17 w - Translate

လည်ပင်းတွင် ဓားတန်းလန်းဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ

စက်တင်ဘာ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားအနီး လမ်းကြားတွင် အမျိုးသမီး တစ်ဦး၏ လည်ပင်းတွင် ဓားစိုက်ဒဏ်ရာဖြင့် သေဆုံးနေ
သည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၈ ရက် ညနေ ၄ နာရီ ၃၉ အချိန်တွင် လမ်းသွားပြည်သူများမှ မြို့ခံလူမှုကူညီရေးအသင်းထံသို့ ဖုန်းဆက်သောကြောင့် ဖြစ်စဉ်နေရာသို့ သွားရောက်၍ ရုပ်အလောင်းကို သယ်ဆောင်၍ မြစ်ကြီးနားမြို့ဆေးရုံ OPD မှတစ်ဆင့် ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“လည်ပင်းမှာ ဓားတန်းလန်းကြီး။ လက်တွေမှာလည်း ဒဏ်ရာတွေနဲ့။ အဲ့နားကတော့ လူနည်းနည်းရှင်းတယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုဓားဒဏ်ရာများဖြင့် သေဆုံးသည့် အမျိုးသမီးမှာ အသက်(၂၀) ဝန်းကျင်ရှိပြီး၊ ရုပ်အလောင်းမှာ ပိုင်ရှင်မဲ့ဖြစ်နေပြီး ကျူးလွန်သူကိုလည်း တာဝန်ရှိသူများက စုံစမ်းရှာဖွေနေကြောင်းလည်း သိရသည်။

Photo-Credit

#democracynowmm

image
17 w - Translate

ခွေးတစ်ကောင်က သူတို့ရဲ့ ခြေလက်ကို သင့်လက်ထဲမှာ အပ်နှင်းလိုက်တဲ့အခါ၊ ဒါဟာ ရိုးရိုးအမူအရာတစ်ခုမျှ မဟုတ်ပါဘူး—ဒါဟာ သူတို့ရဲ့ သစ္စာကတိ ဖြစ်ပါတယ်။ ဘယ်သောအခါမှ ယိမ်းယိုင်မသွားမယ့် ယုံကြည်မှု၊ ချစ်ခြင်းမေတ္တာနဲ့ စောင့်သိမှုကို သူတို့ ကတိပြုလိုက်ခြင်းပါပဲ။
အဲဒီလက်လေးကို ဆုပ်ကိုင်ထားခြင်းဟာ စကားလုံးတွေထက် အဓိပ္ပာယ်များစွာ ရှိပါတယ်။ ဒါဟာ ထာဝရ နှောင်ဖွဲ့မှုကို လက်ခံလိုက်တာပဲဖြစ်ပါတယ်။ ဒီနှောင်ကြိုးက အမှောင်ဆုံးသော အချိန်တွေမှာ နှစ်သိမ့်မှုကို သယ်ဆောင်လာသလို၊ အတောက်ပဆုံးသော အခိုက်အတန့်တွေမှာ ပျော်ရွှင်မှုကို ယူဆောင်ပေးပါတယ်။
အတိုချုပ်ပြောရရင်... ဒါဟာ သင်ဘယ်တော့မှ သစ္စာဖောက်ခံရမှာ မဟုတ်ဘူးဆိုတဲ့ နှလုံးသားသားချင်း ကတိတစ်ခုပါပဲ။ 🐶🤲

image

ဒဏ်ရာပြသနာအသီးသီးကြောင့် အသင်းရဲ့ ပွဲစဉ် ၅ ပွဲကို လွဲချော်ရမယ့် ရီးယဲလ်ညာနောက်ခံလူနှစ်ဦးဖြစ်တဲ့ Dani Carvajal and Trent

* Kairat (a)
* Villarreal (h)
* Getafe (a)
* Juventus (a)
* Barcelona (h)

Credit Photo

#sbdsports

image

❝ထိုင်းထဲကို ခိုးဝင်မယ့် မြန်မာ ၂၈ ဦးလိုက်ပါလာတဲ့ကားတစ်စီး လမ်းဘေးထိုးကျပြီး ဖမ်းဆီးခံရ❞

စက်တင်ဘာ ၂၉

ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းနဲ့ ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၂၈ ဦးလိုက်ပါလာတဲ့ ကားတစ်စီးဟာ စစ်ဆေးရေးဂိတ်ကို အရှိန်ပြင်းစွာဖြတ်သန်းမောင်းနှင်ရာကနေ လမ်းဘေးမြောင်းထဲထိုးကျပြီး ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ စက်တင်ဘာ ၂၉ ရက်၊ မနက်အစောပိုင်း ၁ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

အဲဒီကားဟာ ကန်ချနဘူရီပြည်နယ်၊ထောင်းဖာဖုမ်မြို့နယ် လမ်းဆုံ စစ်ဆေးရေးဂိတ်တစ်ခုက စစ်ဆေးဖို့ ရပ်တန့်ခိုင်းတာကို မောင်ပြေးခဲ့ရာကနေ ယခုလို လမ်းဘေးထိုးကျခဲ့တာကြောင့် ကားပေါ်မှာ ပြည့်ကြပ်စွာလိုက်ပါလာတဲ့ အထောက်အထားမဲ့ မြန်မာ ၂၈ ဦးလုံး အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။

အဆိုပါ မြန်မာနိုင်ငံသား ၂၈ ဦးထဲမှာ အမျိုးသား ၁၉ ဦးနဲ့ အမျိုးသမီး ၉ ဦး ပါဝင်တယ်လို့သိရပြီး သူတို့အားလုံး ပြင်းပြင်းထန်ထန်ဒဏ်ရာရတာမရှိခဲ့ဘဲ လက်ရှိမှာ ဥပဒေအရအရေးယူမှုတွေပြုလုပ်ဖို့ ထောင်းဖာဖုမ် ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

ကမ္ဘာရွှေဈေး တစ်အောင်စလျှင် ဒေါ်လာ(၃၈၀၀)အထိမြင့်တက်

စက်တင်ဘာ ၂၉

ကမ္ဘာ့ရွှေဈေးမှာစံချိန်တင်ဈေးနှုန်း ဖြင့် ဈေးကွက်ဖွင့်လာပြီးရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၃၈၀၀) အထိမြင့်တက်နေပြီး ပြည်တွင်းရွှေဈေးများလည်းလိုက်ပါမြင့်တက်နေကြောင်းသိရသည်။
ကမ္ဘာ‌ရွှေဈေးမြင့်တက်ခြင်းကြောင့်ပြည်တွင်းရွှေဈေးမှာ ပြင်ပပေါက်ဈေးတစ်ကျပ်သားလျှင် သိန်း(၈၀)ခြောက်သောင်းကျပ် အထိ ဈေးကွက်ပေါက်ဈေးဖြစ်ပေါ်နေသည်။

“ကမ္ဘာ့ရွှေကလည်း မငြိမ်ဘူးဗျ။ တက်ရင်လည်းထိုးတက်ပြီး ပြန်ပြန်ကျလာတာ။ အရောင်းအဝယ်တွေတော့ ဂရုစိုက်ပေါ့ အတက်အကျ ကြမ်းနေတယ်လို့ ပြောလို့ရတယ်”ဟု ရွှေဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။

ရွှေဈေးမြင့်တက်သော်လည်း အမေရိကန်ဒေါ်လာဈေးကျဆင်းသဖြင့်ရွှေဈေး အတက်‌နှေးနေခြင်းဖြစ်ပြီး ဒေါ်လာဈေးမှာ တစ်ဒေါ်လာလျှင် ဝယ်ဈေး (၄၁၀၅)ကျပ်နှင့်ရောင်းဈေး (၄၁၈၅)ကျပ် ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ၏ သတ်မှတ်ချက်တွင်ရွှေတစ်ကျပ်သားလျှင် (၅၉)သိန်းရှစ်သောင်းဝန်းကျင်ပေါက်ဈေးသတ်မှတ်ထားကြောင်းသိရသည်။

ကမ္ဘာရွှေဈေးသည်လာမည်ရက်ပိုင်းအတွင်းဆက်လက်မြင့်တက်နိုင်ကြောင်း ဝါရင့်ရွှေလုပ်ငန်းရှင်များက ခန့်မှန်ထားကြသည်။

Credit - NP News Agency

#centralnewsnaypyitaw

image

အင်္ကျီအဖြူ၊ အဖြူထည်ပေါ်က အဝါရောင်အစွန်းအထင်းတွေကို အလွယ်တကူ ဖယ်ရှားပစ်နိုင်မယ့် နည်း ​📚✍️
(ရေနွေးနဲ့ပြုတ်ဖို့ အချိန်ဖြုန်းစရာမလို) 🧺✨
(အင်္ကျီပေါ်က ပုံနှိပ်စတစ်ကာတွေလည်း မပျက်စီးပါဘူး!)
​လိုအပ်သည့်ပစ္စည်းများ......
* ​ရှာလကာရည် ၄ ဇွန်းခန့်
* ​ပန်းကန်ဆေးဆပ်ပြာရည် ၁ ဇွန်း
* ​အဝတ်လျှော်ဆပ်ပြာမှုန့် ၁ ဇွန်း
* ​ရေသန့် ပုံးအသေးတစ်ဝက်
​✏️ ပြုလုပ်ပုံအဆင့်ဆင့်.......
ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောမွှေပါ။
ထို့နောက် အဝါရောင်အစွန်းအထင်းရှိသည့် အဝတ်အဖြူကို မိနစ် ၃၀ ခန့် စိမ်ထားပါ။
​စိမ်ပြီးနောက် အသာအယာ ပွတ်လျှော်ကြည့်ပါ။ အဝါရောင်အစွန်းအထင်း သို့မဟုတ် မှိုစွဲနေသည့် အနက်ရောင်အစက်အပြောက်များ အလွယ်တကူ ထွက်သွားပါလိမ့်မယ်။
​အရင်က ဝါကျင့်ကျင့်ဖြစ်နေတဲ့ အင်္ကျီအဖြူတွေဟာ ပြန်လျှော်ပြီးတဲ့အခါ ပိုမို တောက်ပလင်းလက်ပြီး ဝတ်ချင်စဖွယ် ဖြစ်လာပါလိမ့်မယ် 👍။
​ဒီနည်းလမ်းက အရမ်းထိရောက်ပြီး ချွေတာရာလည်းရောက်၊ အဝတ်အစားကိုလည်း မထိခိုက်စေလို့ ကျွန်တော်တို့ သဘောကျမိပါတယ် 🥰။

image
17 w - Translate

ယာဉ်မောင်းလိုင်စင်များ အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူရန်မလိုဘဲ သက်တမ်းတိုး ဆောင်ရွက်ပေးမည်
စက်တင်ဘာလ (၂၉) ရက်မှစတင်၍ သက်တမ်းတိုးဆောင်ရွက်မည့် ယာဉ်များနှင့် ယာဉ်မောင်းလိုင်စင်များကို Online Booking လျှောက်ထားရန်မလိုဘဲ သက်တမ်းတိုးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ထို့ကြောင့် သက်တမ်းတိုးယာဉ်များအနေဖြင့် ရုံးဝန်းအတွင်းသို့ စက်တင်ဘာလ (၂၉) ရက်မှစ၍ (၃)နာရီအတွင်း ရောက်ရှိမည့်ယာဉ်များကိုသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ယာဉ်မှန်၊ မမှန်စစ်ဆေးခြင်းနှင့် ပြောင်းလဲခြင်းယာဉ်များကို Online Booking စနစ် ရယူနိုင်ခြင်း မရှိသည့်ကာလအတွင်း ယာဉ်မှတ်ပုံတင်ထားသူ၏ မှတ်ပုံတင်အပါအဝင် ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃) မူရင်းအား ခရိုင်ဦးစီးမှူးထံတင်ပြ၍ ကြိုတင်ရက်ချိန်း ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

image
17 w - Translate

မချမ်းသာပါဘူး အရမ်းပင်ပန်းတယ်
ကိုယ့်ဝါသနာနဲ့ကိုဆိုတော့ ပျော်ရွှင်နေပါတယ်🐓🐖🏡🥬🥒🌾🌻🌺

image
17 w - Translate

မချမ်းသာပါဘူး အရမ်းပင်ပန်းတယ်
ကိုယ့်ဝါသနာနဲ့ကိုဆိုတော့ ပျော်ရွှင်နေပါတယ်🐓🐖🏡🥬🥒🌾🌻🌺

image
17 w - Translate

မချမ်းသာပါဘူး အရမ်းပင်ပန်းတယ်
ကိုယ့်ဝါသနာနဲ့ကိုဆိုတော့ ပျော်ရွှင်နေပါတယ်🐓🐖🏡🥬🥒🌾🌻🌺

imageimage