image
9 w - Translate

ဒါဟာ ခရိုအေးရှားနိုင်ငံ၊ Krka အမျိုးသားဥယျာဉ်အတွင်းက Visovac ကျွန်းငယ်လေးပေါ်မှာ တည်ရှိတဲ့ Visovac (ဗီဆိုဗက်စ်) ဘုန်းတော်ကြီးကျောင်း ပဲဖြစ်ပါတယ်။

သဘာဝအလှတရားတွေ နဲ့ ပြည့်နှက်နေတဲ့ Krka အမျိုးသားဥယျာဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို၊ သမိုင်းနဲ့ ယဉ်ကျေးမှုအရလည်း အလွန်တန်ဖိုးရှိတဲ့ နေရာတစ်ခုပါ။

၁၄ ရာစုမှာ Augustinian ဘုန်းတော်ကြီးတွေဟာ ဒီကျွန်းလေးပေါ်မှာ ဘုရားကျောင်းလေးတစ်ခုနဲ့ ဘုန်းတော်ကြီးကျောင်းကို စတင်တည်ထောင်ခဲ့ကြပါတယ်။ အဲဒီအချိန်တုန်းကတော့ "Lapis Albus" လို့ အမည်တွင်ခဲ့ပါတယ်။

၁၅ ရာစု မှာတော့ Franciscan ဘုန်းတော်ကြီးတွေဟာ ဘော့စနီးယားကနေ တူရကီကျူးကျော်မှုတွေကို ရှောင် တိမ်းရင်း ဒီကျွန်းကို ရောက်ရှိလာကြပါတယ်။

သူတို့ဟာ မူလရှိပြီးသား အဆောက်အဦးတွေကို ပြန်လည်မွမ်းမံပြီး ဘုန်းတော်ကြီးကျောင်းနဲ့ ဘုရားကျောင်းကို တိုးချဲ့တည်ဆောက်ခဲ့ကြပါတယ်။

၁၆ ရာစုနှောင်းပိုင်းမှာ အော်တိုမန်အင်ပါယာရဲ့ လွှမ်းမိုးမှုအောက်မှာ ခဏတာ ကျရောက်ခဲ့ပေမယ့်၊ ၁၆၇၂ ခုနှစ်မှာ Franciscan တွေက ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြပါတယ်။

ဘုန်းတော်ကြီးကျောင်းမှာ အလွန်တန်ဖိုးရှိတဲ့ စာကြည့် တိုက်တစ်ခုရှိပါတယ်။ ရှေးဟောင်းစာအုပ်တွေ၊ incunabula (၁၅ ရာစု မတိုင်မီက ပုံနှိပ်စာအုပ်များ)၊ သမိုင်းဝင်စာရွက်စာတမ်းတွေ၊ ဘာသာရေးဆိုင်ရာ ကျမ်း စာအုပ်တွေ အများအပြားကို စုဆောင်းထားပါတယ်။

နောက်ပြီး ဘုန်းတော်ကြီးကျောင်းမှာ သေးငယ်တဲ့ ပြတိုက်တစ်ခုလည်း ရှိပြီး၊ ဘာသာရေးဆိုင်ရာ အသုံး အဆောင်ပစ္စည်းတွေ၊ သမိုင်းဝင်ပစ္စည်းတွေနဲ့ ရှေးဟောင်းသုတေသန တွေ့ရှိချက်တွေကို ပြသထားပါတယ်။

ယနေ့ခေတ်မှာတော့ Visovac ဘုန်းတော်ကြီးကျောင်းဟာ သမိုင်း၊ ယဉ်ကျေးမှု၊ ဘာသာရေးနဲ့ သဘာဝအလှတရားတို့ ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ နေရာတစ်ခုဖြစ်ပြီး၊
ခရိုအေးရှားနိုင်ငံရဲ့ အရေးပါတဲ့ ယဉ်ကျေးမှုအမွေအနှစ်နေရာတစ်ခုအဖြစ် တည်ရှိနေပါတယ်။

image
9 w - Translate

ဘယ်သူ့ဆီကို ခေါင်းထိုး ငိုလို့ ငိုရမယ်မှန်း
မသိတဲ့ နေ့တွေမှာ ငါ မင်းကို သိပ်သတိရတာပဲ
ငါ တောင်းပန်ပါတယ်။
#ယဉ်ဝယ်ထက်

image

မလိုတဲ့အခါ ပေးကြတယ်
လိုအပ်တဲ့ အခါ ပြေးကြတယ်
အမြင့်ခေါ်ပြီး
ရိုက်ချသလို
မသေဆေးကျွေးပြီး
သေအောင်သ၊တ်ကြသလို..
ဘာမသိညာမသိ ခေတ်ထဲ
နှလုံးသားကို ရင်းခြင်းမှာ
သိက္ခာတွေပါ ရှုံးရတယ် ။

image
9 w - Translate

ဆေးရုံဆေးခန်းသွားတဲ့အခါမှာသုံးတဲ့ အဂ်လိပ်စကားလုံးများ🧑🏼‍⚕️🧑🏼‍⚕️🧑🏼‍⚕️

#easyenglish
#englisheverywhere

image
9 w - Translate

ဆေးရုံဆေးခန်းသွားတဲ့အခါမှာသုံးတဲ့ အဂ်လိပ်စကားလုံးများ🧑🏼‍⚕️🧑🏼‍⚕️🧑🏼‍⚕️

#easyenglish
#englisheverywhere

image