4 w - Translate

The Jungle Bunch Operation Meltdown (2023)

ဒီတစ်ခါမှာတော့ "Jungle Bunch" ဆိုတဲ့ တောအုပ်ထဲက တိရစ္ဆာန်လေးတွေရဲ့ သူတိုနေထိုင်ရာတောအုပ်ကြီးကို အန္တရာယ်ထဲကနေကယ်တင်ပေးဖို စွန့်စားခန်းတွေနဲ့ရင်ဆိုင်တိုက်ခိုက်ပုံတွေကိုရိုက်ကူးထားတဲ့ ကာတွန်းကားလေးကိုတင်ဆက်ပေးချင်ပါတယ်

မောရစ်ဟာ သူ့ကိုယ်သူကျားတစ်ကောင်လိုထင်မှတ်နေတဲ့ပင်ကွင်းတစ်ကောင်ပါ သူဟာတောအုပ်အကျိုးဆောင်အဖွဲခေါင်းဆောင်တစ်ယောက်ပါ တစ်နေ့ သူတိုရဲ့တောအုပ်ထဲက အပင်တွေမှာ အမည်မသိပန်းရောင်ဓာတ်ပစ္စည်းတစ်မျိုးပြန့်နှံလာပါတယ် အဲ့ဒီပစ္စည်းဟာ ရေနဲ့ထိတွေ့ရင်အပြင်းအထန်ပေါက်ကွဲတတ်တာမလို အဲ့ပစ္စည်းကိုချေဖျက်ဖို ဖြေဆေးလိုအပ်တယ်ဆိုတာသိရှိသွားပါတယ်

ဒါပေမဲ့ အဲ့ဒီဖြေဆေးကို အဲလ်ဘတ်ဆိုတဲ့သိပ္ပံပညာရှင်တစ်ယောက်ကသာလျှင်ဖော်ထုတ်နိုင်မှာဖြစ်တာကြောင့် အဲလ်ဘတ်ကိုလိုက်လံရှာဖွေဖို မောရစ်နဲ့သူ့ရဲ့အဖွဲဝင်တွေဟာ အဝေးကြီးကိုခရီးနှင်လာရပါတော့တယ် ဒါပေမဲ့ မိုးရာသီကလည်းဝင်တော့မှာဖြစ်တာကြောင့် ရေနဲ့ထိရင်ပေါက်ကွဲတတ်တဲ့အဲ့ဒီပန်းရောင်ပစ္စည်းကိုဖယ်ရှားဖိုအတွက် ဖြေဆေးကိုမိုးမကျခင်အမှီဖော်နိုင်မှဖြစ်မှာပါ

နောက်ပြီး အဲ့ဒီဓာတ်ပစ္စည်းကို တောအုပ်ထဲမှာ ပြန့်နှံနေအောင် ဘယ်သူကလုပ်ခဲ့တာလဲ ဘာကြောင့်လုပ်ခဲ့တာလဲ အဲ့ဒီတရားခံကပဲ မောရစ်တိုအုပ်စုကို ခရီးဖင့်အောင် လမ်းခရီးမှာ အဖျက်အမှောက်လုပ်သေးတာကြောင့် အန္တရာယ်မျိုးစုံနဲ့ရင်ဆိုင်ရပါတော့တယ်

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/relaxmovie1/1467

image

other:ဟဲ့နင်တို့က red flag တွေ တအား ပလေးတာဆို ဟုတ်လား <br>Us:ဘယ်ကသာမူတ်ဘူး မူတ်ဘူး လုံးဝမူတ်ဘူးးးးး

1 life, 1 love , 1 person and it’s always you cuz u’re my ကမ္ဘာငယ်လေး <br>ကမ္ဘာငယ်လေး / အိမ့်ချစ်

4 w - Translate

ငယ်ငယ်ကတည်းက မိဘတွေကွယ်လွန်သွားတဲ့အတွက် ‌အမျိုးတွေရဲ့အိမ်မှာ လိုက်နေနေရတဲ့ နာဆုမဲတာကာရှိက အဘွားဖြစ်သူ နာဆုမဲရဲခိုရဲ့ ဝိညာဉ်မြင်နိုင်စွမ်းကိုအမွေရရှိခဲ့ပါတယ်။

အဲဒီအစွမ်းအပြင် အဘွားဖြစ်သူရဲ့ပစ္စည်းတွေကိုပါ အမွေရခဲ့ပြီး အဲဒီအမွေပစ္စည်းတွေထဲမှာ စာအုပ်လေးတစ်အုပ် ပါလာပါတယ်။

အဲဒီစာအုပ်ကတော့ အဘွားဖြစ်သူ နာဆုမဲရဲခိုတစ်ယောက် ငယ်စဉ်က မကောင်းဆိုးဝါးတွေကိုအနိုင်ယူပြီး နာမည်တွေစုဆောင်းထားခဲ့တဲ့စာအုပ်လေးပါ…

မကောင်းဆိုးဝါးတွေရဲ့နာမည်တွေဖြစ်တဲ့အလျောက် နာမည်ကိုခေါ်လိုက်ရင် အခေါ်ခံရတဲ့မကောင်းဆိုးဝါးက အမိန့်ကိုနာခံရတဲ့အစွမ်းပါရှိပါတယ်။

အဲဒီလိုအစွမ်းကြီးတဲ့စာအုပ်ကို အပိုင်စီးချင်တဲ့မကောင်းဆိုးဝါးတွေရဲ့ရန်ကနေ ထွက်ပြေးရင်း နာဆုမဲတာကာရှိတစ်ယောက်က နာမည်ပိုင်ရှင်မကောင်းဆိုးဝါးတွေကို နာမည်လိုက်ပြန်ပေးနေပါတယ်။

2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားလေးထဲမှာတော့ နာဆုမဲတစ်ယောက် အဘွားကိုသိတဲ့လူတစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုမျိုးမကောင်းဆိုးဝါးတွေနဲ့တွေ့ရမယ်၊

အဘွားဖြစ်သူရဲ့ဘယ်လိုဇာတ်ကြောင်းတွေကို သိရှိရမယ်ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/Night_Movie_MM_Sub/503

image
4 w - Translate

နေ နဲ့ လ ကို မိစ္စာတွေရဲ့ ရန်ကနေ ကာကွယ်ပေးရတဲ့ အကောင်လေးတွေ....

Mune: Guardian of the Moon ( 2014 ) 📱
===============================

ဇာတ်လမ်းအစမှာ နေနဲ့လရဲ့စောင့်ရှောက်သူတွေဟာ ကမ္ဘာကြီးကိုဟန်ချက်ညီအောင်ထိန်းသိမ်းနေကြရတယ်။

နက်ခရော့ဆိုတဲ့ မိစ္စာတစ်ကောင်က စောင့်ရှောက်သူအသစ်ခန့်အပ်လွှပြောင်းပွဲအပြီးမှာ လူသစ်လေးတွေဖြစ်တာကိုအခွင့်ကောင်းယူပြီး နေကိုခိုးဖိုကြိုးစားပါတော့တယ်။

အရည်ပျော်လိုက် ခဲလိုက်ဖြစ်နေတဲ့ ဖယောင်းကောင်မလေးက ဘယ်လိုတွေကူညီပေးနိုင်မလဲ။

စောင့်ရှောက်သူတွေဖြစ်တဲ့ မူရ် နဲ့ ဆိုဟွန်းတိုဘယ်လိုတွေကြိုးစားပြီး ကမ္ဘာကြီးကိုကယ်တင်ကြမလဲဆိုတာ ၊

ရင်ခုန်စရာလေးတွေ ဟာသလေးတွေရောပြီး မိသားစုနဲ့တူတူ ကြည့်ဖို အသင့်တော်ဆုံးကားလေးတစ်ကားပဲ ဖြစ်လို အခုပဲ ဒေါင်းထားလိုက်ကြတော့နော်။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/kdramabox1/272

image
4 w - Translate

ြေအောက်မြိုတော်မှာ နေကြတဲ့ရှေးဟောင်း မံမီသုံးကောင်ဟာ ယ​နေ့ခေတ်လန်ဒန်မြိုပေါ်ကို မတော်တဆရောက်လာတဲ့အခါ.....

Mummies ( 2023 ) 📱
================

ဟာသကာတွန်းရုပ်ရှင်အသစ်လေးတစ်ခုလာပါပြီ ။ နာမည်အတိုင်းပဲ ဇာတ်ကောင်တွေက မံမီတွေဖြစ်ပါတယ်။

ရှေးခေတ်အီဂျစ်လူမျိုးတွေဟာ သေလွန်ပြီးတဲ့နောက်မှာ တမလွန်ခေါ် မြေအောက်ကမ္ဘာကို ရောက်သွားတယ်လို ယုံကြည်ကြပါတယ်။

အစပထမမှာတော့ မြေအောက်ကမ္ဘာခရီးအဆုံးမှာ သူတိုရဲ့အလောင်းတွေဟာ အသက်ပြန်ဝင်နိုးထလာမယ်လို ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမဲ့ အလောင်းတွေဟာ ပုပ်ဆွေးသွားတယ်ဆိုတာကို သိလာပြီးနောက်မှာတော့ တမလွန်ခရီးကအပြန် ရှင်သန်နိုင်ဖို အလောင်းတွေကို မပျက်စီးအောင်ထိန်းသိမ်းထားဖိုလိုတယ်လို ယူဆခဲ့ကြပြီး ဆေးစိမ်ပတ်တီးစည်းခဲ့ကြပါတော့တယ်။

အဲဒီအလောင်းတွေကို မံမီတွေလိုခေါ်ပါတယ်။ Mummy ဆိုတဲ့စကားဟာ ရှေးဟောင်း Arabic စကားလုံး mūmiyā ကို လက်တင်ဘာသာနဲ့ mumia လိုခေါ်ရာကနေ ဆင်းသက်လာတာပါ။

အဓိပ္ပါယ်ကတော့ မပုပ်သိုးအောင်ထိန်းသိမ်းထားတဲ့အလောင်းဆိုတာပါပဲ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/relaxmovie1/1502

image
4 w - Translate

ဒဏ်ရာဟောင်းရှိတဲ့သူလေးတွေဆို ကြည့်ရင်း တစ်ရှူးဆောင်ရမယ့်ကားလေး... 🥺

Ride Your Wave ( 2019 ) 📱
=====================

ဒီကားလေးက2019မှာ စပြီး Weathering With You / Stampede တိုနဲ့ ရုံတင်တာချင်းတူခဲ့တဲ့ကားလေးပါ။

ဒါပေမဲ့လူတော်တော်များများက Weathering နဲ့ Stampede တိုကိုပဲ စိတ်၀င်စားခဲ့ကြတော့ ဒီဇာတ်ကားလေးက နစ်မြုပ်နေခဲ့ပါတယ် ။

ဒီကားကို ကြည့်မယ်ဆိုရင်တော့ တစ်ရှူးဆောင်ထားရပါမယ်နော် ။

ဒဏ်ရာဟောင်းရှိတဲ့သူတွေ ဆိုရင်တစ်ရှူးကို ပိုတောင် ဆောင်ထားသင့်ပါသေးတယ်

ဒီကားလေးက အစကနေ အဆုံးထိတခန်းမှ ကျော်ပစ်ချင်စရာမရှိလောက်အောင်ကောင်းချက်ပဲ

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/englishmovie200/664

image
4 w - Translate

Big Hero 6 ဇာတ်ကားလို vibe မျိုးပြန်ရစေမဲ့စက်ရုပ်လူစွမ်းကောင်းအန်နီမေးရှင်းဇာတ်ကားလေး 💜

Mechamato movie ( 2022 ) 📱
=======================

Mechamato စီးရီး ရဲ့ prequel ဇာတ်လမ်းဖြစ်လို စီးရီးမကြည့်ဖူးဘူးဆိုရင်တောင်ဒီကားကနေစကြည့်နိုင်ပါတယ် ။

ဒီကားမှာ အာမန်တိုက အသွင်ပြောင်းစက်ရုပ်မတ်ချာဘော့တ်နဲ့ဘယ်လိုစတင်တွေ့ခဲ့တယ်ဆိုတာ ကြည့်ရှုရမှာပါ ။

စက်ရုပ်တွေကိုခုံမင်တဲ့ အာမန်တိုဟာ ကျောင်းကပရောဂျက်အတွက်
စက်ရုပ်ကိုသူ့သူငယ်ချင်း ပီရန်နဲ့ ကြိုးစားပမ်းစားတီထွင်နေကြပါတယ် ။

တစ်နေ့မှာတော့ ဂလက်ဆီပေါ်မှာတိုက်ပွဲဖြစ်ရင်း ကိုယ်ပျောက်ယာဉ်တစ်စီးဟာကမ္ဘာပေါ်ကိုပျက်ကျလာခဲ့ပါတယ် ။

အဲ့နေ့မှာပဲ ပရောဂျက်အတွက်
စိတ်လှုပ်ရှားနေတဲ့အာမန်တိုတစ်ယောက်အိမ်ပြန်လမ်းမှာ
ယာဉ်ပျက်တစ်စီးကို မထင်မှတ်ဘဲတွေ့လိုက်ရတဲ့အချိန်မှာတော့...

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/relaxmovie1/1530

image

other :နင်တို့ဘယ်လောက်ထိ အကြောတင်းလဲ <br>US: ??

4 w - Translate

သူငယ်ချင်း စက်ရုပ်လေးနဲ့အတူ ကမ္ဘာကြီးကို ဖျက်စီးဖို လုပ်နေတဲ့ လူ‌ဆိုးတွေကို လိုက်တီးကြ‌သောအခါ..... 😘

Next Gen 2018📱

ဇာတ်လမ်းလေးကတော့ မေ ဆိုတဲ့ကောင်မလေးဟာ သူငယ်ငယ်ကတည်းက အဖေနဲ့အမေ ကွဲသွားတာကို မြင်‌တွေ့ခဲ့ရပြီး ၊

အဖေကိုလွမ်းတဲ့စိတ်၊ နာကျည်းတဲ့စိတ်နဲ့ ကြီးပြင်းလာခဲ့ပါတယ် ။

အမေဖြစ်သူကလည်း ယောကျ်ားနဲ့ကွဲကွာသွားပြီးနောက် စက်ရုပ်‌တွေက သူ့အတွက် စိတ်ထွက်ပေါက်လို ခံယူပြီးသမီးထက် စက်ရုပ်တွေကိုပိုအလေးပေးခဲ့ပါတယ် ။

အဲ့ဒါကြောင့် မေက စက်ရုပ်တွေကိုမုန်းတီးပြီး စက်ရုပ်တွေအပေါ်အရမ်းအားကိုးလွန်းတဲ့ လူတွေကိုမုန်းတီးနေခဲ့တာပါ။

တစ်ဖက်မွာလည်း Gen 6 Q-Bots စက်ရုပ်တွေကလူတိုင်း လိုချင်တဲ့အိမ်သုံးစက်ရုပ်လေးတွေဖြစ်လာခဲ့ပါတယ်

အဲ့ဒီ စက်ရုပ်တွေကို တီထွင်ခဲ့တဲ့ ဒေါက်တာရိုက်စ်ဟာ ဒီ Gen 6 စက်ရုပ်တွေကို အလွဲသုံးစားလုပ်မယ့် CEO ကြီး ဂျက်စတင်ပင်ရဲ့အကြံကိုသိနေခဲ့ပါတယ် ။

အဲ့ဒါ‌ကြောင့် သူက Q-Bots တွေထက် ပိုအဆင့်မြင့်တဲ့ စက်ရုပ်တစ်ရုပ်ကို တိတ်တခိုးဖန်တီးခဲ့ပြီး ၊

အဲ့ဒီစက်ရုပ်နဲ့ မေ တို အမှတ်မထင်တွေဆုံသွားတဲ့အခါဘာ‌တွေဆက်ဖြစ်ကြမလဲ

ဂျက်စတင်ပင်ရဲ့ အစီအစဥ်ကဘာလဲ ဒေါက်တာရိုက်စ်ရဲ့ စက်ရုပ်က ဘယ်လိုစက်ရုပ်မျိုးလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ကြည့်ရှုလိုက်ပါ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/englishmovie200/704

image