7 w - Translate

ဝက်သားစင်းကောဆီပြန်
ဝက်သားကို အသားလေးတွေပဲ စင်းကောလုပ်
အရသာအတွက် ဆား၊ပဲငံပြာရည်အကြည် အနောက် ငံပြာရည် ဆနွင်းတို့နဲ့နယ်ထားအချိုတွက် အချိုမှုန့်(သိူ့)သကြားနဲနဲထည့်ပါ
ကြက်သွန်ဖြူနီဂျင်းကို ထောင်းပြီး ဆီသတ်ပါ
အရောင်တင်မှုန့် ပြီးမှ ဝက်သားကိုထည့်လုံးပါ
ဝက်သားလုံးရေခမ်းမှ ရေထည့်ပါ
အသားနူးခါနီးမှ ကြက်သွန်ကွင်း ခရမ်းချဉ်သီး အတုံးလေးတွေထည့် ငရုတ်သီးစိမ်း ရှမ်းနံနံလေး အုပ်လိုက်ပါတယ်
မွှေးပြီး စားကောင်းတဲ့ ဝက်သားစင်းကောလေးရပါပြီနော်

image
7 w - Translate

Need a caption

image
7 w - Translate

Absolutely 💯

image
7 w - Translate

Absolutely 💯

image
7 w - Translate

Absolutely 💯

image
7 w - Translate

Absolutely 💯

image
7 w - Translate

Absolutely 💯

image
7 w - Translate

Absolutely 💯

image
7 w - Translate

Absolutely 💯

imageimage
+4
7 w - Translate

ပြည်သူ့ရင်ပြင်၌ MSME ထုတ်ကုန် သီတင်းကျွတ်ဈေးရောင်းပွဲ ကျင်းပမည်
-------------------------
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ သီတင်းကျွတ်ကာလ အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်ထိ MSME ထုတ်ကုန် သီတင်းကျွတ် ဈေးရောင်းပွဲတော် နဲ့ ဂီတပွဲတော် ကျင်းပပြုလုပ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နေ သိရပါတယ်။

အဲဒီ ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၁၁ ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၃) မှာ ပြုလုပ်ခဲ့ပါတယ်။

ပြည်တွင်းထုတ်ကုန်တွေ နဲ့ ပြည်ပသွင်းကုန်အစားထိုးထုတ်ကုန်တွေကို အားပေးမြှင့်တင်ဖို့ ပြည်တွင်းထုတ်ကုန် တွေကို ပြည်ပကို တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်ဖို့ MSME ထုတ်ကုန်ဈေးရောင်းပွဲမှာ အဓိက ထုတ်ကုန်တွေ အပါအဝင် အခြားထုတ်ကုန် အမျိုးမျိုးကို ပူပေါင်းရောင်းချတဲ့အတွက် အချင်းချင်း ပညာရပ်ဆိုင်ရာ ဖလှယ်နိုင်တာ စတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလို ဈေးရောင်းပွဲတော်တွေ စက်မှုထုတ်ကုန်တွေကို ရောင်းချတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောပါတယ်။
သီတင်းကျွတ် ဈေးရောင်းပွဲတော်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တွေ MSME လုပ်ငန်းရှင်တွေ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန သမဝါယမဦးစီးဌာန စက်မှု ထုတ်ကုန်တွေ တိုင်း နဲ့ ပြည်နယ်တွေက ဒေသထွက်ကုန်ပစ္စည်းတွေ နဲ့ အစားအစာအရောင်းဆိုင်တွေ စားသောက် ဆိုင်ခန်းတွေ အပါအဝင် ဈေးဆိုင်ခန်းပေါင်း ၄၂၀ နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပွဲတော်ရက်တွေအတွင်း အလှူရှင်တွေရဲ့ နေ့စဉ်စတုဒိသာကျွေးမွေးတာ ရုပ်ရှင် သဘင် နဲ့ ဂီတနယ်ပယ်မှ အနုပညာရှင်တွေရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပြီး ပွဲတော်လာပြည်သူတွေ သွားလာရေး အဆင်ပြေစေဖို့ အကြို/အပို့ ကားတွေ စီစဉ်ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-ပုံဟောင်း

image