Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကလေးငယ်တွေ ကို ငှက်ပျောသီးကျွေးရင် အလည် အူတိုင် ကျွေး ရင် ချွဲကြပ် တယ် ဆို????
ငယ်ငယ်က ဆို လူကြီးတွေ က ငှက်ပျောသီး မီးဖုတ် ကျွေးကြတာ မြင်ဖူးမှာပေါ့
အဲ့လို ကျွေးရင် အလည် အူတိုင် မကျွေး နဲ့ ချွဲထ မယ်။ ရင်ကြပ်မယ် ဆို ပြီး ပြောကြတာ လဲ ကြားဖူးပါလိမ့်မယ်….
တကယ် ချွဲထ ရင်ကြပ် လား????
မဟုတ်ပါ…..
အမျှင်ဓါတ် သာ ဖြစ် လို့ စားလို့ရပါတယ်။ ဝမ်းမှန်ပါတယ်။
ဖီးကြမ်း နဲ့ သီးမွှေး ဆိုရင်တော့ ဖီးကြမ်း က ပိုအမျှင်ဓါတ် များ လို့ ပိုကောင်းပါတယ်။
ဒါကြောင့် ကလေးတွေ ကို ငှက်ပျောသီး ကျွေးရင် အလည် အူတိုင် ဖယ်စရာမလိုပါဘူး။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
ရေခဲသေတ္တာဆိုတာ အိမ်တိုင်းရဲ့မီးဖိုချောင်မှာ မရှိမဖြစ်ပစ္စည်းတစ်ခုအဖြစ် မရောက်ရှိလာခင် ရှေးရှေးတုန်းက အစားအသောက်တွေကို မပုပ်မသိုးအောင် ထိန်းသိမ်းရတာဟာ တကယ့်ကို ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုပါ။
အထူးသဖြင့် နို့လိုမျိုး အလွယ်တကူ ပျက်စီးတတ်တဲ့ အစားအစာတွေကို လတ်ဆတ်နေအောင် ထိန်းသိမ်းဖို့ဆိုတာ ပိုပြီးခက်ခဲပါတယ်။
ဒီလိုခက်ခဲတဲ့ အခြေအနေမှာ ရုရှားနဲ့ အရှေ့ဥရောပက ရှေးခေတ်လူတွေဟာ ထူးဆန်းပေမယ့် ထိရောက်တဲ့ နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ကြပါတယ်။ အဲဒါကတော့ နို့ထဲကို ဖားတစ်ကောင် ထည့်ထားလိုက်တာပါပဲ။
ဖားကို နို့ထဲထည့်တယ်ဆိုတော့ စဉ်းစားကြည့်ရင် ရွံစရာကောင်းတယ်လို့ ထင်ရပေမယ့်၊ ဒီနည်းလမ်းဟာ အမှန်တကယ်ပဲ အလုပ်ဖြစ်ခဲ့ပါတယ်။
ဒီနည်းလမ်းဟာ ထိရောက်ရတဲ့ အကြောင်းရင်းကတော့ ဖားမျိုးစိတ်တချို့ရဲ့ အရေပြားကနေ စွန့်ထုတ်တဲ့ ပဋိဇီဝပစ္စည်း (Antimicrobial Peptides - AMPs) တွေဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားမှုကို ဟန့်တားပေးနိုင်လို့ပါပဲ။
ဒီဖားတွေရဲ့ အရေပြားက စွန့်ထုတ်တဲ့ ပစ္စည်းတွေဟာ နို့ကို သိုးစေတဲ့ အီးကိုလိုင် (E. coli) နဲ့ စတက်ဖီလိုကောကပ်စ် အောရီးယပ်စ် (Staphylococcus aureus) လို ဘက်တီးရီးယားတွေကို နှိမ်နင်းနိုင်တယ်ဆိုတာကို ခေတ်သစ်သိပ္ပံနည်းကျ သုတေသနတွေမှာ အတည်ပြုထားပြီး ဖြစ်ပါတယ်။
ဒါဆိုရင် ဖားက နို့ထဲမှာ ဘယ်လိုနေလဲ။ သေသွားမှာပေါ့လို့ ထင်စရာရှိပေမယ့် တကယ်တမ်းမှာတော့ ဖားအများစုဟာ နို့ထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိ အသက်ရှင်နိုင်ကြပါတယ်။
ဖားတွေဟာ အရေပြားကနေ အသက်ရှူနိုင်တဲ့အတွက် နို့မျက်နှာပြင်ပေါ်မှာ ခေါင်းလေးဖော်ထားနိုင်ရင် အသက် ဆက်ရှင်နိုင်ပါတယ်။ ဒါပေမယ့် ဖားလေးခမျာ နို့ထဲမှာ ပျော်ရွှင်နေမှာ မဟုတ်တာတော့သေချာပါတယ်။
ယနေ့ခေတ်မှာတော့ ရေခဲသေတ္တာတွေ နဲ့ နို့ကို ပိုးသတ်တဲ့ နည်းပညာ (pasteurization) တွေ ပေါ်လာပြီဖြစ်တဲ့အ တွက် ဒီနည်းလမ်းကို အသုံးပြုစရာ မလိုတော့ပေမယ့် ဒီရိုးရာဓလေ့ဟာ ရှေးဦးကာလ အစားအစာ ထိန်းသိမ်းနည်းတွေထဲက သဘာဝနည်းလမ်းတစ်ခု ဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။
#knowledge
အိန္ဒိယက မြန်မာနှင့် တရားမဝင် ကုန်သွယ်မှုကို ရပ်တန့်ရန် စီစဉ်
Times of India ၊ ဖေဖော်ဝါရီ ၂၅
မြန်မာနယ်စပ်တစ်လျှောက် မီဇိုရမ်ပြည်နယ်၊ ဇိုခေါရ်ဒါနယ်စပ်ကုန်သွယ်ရေးမှာ တရားဝင်မဟုတ်တဲ့ ကုန်သွယ်မှုလုပ်ငန်းတွေကို အိန္ဒိယအစိုးရက ရပ်ဆိုင်းဖို့ စီစဉ်နေကြောင်း အာသံရိုင်ဖယ်တပ်မှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
အချို့သော ကုန်သွယ်မှုတွေဟာ တရားဝင်လမ်းကြောင်းမှတစ်ဆင့် ဖြစ်နေပေမယ့် ဒေသတွင်း တရားမဝင် ကုန်သွယ်မှုတွေ သိသိသာသာ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ ၎င်းက ဆိုပါတယ်။
“အိန္ဒိယအစိုးရရဲ့ ဝင်ငွေကို ဆုံးရှုံးနေတဲ့ ဇိုခေါရ်ဒါနယ်စပ်ကုန်သွယ်ရေးစခန်းကနေတစ်ဆင့် အိန္ဒိယနဲ့ မြန်မာအကြား ကုန်သွယ်မှုလုပ်ငန်းတွေကို မကြာခင်မှာ ရပ်ဆိုင်းတော့မှာပါ”လို့ ၎င်းက ပြောပါတယ်။
အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်တွေအနေနဲ့ အိန္ဒိယကို ဝင်ရောက်လာတဲ့ မြန်မာဒုက္ခသည်တွေရဲ့ သယ်ဆောင်ပစ္စည်းတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ထုတ်ပြောထားပါတယ်။
“ဒီနယ်စပ်ဂိတ်ကတဆင့် ကုန်သွယ်မှုအများစုဟာ အလွတ်သဘောဖြစ်တယ်ဆိုတာ သံသယမရှိပါဘူး။ ဒီအလေ့အထက အိန္ဒိယအစိုးရအတွက် ဝင်ငွေဆုံးရှုံးမှု ဖြစ်စေပါတယ်”လို့ အကြီးတန်းအရာရှိက ဆိုပါတယ်။
ဇိုခေါရ်ဒါနယ်စပ်ကုန်သွယ်ရေးစခန်းဟာ အထည်အလိပ်၊ ငွေထည်ပစ္စည်း၊ လျှပ်စစ်ပစ္စည်းနဲ့ အချိုရည်တွေအပါအဝင် မြန်မာနိုင်ငံက သွင်းကုန်တွေကို လက်ခံဆောင်ရွက်ပါတယ်။
အိမ်နီးချင်းနိုင်ငံအတွင်း လုံခြုံရေးစိုးရိမ်မှုတွေကြာင့် မီဇိုရမ်အာဏာပိုင်တွေဟာ ဇိုခေါရ်ဒါနယ်စပ်ဂိတ်ကိုဖြတ်ပြီး သွားလာမှုကို ကန့်သတ်ထားပါတယ်။
နယ်စပ်ဂိတ်ကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လည်ပတ်နေပြီး မီဇိုရမ်ပြင်ပမှ အိန္ဒိယနိုင်ငံသားတွေကို ဝင်ခွင့်ကန့်သတ်ထားပါတယ်။
မြန်မာဘက်ခြမ်းက ချင်းပြည်နယ်၊ ရိခေါရ်ဒါမြို့မှာ နေထိုင်တဲ့ ဒေသခံတွေဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်နေ ဆန်၊ ဆီ၊ ဆား၊ ငါးပိတို့ကို အဓိက တင်သွင်းနေပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ပဉ္စမမြောက် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုအနေနဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံနဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁.၇၄ ဘီလီယံ ရှိခဲ့ပါတယ်။