4 w - Translate

ရီးရဲလ်-ယူနိုက်တက်တို့ရဲ့ ၂၀၁၄ တုန်းက ရာသီကြိုခြေစမ်းပွဲကို မီချီဂန်မှာ ကစားခဲ့ပြီး ပရိသတ် ၁ သိန်းကျော် အားပေးခဲ့ကြပါတယ်။ ဒါဟာ အမေရိကန်မှာ ကစားခဲ့တဲ့ ဘယ်ဘောလုံးပွဲတွေထက်မဆို ပရိသတ်အားပေးမှု အများဆုံးရခဲ့တဲ့ပွဲဖြစ်ခဲ့တာပါ။
အခုထိ အဲဒိပွဲက အားပေးမှုကို ဘယ်ပွဲမှာမှ ထပ်မတွေ့ရတော့ပါဘူး။ ကွင်းလုံးပြည့်လျှံနေအောင်ကို ပရိသတ်တွေ အားပေးခဲ့ပြီးတော့ ကွင်းအပေါ်စီးကနေ ရိုက်ကူးထားတဲ့ပုံကလည်း ကျော်ကြားခဲ့ပါတယ်။
လာမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အဲလိုမျိုး ပရိသတ်အားပေးမှုများပြားတဲ့ ပွဲ ထွက်ပေါ်လာမလား ကြည့်ရပါမယ်။

image
4 w - Translate

ယာမယ်လ်က သူ့ရဲ IG Story မှာ ဝီလီယံနဲ့ အောင်ပွဲခံနေတဲ့ပုံကို တင်လိုက်ပြီ။ မနေ့ကမှ ဝီလီယံရဲ့ အေးဂျင့်က ဘာကာတာဝန်ရှိသူတွေနဲ့ တွေ့ခဲ့သေးတာပါ။ ဆိုလိုတဲ့သဘောကတော့ နီကိုဝီလီယံဟာ မကြာခင် ဘာကာကို ရောက်လာလိမ့်မယ်ဆိုတာပါပဲ။
ဝီလီယံကို ဘာကာက မနှစ်ကတည်းက လိုချင်နေခဲ့တာပါ။ ယာမယ်လ်ကလည်း စပိန်အတွက် ကစားပေးချိန်ဆို ဝီလီယံကို ကပ်တိုးလေးတွေ ဆွဲဆောင်နေတာကြာပြီ။ ဝီလီယံကလည်း ပြောင်းချင်လာပြီလို့ ယူဆရပြီး မကြာခင် ဘာကာမှာ သူတို့နှစ်ယောက်ကို အတူမြင်ရဖို့ များပါတယ်။
ဒါဆို ဘာကာဟာ လာလီဂါမှာ အကောင်းဆုံးတောင်ပံတစုံကို ပိုင်ဆိုင်တဲ့အသင်းဖြစ်လာမှာပါ။ ရီးရဲလ်ကို ထပ်ပြီးတော့ အနိုင်ယူနိုင်ဖို့အတွက် သူတို့လည်း အကောင်းဆုံးဖြစ်နိုင်မှာတွေကို လုပ်ဆောင်နေတာတော့ထင်ရှားပါတယ်။

image
4 w - Translate

စပို့တင်းလစ္စဘွန်းက ရော်နယ်ဒိုအတွက် ကမ်းလှမ်းမှုတွေ လုပ်ခဲ့တယ်လို့ သတင်းတွေထွက်လာပါပြီ။ သူတို့ ကစားသမားဟောင်းအတွက် ပထမဆုံးအကြိမ် ကမ်းလှမ်းခဲ့တယ်လို့ သိရပြီး ရော်နယ်ဒိုတယောက် အသင်းဟောင်းကို ပြန်ရွေးချယ်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။
အယ်လ်နာဆာနဲ့ စာချုပ်သစ်မချုပ်ရသေးဘဲ မကြာခင် စာချုပ်သက်တမ်းပြည့်တော့မယ့် ရော်နယ်ဒိုက သူ့အနာဂတ်ကို တိတိကျကျပြောတာမျိုး မရှိသေးဘူး။ နေးရှင်းလိဂ်ဗိုလ်လုပွဲအပြီး သူ့အနာဂတ်က ဒီအတိုင်းပဲဆိုပြီး မယုတ်မလွန်သာ ပြောသွားခဲ့တာပါ။
စပို့တင်းမှာလည်း ပြန်ကစားချင်သေးတဲ့ ရော်နယ်ဒိုအတွက် မက်လုံးက ချန်ပီယံလိဂ်မှာ ပြန်ကစား၇မယ့် အခွင့်အရေးပါ။ သူ အသင်းဟောင်းဆီ ပြန်သွားမလား စိတ်ဝင်စားစရာပါပဲ။

image
4 w - Translate

မိုက်လိုက်တာ ညီ၄၀၀

image
4 w - Translate

ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းပြောင်းချင်း ပရိသတ်တွေနဲ့မိတ်ဆက်ပွဲမှာ စပိန်လိုမွှတ်နေအောင်ပြောခဲ့တဲ့ အာနိုးလ်ရဲ့အဖြစ်က ပရိသတ်တွေကြားလူပြောများနေပါတယ်။
လီဗာပူးပရိသတ်တွေကိုယ်တိုင်ကလည်း စပိန်စကားဟာ သင်ရတာခက်တဲ့အတွက် အာနိုးလ်အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကိုပြောင်းဖို့ စပိန်စကားကိုအရင်တည်းက လေ့လာခဲ့တာဆိုပြီး ဝေဖန်နေကြတာပါ။
အခုလည်း ဘာသာစကားလေ့လာတဲ့ app တစ်ခုဖြစ်တဲ့ Duolingo က သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ စပိန်စကားကိုရက်ပေါင်း 1000 တိတိလေ့လာခဲ့တဲ့အတွက် အာနိုးလ်ကိုကျေးဇူးတင်တယ်ဆိုပြီး ဆေးထိုးသွားခဲ့ပါတယ်။

image
4 w - Translate

"ဒမ်ဘီလီ က ဘောလွန်းဒီအောဆုရဖို့အတွက် ထိုက်တန်ပါတယ်။ အရည်အချင်းနဲ့ပေးမယ်ဆိုရင်တော့ ကျွန်တော့်အကြိုက် လာမိုင်းယာမဲလ်လေးပဲဗျ။
ဒါပေမယ့် ပုဂ္ဂိုလ်ရေးအြငမ်အရတော့ ပြီးခဲ့တဲ့ရာသီ ပီအက်ဂျီမှာပြသခဲ့တဲ့ ဒမ်ဘီလီရဲ့ ခြေစွမ်းကြောင့် ဘောလွန်းဒီအောကို သူ့ပဲပေးချင်တယ်ဗျာ။"
-Samir Nasri

image
4 w - Translate

2001 ခုနှစ်ရဲ့ဒီလိုနေ့ရက်မျိုးမှာ ချယ်လ်ဆီးအသင်းဟာ ဖရန့်လမ်းပတ်ကို ဝက်စ်ဟမ်းအသင်းကနေ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဖရန့်လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းကို အသက် 22 နှစ်အရွယ်မှာ ရောက်လာခဲ့ပေမယ့် ဂန္ထဝင်ကစားသမားဖြစ်လာအောင် ကြိုးစားနိုင်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ 648 ပွဲမှာ 211 ဂိုးအထိသွင်းယူနိုင်ခဲ့သလို ဖလားစုစုပေါင်း 13 လုံးအထိ လမ်းပတ်ကဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီစွမ်းဆောင်ရည်တွေကြောင့်ပဲ ဖရန့်လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းရဲ့သမိုင်းမှာ သွင်းဂိုးအများဆုံးကစားသမား၊ ပရီးမီးယားလိဂ်သမိုင်းမှာ ကွင်းလယ်ကစားသမားတွေထဲ သွင်းဂိုးအများဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

image
4 w - Translate

ဟိုဘက်ကအသင်းကို နောက်နှစ်ဝင်ပြိုင်ချင်စိတ်မရှိအောင် လုပ်ပြလိုက်တဲ့ ဘိုင်ယန်

image
4 w - Translate

Norm Of The North (2016)

အခုတခါတော့ ပရိတ်သတ်ကြီးအတွက် Norm Of The North ဆိုတဲ့ ကာတွန်းကားလေးနဲ့
မိတ်ဆက်ပေးချင်ပါတယ်။
ကျတော် သဘောကျတာက ကာတွန်းကားလေးက လူတွေကို မိမိတို နေထိုင်တဲ့ ပတ်ဝန်းကျင်ကို
ထိန်းသိမ်းဖို အသိပညာပေးကားလေးမိုပါ နောက်ထပ်သဘောကျမိတာလေး တစ်ခုက ဇာတ်လမ်းထဲက
စီးပွားရေးသောင်းကျန်းသူမစ္စတာ ဂရင်းနေရာမှာ သုံးထားတဲ့ ကာတွန်းပုံစံလေးပါ။ သုံးထားတဲ့ ပုံစံလေးက

အခုလက်ရှိကမ္ဘာပေါ်မှာ စီးပွားရေး အသောင်းကျန်းဆုံး သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို ဂရုမစိုက်ဆုံး
တရုပ်ကို သရော်ထားတာကိုပါပဲ။
ကဲ ဇာတ်လမ်း အကျဉ်းလေးကတော့ အာတိတ်ဒေသရဲ့ ဘုရင်လိုခေါ်ကြတဲ့ ပိုလာဘဲတိုရဲ့ ဒေသမှာ
မစ္စတာဂရင်းက ကွန်ဒိုတွေ ဆောက်ပြီးရောင်းချဖိုကြံစီရာမှ Norm က နယူးယောက်ထိသွားရောက်ပြီး
တားဆီးပုံလေးကို ရယ်မောဖွယ်ရာ ကာတွန်းဇာတ်ကော်ငလေးများဖြင့်ပုံဖော်ပြထားပြီး
ကာတွန်းဇာတ်လမ်းထဲမှာ Norm ရဲ့ ၀၀ဖိုင့်ဖိုင့် ချစ်စရာဖင်လှုပ်အကကိုလည်း ရှူစားကြပါအုံးလို

🧸📺ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

📺🧸ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/2218

image
4 w - Translate

အသစ်စက်စက်ထွက်ရှိထားတဲ့ Horror/ Survival ဇာတ်ကားတစ်ကားနဲ့ အားလုံးကိုမိတ်ဆက်ပေးချင်ပါတယ်။


Until Dawn (2025)

Survival vibe အပြည့်အဝရပြီး Jump scare တွေကြောင့် ဘာသာပြန်ရင်းထအော်ရတာလည်း အကြိမ်ကြိမ်ပါပဲ။ တစ်ကားလုံး ပျင်းစရာတစ်ကွက်မှမရှိဘဲ ရင်တထိတ်ထိတ်နဲ့ အဆုံးထိဆွဲခေါ်သွားနိုင်တဲ့ကားမျိုးပါ။

ကလိုဗာတိုငယ်သူငယ်ချင်းတစ်စုက ပျောက်ဆုံးသွားတဲ့ ကလိုဗာ့အစ်မ မယ်လ်ကိုရှာဖွေအတွက် မယ်လ်နောက်ဆုံးသွားခဲ့တဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုကို ရောက်ရှိလာကြပါတယ်။ အဲဒီမှာပဲ စတိုးဆိုင်ဝန်ထမ်းရဲ့ချွန်တွန်းမှုနဲ့ တောင်ကြားထဲကအိမ်တစ်လုံးဆီ ရောက်ရှိသွားကြပါတယ်။

ရောက်တဲ့ညမှာတင် မျက်နှာဖုံးစွပ်စိတ္တဇ-လော်ကူသော်ကပ်-သမားကလက်ချက်နဲ့ တစ်ဖွဲလုံးသော်ကေသွားပါတော့တယ်။ ဒါပေမဲ့ထူးဆန်းစွာနဲ့ပဲ သူတိုသူငယ်ချင်းအားလုံး မသော်ကေခင်အချိန်လေးမှာ တစ်ကျော့ပြန်နိုးထလာကြပြီး နောက်ထပ်ကြောက်စရာအ-ဆုံး-သ-တ်-တစ်ခုနဲ့ ရင်ဆိုင်ရပြန်ပါတယ်။

ဒီလို-ခြော-က်-ခြားစရာတွေအပြည့်နဲ့ သံသရာစက်ဝန်းထဲမှာ သော်ကေလိုက်၊ ပြန်ရှင်လာလိုက်ဖြစ်နေတဲ့သူတိုအဖွဲ ဘယ်လိုတွေကြိုးစားပြီး ပဟေဠိကိုအဖြေရှာသွားကြမလဲဆိုတာ ရင်ခုန်ဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။


🦋🎀ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/horrorenjoy/7498

💝Main Channel လေးJoinedထားပေးနော်🍀

t.me/addlist/vFyzvsOzcvEzMjQ1

image