4 ပတ် - ဘာသာပြန်ပါ။

❝ ဒေါ်စတိုယက်စကီး ❞ တစ်ယောက်
ဝတ္ထုရေးခဲ့တာမှ ဟုတ်ရဲ့လားဟု
ကျွန်တော် သံသယဝင်လာ၏။
သူဝင်ချင်သော သူတစ်ယောက်၏
ဝမ်းခေါင်းထဲဝင်ကာ သူပြောချင်တာတွေကို တတွတ်တွတ် ပြောနေသည်ဟု ထင်လိုက်မိ၏။
ဖုံးကွယ်ထားသော လူ၏ ဝိညာဉ်အား
အကြောက်အလန့်မရှိ
တူးဆွနေသူဟုလည်း မြင်မိ၏။
လူ့ဘဝ၌ ရှောင်လွှဲမရနိုင်သော
ဒုက္ခဝေဒနာဆိုးများ၊
ကောက်ကျစ်ယုတ်မာမှုများ၊
ရက်စက်ရိုင်းစိုင်းမှုများ၊
လူ၏ချစ်ခြင်းမေတ္တာနှင့်
မျှော်လင့်ရာမဲ့သော ဘဝ၏အနာဂတ်တို့အား
သူ့ရင်တွင်းသို့ အလျင်မြန် ကူးစက်ခံစားနိုင်ပြီး
ထိုဝေဒနာများကို ဇာတ်ကောင်များတွင်
ထိတ်လန့်ကြောက်ရွံ့စရာကောင်းလောက်အောင်
သွတ်သွင်းဖန်တီးနိုင်သူတစ်ဦးလည်း ဖြစ်၏။
• တင်ဦးခက် •
❛ ညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုး ❜

image
4 ပတ် - ဘာသာပြန်ပါ။

Kamu Tidak Sendiri (2022)
---------------------------------------

-အင်ဒိုနီးရှားဇာတ်ကားထဲမှာ ဒီကားသဘောအကျဆုံးပဲ ။

အင်ဒိုနီးရှားနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ကြောင့် အထူးသဖြင့် ငလျင်၊ဒါတွေကြောင့် လူတွေထိခိုက်သေဆုံးရတာတွေ ၊ အပျက်အစီးအောက်မှာ ပိတ်မိနေတဲ့သူတွေ ခံစားရတာတွေ ၊

ကိုယ်ချစ်တဲ့သူ တန်ဖိုးထားရတဲ့သူတွေကို မေ့လျော့ပစ်ပယ်မထားသင့်ဘူးဆိုတာတွေ၊ စတာစတာတွေကိုအရိုးရှင်းဆုံး ဘာလှည့်ကွက် ဘာဝှက်ကွက်မှမပါပဲ ရိုက်ပြထားတာပါ။

ဇာတ်လမ်းက ဓာတ်လှေကားမှာ စပြီးတော့ ဓာတ်လှေကားမှာပဲ ဆုံးသွားတာပါ။

မင်းသားကြီး Ryan Reynolds ရဲ့ Burn ကိုတောင် သွားသတိရမိတယ် အဲ့လောက်တော့ မမွန်းကျပ်ဘူးပေါ့လေ။

ဇာတ်အိမ်ကတော့ မင်းသမီးက ကုမ္ပဏီမှာ အထက်လူကြီးတစ်ယောက်၊မသိတဲ့သူကို စကားပြောဖိုဝန်လေးသူ ။

အပေါက်ဆိုးတယ် ဆက်ဆံရေးမကောင်းဘူးလို သတ်မှတ်ခံထားရတဲ့သူ။

တစ်နေ့ မနက်ဖြန်အမှီအလုပ်အပြီးသတ်ရမှာဆိုတော့ ညနက်မှအလုပ်ကဆင်းမယ့်အချိန် ဓာတ်လှေကားကနေအဆင်း တစ်လွှာတည်း အလုပ်လုပ်ကြတဲ့ကောင်လေးနဲ့ကြုံ....

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/kdramabox1/792

image
4 ပတ် - ဘာသာပြန်ပါ။

❝ ဘာကိုရှာတာလဲ ❞
သားပျောက်ရှာ
သမီးပျောက်ရှာ
လင်ပျောက်ရှာ
မယားပျောက်ရှာ
ဘာဖြစ်မလဲ ။
ဒီဝတ္ထုထဲမှာ
ဆန်းကြယ်တဲ့ ကံကြမ္မာအကြောင်းပါမယ်။
ခေတ်တစ်ခုကိုဖြတ်သန်းရင်း တွေ့ရမယ့်
ရက်စက်တာတွေ၊ ကြမ်းကြုတ်တာတွေ ၊
ပုထုဇဉ်သဘာဝရဲ့ရမ္မက်တွေ ၊ ပူလောင်မှုတွေ။
ဒါတွေအားလုံးကို ' Yu Hua ' က
သူ့စတိုင်အတိုင်း ကွက်ကွက်ကွင်းကွင်း
ထိထိမိမိ အသေးစိတ် ပြထားတယ်။
စကိုင်လိုက်မိရင် ဆုံးတာတောင်
လက်ကမချနိုင်သေးပဲ ဇာတ်ကောင်တွေကို
တသသလွမ်းနေအောင် လုပ်ထားနိုင်တာတော့
' ရှာတော်ပုံ ' ဝတ္ထုရဲ့
အားသာချက်လို့ ပြောရလိမ့်မယ်။
‘ရှာတော်ပုံ‘ ထဲက အရေးအသားအချို့ကတော့ -
• အောင်သွယ်မက
ရှောင်မေနဲ့ ဇာတာ မစပ်ခင်
ဇာတာစာရေးခဲ့သေးသလားလို့
လင်းသျှန်ဖူကို မေးတယ်၊ ဇာတာစာက
ဘာလဲဟင်လို့ လင်းသျှန်ဖူက ပြန်မေးတော့
အောင်သွယ်မလည်း ‘အာ ယာ ..’ ဆိုပြီး
ကိုယ့်ပေါင်ကိုယ်ပုတ်ကာ -
“လောကကြီးမှာ ဒီလို ထူးဆန်းအံ့ဖွယ်တွေလည်း
ရှိသေးပါကလားနော်၊ ဇာတာမစပ်
ဇာတာ စာမရေးဘဲနဲ့ ယောက်ျားနဲ့ မိန်းမ
မင်္ဂလာဦး အိပ်ခန်းထဲ ဝင်ကြရောလား” လို့
ပြောလိုက်တယ်။
• ဓားစာခံ ၂၂ ယောက်မှာ
နားရွက် ၂၂ ဖက် လျော့သွားပြီး
သူတို့က တစ်ယောက်ကိုတစ်ယောက်
ကြည့်နေရင်း တစ်ခဏအတွင်း အများကြီး
ပိန်ကျသွားပါလားလို့ အောက်မေ့မိကြတယ်။
ရေပေါ်ရှပ်နဲ့ ဓားပြအချို့က သူတို့နား
ဖြတ်လျှောက်ပြီး နားရွက်ပြတ်တွေကို
ပြုံးဖြဲဖြဲနဲ့ ထုတ်ပြကြတယ်။ ရေပေါ်ရှပ်က
သူတို့ကို ပြောတယ်။
“မင်းတို့ နားရွက်ပြတ်တွေကို တွေ့တယ်နော်၊
သူ့မေတဲ့မှ ပြန်ပေးရွေးငွေ နောက်ထပ်
ပို့မလာဘဲ နေလို့ကတော့ မင်းတို့
ခေါင်းတွေကိုပါ ဖြတ် ပစ် မယ်”
• ကုမိသားစုက သူဌေးသားဟာ
ချမ်းသာသလောက် ရက်ရောမှုတော့ မရှိပေဘူး။
သူက ဇိမ်မယ်တွေကို တစ်ဝက်ဈေးပဲ ပေးတယ်။ အကြောင်းပြချက်ကတော့ သူ့အရပ်က
အရွယ်ရောက်ပြီး ယောက်ျားအရပ်ရဲ့
တစ်ဝက်ပဲရှိလို့ တစ်ဝက်ဈေးပဲ
ပေးသင့်တယ် ဆိုပဲ။ ကုထုန်ညန်ဟာ
အသက်သာငယ်တယ်၊ လောဘကတော့
အင်မတန်ကြီးတယ်။ ဇိမ်မယ် တစ်ခါခေါ်ရင်
နှစ်ယောက်ခေါ်တယ်။ ဇိမ်မယ်တွေကလည်း
တစ်ဝက်ဈေးနဲ့ လိုက်ရတယ်ဆိုပေမယ့်
အဲ့ဒီနှုတ်ခမ်းမွေးမပေါက်သေးတဲ့
ကောင်ဆိုးလေးကို နှစ်ယောက်တစ်ယောက်
ဆက်ဆံရမှာဆိုတော့ မပင်မပန်း
သက်သက်သာသာ ရှိလိမ့်မယ်လို့ ထင်မိကြတယ်။ ဇိမ်မယ်တွေဟာ ခုတင်ပေါ် ရောက်တာနဲ့
တစာစာ ညည်းတွားကြရရှာတော့တာပဲ။

image
4 ပတ် - ဘာသာပြန်ပါ။

❛ မောင်ချောနွယ်ဆန်သွားသောနေ့များ ❜
• • •
အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက်
ညတိုင်းသီချင်းတွေ ဆိုခဲ့တယ်။
ထောင့်ချိုးများ လင်းဖို့ ဆုတောင်းရင်း
မျဉ်းဖြောင့်တစ်ကြောင်းလို နေခဲ့တယ်။
အပင်ကိုချစ်လို့
အမြစ်ကို ရေစင်လောင်းရင်း
အကြမ်းဆုံးမြစ်ကို ဆန်ခဲ့တယ်။
အလိုလိုကြွေကျတဲ့
သစ်သီးများသာစားသုံးရင်း
ဟောဒီ
ကမ္ဘာလောကရဲ့ ချောင်းလေးတစ်ခုမှာ
အရေးမပါတဲ့ ငှက်ကလေးတစ်ကောင်လို
ငါ့အနုပညာနဲ့သာ ငါနေထိုင်ရင်း
အလင်းဓာတ်ကို မြတ်နိုးခဲ့ပါတယ်။
ရေဆူအမှတ်မှာ မီးခိုးအူအူနဲ့ ဆန်တက်မြဲ
ဘယ်လက်ဝှေ့ပွဲမှ မထိုးခဲ့ပါ။
ဘယ်ပြေးပွဲပြိုင်ပွဲမှလည်း မပါဝင်ခဲ့ပါ။
ခု အသက် ၅၃ နှစ်ထဲရောက်ချေပေါ့
နာတာရှည်ရောဂါ နဲ့
သူများလက်ဆောင်ပေးတဲ့ ပန်းသီးလေး
ခွဲမစားဖြစ်သေးပါ ။ ။
▫️မောင်ချောနွယ်▫️
× × × × × ×

image
4 ပတ် - ဘာသာပြန်ပါ။

Circle to Search လည်း iOS 26 မှာ ရပြီ (Kinda 🫠)​
.
iOS 26 ရဲ့ Apple Intelligence Feature တစ်ခုဖြစ်တဲ့ Visual Intelligence Feature က ပိုပြီး Upgrade ဖြစ်လာတယ်။
ဒါက လက်ရှိ Android ဖုန်းတွေမှာ Google က Circle to Search ဆိုပြီး ထည့်ပေးနေသလိုမျိုး Visual Intelligence ကလည်း ကိုယ့်ဖုန်း Screen မှာ မြင်ရတဲ့အကြောင်းကို ရှာဖွေ မေးမြန်းနိုင်တော့မှာပါ။
Circle to Search နဲ့မတူတာက ကိုယ်သိချင်တာကို ဝိုင်းမယ့်အစား ထိပြီး Highlight လုပ်လိုက်တာနဲ့ ရှာလို့ရမယ်။ Google တို့ Etsy လိုမျိုး Online Shopping Platform တွေအပြင် ChatGPT နဲ့ပါ Integrate လုပ်ထားတော့ ဥပမာ - ဖုန်း Screen မှာ မြင်ရတဲ့ ဓါတ်ပုံက ဘယ်ကပုံလဲဆိုပြီး ChatGPT ကိုပါ "Ask" အနေနဲ့ မေးလို့ရသွားမယ်။
Google Circle to Search ဆိုပေမယ့် ပိုပြီး Option စုံသလို ChatGPT နဲ့ပါ တန်းအလုပ်လုပ်နိုင်တော့ နောက်ကျပေမယ့် တမူးပိုသာသွားပြန်သလားပေါ့ 🫥

image
4 ပတ် - ဘာသာပြန်ပါ။

❛ မောင်ချောနွယ်ဆန်သွားသောနေ့များ ❜
• • •
အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာကြီးအတွက်
ညတိုင်းသီချင်းတွေ ဆိုခဲ့တယ်။
ထောင့်ချိုးများ လင်းဖို့ ဆုတောင်းရင်း
မျဉ်းဖြောင့်တစ်ကြောင်းလို နေခဲ့တယ်။
အပင်ကိုချစ်လို့
အမြစ်ကို ရေစင်လောင်းရင်း
အကြမ်းဆုံးမြစ်ကို ဆန်ခဲ့တယ်။
အလိုလိုကြွေကျတဲ့
သစ်သီးများသာစားသုံးရင်း
ဟောဒီ
ကမ္ဘာလောကရဲ့ ချောင်းလေးတစ်ခုမှာ
အရေးမပါတဲ့ ငှက်ကလေးတစ်ကောင်လို
ငါ့အနုပညာနဲ့သာ ငါနေထိုင်ရင်း
အလင်းဓာတ်ကို မြတ်နိုးခဲ့ပါတယ်။
ရေဆူအမှတ်မှာ မီးခိုးအူအူနဲ့ ဆန်တက်မြဲ
ဘယ်လက်ဝှေ့ပွဲမှ မထိုးခဲ့ပါ။
ဘယ်ပြေးပွဲပြိုင်ပွဲမှလည်း မပါဝင်ခဲ့ပါ။
ခု အသက် ၅၃ နှစ်ထဲရောက်ချေပေါ့
နာတာရှည်ရောဂါ နဲ့
သူများလက်ဆောင်ပေးတဲ့ ပန်းသီးလေး
ခွဲမစားဖြစ်သေးပါ ။ ။
▫️မောင်ချောနွယ်▫️
× × × × × ×

image
4 ပတ် - ဘာသာပြန်ပါ။

Apple Watch လည်း Liquid Glass Design ဖြစ်ပြီ -
ဒါ့အပြင် iOS 26 ရဲ့ Feature တွေပါ ထပ်ရလာပါတယ် - Call Screening တွေ၊ Hold Assist တွေ၊ Live Translation တွေကိုပါ Apple Watch လိုမျိုး Wearable မှာ ထည့်ပေးလိုက်တာဆိုတော့ တော်တော်လုပ်ပေးနေတာပဲ 🫠

image
4 ပတ် - ဘာသာပြန်ပါ။

Apple Watch လည်း Liquid Glass Design ဖြစ်ပြီ -
ဒါ့အပြင် iOS 26 ရဲ့ Feature တွေပါ ထပ်ရလာပါတယ် - Call Screening တွေ၊ Hold Assist တွေ၊ Live Translation တွေကိုပါ Apple Watch လိုမျိုး Wearable မှာ ထည့်ပေးလိုက်တာဆိုတော့ တော်တော်လုပ်ပေးနေတာပဲ 🫠

image
4 ပတ် - ဘာသာပြန်ပါ။

Apple Watch လည်း Liquid Glass Design ဖြစ်ပြီ -
ဒါ့အပြင် iOS 26 ရဲ့ Feature တွေပါ ထပ်ရလာပါတယ် - Call Screening တွေ၊ Hold Assist တွေ၊ Live Translation တွေကိုပါ Apple Watch လိုမျိုး Wearable မှာ ထည့်ပေးလိုက်တာဆိုတော့ တော်တော်လုပ်ပေးနေတာပဲ 🫠

imageimage
4 ပတ် - ဘာသာပြန်ပါ။

လူသားတွေကြောင့် ဖျက်စီးခြင်းနတ်ဘုရားပြန်လည်လွှတ်မြောက်လာတဲ့အခါ

FernGully The Last Rainforest (1992)

ဇာတ်လမ်း အကျဉ်းကတော့ ကမ္ဘာကြီးကို သစ်တောတွေနဲ့ပဲဖုံးလွှမ်း ထားတဲ့အချိန်တုန်းက နတ်သူငယ်လေးတွေက
တောအုပ် ကြီးရဲ့ အစောင့်အရှောက်တွေ ဖြစ်ခဲ့ကြပါတယ်။သူတိုရဲ့အရင်းနှီးဆုံးမိတ်ဆွေက လူသားတွေ ဖြစ်ခဲ့ကြတာပါ့။ဒီလိုနဲ့ တစ်နေ့မှာ ဟက်ဇပ်ဆိုတဲ့ ဖျက်ဆီးခြင်းနတ်ဘုရားနိုးထလာပြီး သစ်တောကြီးအပါအဝင် အရာအားလုံးကိုပျက်စီးအောင် လုပ်ပစ်ခဲ့လို လူတွေလည်း တောထဲကနေထွက်ပြေးသွားပါတယ်။ နတ်သူငယ်တွေက ဟက်ဇပ်ကိုမှော်အစွမ်းနဲ့ ထိန်းသိမ်းထားပြီး သစ်ပင်ကြီးတစ်ပင်ထဲမှာပိတ်ဆိုဖမ်းဆီးထားနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာချိန်မှာတော့ လူသားတွေ တောထဲကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ နတ်သူငယ်တွေရဲ့မိတ်ဆွေတွေအဖြစ်မဟုတ်ဘဲ တောအုပ်ကိုရှင်းပစ်ပြီး မြိုပြချဲ့ထွင်ဖိုလုပ်မယ့်လူတွေအဖြစ်နဲ့ပါ။ သူတိုကြောင့်ပဲ ဟက်ဇပ်ကိုချုပ်ထားတဲ့သစ်ပင်ကြီး လဲသွားပြီး ဟက်ဇပ်ပြန်လွတ်လာတဲ့အခါမှာနတ်သူငယ်လေးတွေက သူ့ကို ထပ်ပြီးတားဆီးဖိုအတွက်ဖြစ်လာပါတော့တယ်။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/mmsub2005/3215

image