CGI နဲ့ ဖန်တီးထားသလို ဆွဲဆောင်မှုရှိတဲ့ မျက်နှာ ပိုင်ရှင် မင်းသမီး Anya Taylor-Joy နဲ့ ချောမောခန့်ညားပြီး အက်ရှင်ပိုင်နိုင်သူ မင်းသား Miles Teller တို့ရဲ့ ရိုမန့်အက်ရှင် ဇာတ်ကား The Gorge ကို မိတ်ဆက်ပေးပါရစေ။
ဒါရိုက်တာကတော့ super hero film Doctor Strange တို့ horror အမျိုးအစားဖြစ်တဲ့ Sinister, the Black Phone တို့ကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ Scott Derrickson ဖြစ်ပြီး ကြည့်ရှုနှုန်းမြင့် ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းပြောပြရရင် အထူးလေ့ကျင့်သင်ကြားထားသော တပ်သားနှစ်ဦး အတွဲက အရှေ့တာဝါတစ်ယောက် အနောက်တာဝါ တစ်ယောက် စောင့်ကြပ်ရတာပါ။ သူတို့နှစ်ဦးက ရုံးချုပ်ကိုပဲ တိုက်ရိုက်ဆက်သွယ်ရပြီး သူတို့အချင်းချင်း မသိကြသလို ဆက်သွယ်ခွင့်လည်း မရှိပါဘူး။
သူတို့ စောင့်ကြပ်နေရတဲ့ Gorge ဆိုတာလည်း ဘာမှန်းမသိကြပါ။ တစ်ရက်ကြ တာဝါ အချင်းချင်း တွဲဖက်နှစ်ဦး ဆက်သွယ်မိကြတဲ့အခါ မဟာစွန့်စားခန်း စတင်ပါတော့တယ်။
The Gorge ဆိုတာ ဘာလဲ ဘာကြောင့်လျှို့ဝှက်ထားတာလဲ။ တွဲဖက်နှစ်ဦးကြား သတိထားရင်းက ချစ်မိသွားတဲ့နောက် ဘာတွေ ဆက်ဖြစ်မှာလဲ။ ရုံးချုပ်က သူတွေကကော ဘယ်လို ထိန်းချုပ်ထားတာလဲ စတာတွေကို သဘာဝနယ်လွန် ဖြစ်ရပ်ဆန်းတွေ အက်ရှင်ပြကွက်တွေ အပြင် အခက်အခဲကြားက နှစ်ယောက်သားရဲ့ သံယောဇဉ်ကို ခံစားစီးမြောရမယ့် The Gorge ရုပ်ရှင်ကားသစ်ကိုကြည့်လိုက်ရအောင်။
