8 w - Translate

လယ်ဝေးမြိုနယ်တွင် ရှော့တိုက်ဒုံးတစ်လုံး ထပ်မံတွေ့ရှိ
***********************
(ပြည်တွင်း) ဖေဖော်ဝါရီ ၂၅
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အရှေ့တောင်ဘက် (၃)မိုင်ခန့်အကွာတွင် ရှော့တိုက်ဒုံး တစ်လုံးထပ်မံတွေ့ရှိခဲံကြောင်း သိရသည်။

ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က လုံခြုံရေးပူးပေါင်းအဖွဲ့များသည် အေးချမ်းသာကျေးရွာတောင်ဘက်၊ စစ်တောင်းမြစ်ကမ်းဘေး၊ သဲသောင်ပြင်၌ ယခုလ ၁၇ ရက်နေ့က တွေရှိခဲ့သည့် ရှော့တိုက်ဒုံးနေရာအနီးတစ်ဝိုက်အား လိုက်လံရှာဖွေခဲ့ရာ ရှော့တိုက်ဒုံးတွေ့ရှိခဲ့သည့်နေရာနှင့် မီတာ (၃၀၀)ခန့်အကွာ၊ စစ်တောင်းမြစ်အလယ် သဲသောင်းပြင်ကျွန်း၌ ရှော့တိုက်ဒုံး တစ်လုံးအားထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိခဲ့သည့် ရှော့တိုက်ဒုံးအား စအရ (၉၂၀)မှ တပ်ဖွဲ့ဝင်များမှရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

image
8 w - Translate

112. A Nightmare On Elm Street (1984) 👈

ကျွန်တော်တိုငယ်ငယ်တုန်းကဒီရုပ်ရှင်ကိုကြည့်ဖူးကောင်း ကြည့်ဖူးကြပါလိမ့်မယ်။အိပ်မက်ထဲမှာ လူလိုက်သတ်တဲ့မကောင်းဆိုးဝါးကြီး Freddy လေ။လက်သည်းမှာ ဓားအချွန်တွေနဲ့လေ။ကြည့်ပြီးညမအိပ်ရဲကြတော့ဘူးလေ။မှတ်မိတယ်မလား ?သင်အိပ်လိုက်တာနဲ့ကို သင့်ကိုအိပ်မက်ဆိုးတွေပေးပြီးလိုက်သတ်နေတဲ့ကောင်ကြီးတစ်ကောင်ရှိရင်ဘယ်နှယ့်​လုပ်မလဲ။နိုးထလာတာနဲ့ သင်ပြန်အိပ်ဖိုကိုကြောက်နေပါလိမ့်မယ်။ဘယ်တော့မှလည်း ပြန်အိပ်ရဲမှာ မဟုတ်တော့ပါဘူး။

မအိပ်ရတာ ရက်တွေဆက်လာတဲ့အခါဘာတွေဖြစ်လာလေမလဲ ?မအိပ်ရတဲ့ ရောဂါကို လူတိုင်းလိုလိုကြုံဖူးကြမှာပါ။အရမ်းခံရခက်တယ်။ ခေါင်းတွေမူးလာမယ်။စိတ်တွေခြောက်ခြားလာမယ်။ မူမမှန်​ဖြစ်​လာမယ်​။အဲ့ဒီအခါ ဘယ်လိုဖြတ်ကျော်မလဲ ?Freddy Krueger ဟာ လူငယ်လေးတွေကိုအိပ်မက်ဆိုးတွေပေးပြီး အိပ်မက်ထဲမှာလူလိုက်သတ်တဲ့မကောင်းဆိုးဝါးပဲဖြစ်ပါတယ်။နန်စီ တိုသူငယ်ချင်းတစ်စုကိုFreddy Krueger မှ အိပ်မက်တွေပေးပြီးလိုက်သတ်တဲ့အခါမှာတော့…. ။ကျွန်တော်တိုရဲ့အချစ်တော်မင်းသားကြီးJohnny Depp သရုပ်ဆောင်ထားတဲ့ရုပ်ရှင်လည်းဖြစ်တာမိုသူ့ရဲ့ငယ်ရုပ်လေးကိုလည်း မြင်နိုင်ပါတယ်။ကြည့်ပြီးရင်လည်း အိပ်မက်လှလှမက်ကြပါစေ။

image
8 w - Translate

"ရွေးချယ်စရာ ဘာမှမရှိတော့တဲ့အခါ ဆက်ပြီးသန်မာဖို့ကိုပဲ ရွေးချယ်ပါ"

PEACE က "စိတ်ဓာတ်မကျနဲ့နော်၊ စိတ်မပျက်နဲ့နော်၊ အားမငယ်နဲ့နော်" လို့ အပေါ်ယံရေးထားတဲ့ စာအုပ်မဟုတ်ပါဘူး။

ငါလည်း မင်းလိုပဲ စိတ်ဓာတ်ကျဖူးတယ်။ စိတ်ပျက်ဖူးတယ်။ အားငယ်ဖူးတယ်။ အဲဒီလို လဲပြိုကျနေတဲ့အချိန် ဘယ်လိုစိတ်တွေ ထားပြီး ဆက်လျှောက်ခဲ့တာ အခုတော့ အဆင်ပြေနေပြီ။မင်းလည်း အဲဒီလိုစိတ်ထားပြီးဖြတ်သန်းကြည့်ပါလား ဆိုပြီး အားပေးထားတဲ့ စာအုပ်ပါ။

အောင်မြင်ဖို့၊ သူဌေးဖြစ်ဖို့ ရေးထားတာ မဟုတ်ပါဘူး။ဒီခရီးကို လျှောက်ခဲ့ဖူးသူတစ်ဦးရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေနဲ့ အားပေးထားတဲ့စာအုပ်ပါလို့ ဆိုထားပါတယ်။

◾ PEACE
◾ Sint Nyi

image

ချစ်ရင်လေ တားမြစ်ကြတာပါပဲ
ညနက်ထိအပြင်မနေနဲ့
အသောက်အစားပဲအမြဲမလုပ်နဲ့
မကောင်းတဲ့သူတွေနဲ့မပေါင်းနဲ့
စသဖြင့်လေးတွေဟာ
ချုပ်ချယ်တာမဟုတ်ပဲ မေတ္တာတွေပါ

ဂရုစိုက်ရင်လေ မေးကြတာပါပဲ
ဘာလုပ်နေတာလဲ ဘယ်ပျောက်နေတာလဲ ဘယ်သွားနေတာလဲ ဘယ်သူတွေနဲ့လဲ
စသဖြင့်သောမေးခွန်းတွေဟာ
စပ်စုတာရစ်တာမဟုတ်တဲ့ မေတ္တာတွေပါပဲ

ဖြစ်ထွန်းစေချင်ရင်လေ တိုက်တွန်းကြပါတယ်
အလုပ်လေးအာရုံစိုက်လုပ်ပါ
ကိုယ့်ကိုယ်ကိုယ်ကောင်းအောင်နေပါ
စသဖြင့်လေးတွေဟာ
အပြစ်တင်တာမဟုတ်ပဲ မေတ္တာတွေပါ

မေတ္တာတွေရလာတဲ့အခါ နားလည်လာပါလိမ့်မယ်

ဒီစာကိုဖတ်မိတဲ့အချိန်
တယောက်ယောက်ကိုပြေးမြင်ရင်
အဲ့ဒီလူဟာမင်းကို မေတ္တာထားတဲ့သူပါပဲ

တန်ဖိုးထားစေချင် ။
#စာရယ်ကဗျာရယ်
#crd

image
8 w - Translate

အစောပိုင်းသတင်းတွေအရ
Samsung Galaxy Z Fold 7 ဟာ
ဖြန့်ထားရင် 4.5mm နဲ့ ခေါက်လိုက်ရင်တော့ 9.5mm ပဲ ထူတော့မယ်လို့ ဖော်ပြနေကြတယ်။
ဒါက Galaxy Fold fan တွေအတွက်
Fold 7 လဲကိုင်ဖို့ အကြောင်းပြချက်ကောင်းဆိုလည်း မမှားလောက်ဘူး။ ဒါပေမယ့် တစ်ဖက်မှာ
battery ပိုပါဖို့မျှော်လင့်ချက်က
နဲနဲလျော့သွားမလားပေါ့။
6.5" outer နဲ့ 8.2" inner display ကလည်း
Z Fold 6 ထက် screen size ပိုကြီးမယ့်
သဘောမှာရှိနေတယ်။
ဆိုတော့ Snapdragon 8 Elite ထည့်ပေါင်းပြီး
OneUI 7 နဲ့ဆို Galaxy Z Fold 7 က
foldable တွေကြား ပြိုင်ဘက်ကင်းနေဦးမလားပဲ။
#samsung

image
8 w - Translate

ပွဲ မကန်ရလို့ စိတ်ညစ်နေလား ၊ အာဆင်နယ် ကို လာခဲ့လေ

image
8 w - Translate

“ မင်းကတော့ မသေချာမှန်းသိရက်နဲ့
သေချာကြီးကို စောင့်နေခဲ့တာပဲ ။
သူ့ဘက်က ပြန်လာခဲ့မယ်လို့
သေချာပေါက်ကြီး မမှာခဲ့ပဲနဲ့တောင်ပေါ့ ။ ”

~ အောင်ချိမ့် ~
[မင်းကအောင်ချိမ့်လား စာအုပ်မှ…]

image

🍞🍞​ေပါင်မုန့်လိပ် ငှက်ပျောသီးအစာသွတ်ကြော်..
အစ်မဖြိုးလက်ရာ ရဲ့နည်းလေးပါ .
အရမ်းစာကောင်းတယ် မမကိုကျေးဇူးတင်တယ်နော်.
🍞.လတ်လတ်ဆတ်ဆတ်ပေါင်မုန့်တစ်လုံး(အသားအိလေလိပ်ရတာအဆင်ပြေလေပါ)ပေါင်မုန့်ဘေးအနားတွေကိုဖြတ်ပစ်ပါ(ကိုယ်ကြိုက်တော့မဖြတ်တော့ဘူး) ပေါင်မုန့်ချပ်တွေကို တစ်လိမ့်တုံးနဲ့ပြားအောင်လိမ့်ပေးပါ(တစ်လိမ့်တုံးမရှိတော့ပုလင်းနဲ့လိမ့်ပါတယ်).
.🍞.ငှက်ပျောသီးမှည့်မှည့်(မှည့်အိမှပိုစားကောင်းတယ်နော်)ကိုလေးခြမ်းခြမ်းပါ ပေါင်မုန့်နဲ့အနေတော်အရှည်ဖြတ်ပေးထားပါ..
🍞.ကြက်ဥလိုသလောက်ကို နို့ဆီ/သကြားနဲ့ရောထည့်ပြီးခေါက်ထားပါ.
🍞ပေါင်မုန့်ပြားထဲကို ငှက်ပျောသီးခြမ်းထည့်ပြီးလိပ်ပေးထားပါ🍞ခလောက်ထားတဲ့ကြက်ဥရည်ထဲကို လိပ်ထားတဲ့ပေါင်မုန့်နှစ်ထည့်ပြီး(မုန့်ကြွပ်မှုန့်နဲ့လူးရပါတယ် မရှိတော့မသုံးထားပါ) ဆီပူပူမီးဖြေးဖြေးနဲ့ကြော်ပေးပါ .(တူးလွယ်တယ်နော်ကြော်ပြီးပစ်မထားပါနဲ့)
🍞ဆော့အချို နဲ့တို့စားမလား ကော်ဖီပူပူနဲ့စားမလား.
စားကောင်း

image
8 w - Translate

စိတ်နာတယ်ဆိုတာ ...
တကယ်တမ်းကျတော့
ကိုယ့်ကို ထိခိုက်နာကျင်စရာတွေပဲ
ပေးနေပြီဆိုတာမှန်း
လက်ခံတတ်သွားတဲ့ သဘောပါပဲ ။
စွဲလမ်းတဲ့ စိတ်လေး
ချစ်တဲ့ စိတ်လေး
လုံး၀ ကုန်ဆုံးသွားစေနိုင်တဲ့အထိ
ကိုယ့်အပေါ် လုံးလုံးပြန်လှည့်မကြည့်တဲ့အခါမှာမှ
သူ့အလိုလို ဖြစ်ပေါ်လာတဲ့
ခံစားချက်မျိုးပါပဲ ။
စိတ်နာလိုက်တာဆိုပြီး
ပြောလိုက်ရုံနဲ့
စိတ်နာတတ်သွားခဲ့တာမျိုး မဟုတ်ဘူး
စိတ်နာသွားပြီဆိုရင်
အရင်က ကိုယ်ဘယ်လောက်နှစ်သက်တဲ့
အရာပဲဖြစ်ဖြစ်
ဘယ်လောက် လိုချင်တောင့်တခဲ့တဲ့
လူကိုပဲဖြစ်ဖြစ်
လှည့်ကို မကြည့်ဖြစ်တော့တာမျိုးပါပဲ
ငါ နင့်ကို စိတ်အရမ်းနာတယ်ဆိုပြီး
ဖွင့်ပြောဖြစ်ကောင်း ဖွင့်ပြောဖြစ်လိမ့်မယ်
များသောအားဖြင့်တော့
အဲ့လိုမျိုး ပြောရမှာကို
မပြောချင်တော့တာ ပိုများပါတယ် ။
ကိုယ့်ဘ၀ထဲမှာ ဘယ်တုန်းကမှ
မရှိခဲ့တော့သလိုမျိုး
နောက်တစ်ကြိမ် ပြန်တွေ့ဖြစ်ရင်တောင်
ဘယ်တုန်းကမှ မဆုံခဲ့ဖူးသလိုမျိုး
အဲ့ဒီ လူနဲ့ ...ပတ်သက်ခဲ့တဲ့
မှတ်ဥာဏ်ပဲဖြစ်ဖြစ် အမှတ်တရတွေပဲဖြစ်ဖြစ်
အနာတရတွေကိုပဲဖြစ်ဖြစ်
စိတ်ထဲကနေ အပြီးတိုင်းထုတ်လိုက်ခြင်းမျိုးပါပဲ
တစ်နည်းပြောရရင်...
အဲ့ဒီလူက ...
ကိုယ့်ကမ္ဘာမှာ
သေဆုံးသွားခဲ့တဲ့ လူပါပဲ ။
ကျေးကို

image
8 w - Translate

(၂၅.၂.၂၀၂၅) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့်စက်ဆီဈေးနှုန်းများ
-----------------------
၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၅၀၀,၀၀၀ ကျပ်
ပြင်ပပေါက်စျေး- ၆,၇၄၀,၀၀၀ ကျပ်
အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၄၄၀၀ ကျပ်(ဝယ်)၊ ၄၄၅၀ ကျပ်(ရောင်း)
စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၂၁၅ ကျပ်
Octane 95 - ၃၂၇၀ ကျ​ပ်
Premium Diesel - ၃၄၂၅ ကျပ်
Diesel - ၂၇၆၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။
#news

image