14 w - Translate

Nokia ရဲ့ CEO စတီဖင်အီလော့ (Stephen Elop) ဟာ သူ့ရဲ့နှုတ်ဆက်မိန့်ခွန်းမှာ "ကျွန်တော်တို့ ဘာအမှားမှ မလုပ်ခဲ့ပါဘူး ဒါပေမယ့် ဘာကြောင့်မှန်းမသိ ကျွန်တော်တို့ ရှုံးနိမ့်သွားတယ်" လို့ ပြောကြားခဲ့ပါတယ် ဒီပြောကြားချက်ဟာ သုံးစွဲသူတွေအကြား ဝမ်းနည်းဖွယ်ရာ အခိုက်အတံ့တစ်ခုဖြစ်ခဲ့ရပါတယ်
တစ်ချိန်က မိုဘိုင်းဖုန်းလောကမှာ ပြိုင်ဘက်မရှိ ဦးဆောင်နိုင်ခဲ့တဲ့ Nokia ဟာ သူ့ရဲ့ခိုင်ခံ့တဲ့ စက်ပစ္စည်းတွေနဲ့ အကြမ်းခံတဲ့ ပုံစံတွေကြောင့် ကမ္ဘာတစ်ဝန်းက အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်
ဒါပေမဲ့ Nokia ဟာ ခလုတ်ဖုန်းတွေကနေ touchscreens သို့ ပြောင်းလဲသွားတဲ့ အခြေအနေကို လျှော့တွက်ခဲ့ပါတယ် လူကြိုက်များတဲ့ Android စနစ်ကို အသုံးပြုမည့်အစား Microsoft ရဲ့ Windows Phone စနစ်နဲ့ ပူးပေါင်းခဲ့ပါတယ် ၎င်းစနစ်ဟာ လူတွေရဲ့ကျယ်ကျယ်ပြန့်ပြန့် လက်ခံမှုကို ရရှိဖို့ ရုန်းကန်ခဲ့ရပါတယ် ရလဒ်အနေဖြင့် Nokia ဟာ Apple ရဲ့ iOS နဲ့ Google ရဲ့ Android စနစ်​တွေကို လိုက်မီနိုင်ခြင်း မရှိတော့ပါဘူး
Nokia ကျရူံးရခြင်းရဲ့နောက်ထပ် အရေးပါတဲ့ အချက်ကတော့ ဆန်းသစ်တီထွင်မှု နှေးကွေးခြင်းကြောင့်ဖြစ်ပါတယ် ပြိုင်ဘက်တွေဖြစ်တဲ့ Apple နဲ့ Samsung တို့က လှပတဲ့ ဒီဇိုင်းတွေ၊ အဆင့်မြင့်စွမ်းဆောင်ရည်တွေနဲ့ အသုံးဝင်တဲ့ app stores တွေကို မိတ်ဆက်နေချိန်မှာ Nokia ဟာ ကြာရှည်ခံဖို့နဲ့အခြေခံလုပ်ဆောင်ချက်တွေ ကိုသာ အာရုံစိုက်နေခဲ့ပါတယ် ဒီလိုနဲ့ အသုံးပြုသူတွေ လိုချင်တဲ့ အရာနဲ့ Nokia တို့ အကြား ကွာဟချက်မှာ ပိုမိုကြီးမားလာခဲ့ပါတယ်
Nokia ရဲ့ ပြိုလဲမှုကိုကြည့်ခြင်းအားဖြင့် အောင်မြင်မှုတွေဟာ အမြဲတမ်း မတည်မြဲနိုင်ကြောင်းသိရှိလိုက်ရပါတယ် အောင်မြင်ဖို့အတွက် ကုမ္ပဏီတွေဟာ အမြဲတိုးတက်ပြောင်းလဲဖို့နဲ့ ဆန်းသစ်တီထွင်ဖို့လိုအပ်ပြီး သုံးစွဲသူတွေရဲ့လိုအပ်ချက်တွေကိုလည်းကြိုတင်မျှော်မှန်းရန်လိုအပ်ပါတယ်

image
14 w - Translate

နောက်ဘုရားပွင့်မှ ဆိုင်ဖွင့်မယ့်သဘောမှာရှိပါကြောင်း ရှင့်

image

အမေကသူများကျွေးတာမစားနဲ့ဆိုလိုပါဆယ်ထုပ်ပြီးပြန်လာလိုက်တယ်

image
14 w - Translate

အ၊ သ၊ က် ၇၀ ကျော်အထိ မိသားစု ၅ ယော၊က်ကို အချ၊ ဉ် ပေါ၊င်း ရော၊င်းပြီး ရှာကျွေးနေတဲ့ အဘ ဦးစန်းဝင်း
အဖိုး ဦးစန်းဝင်းကတော့ သရ၊က်ကင်ရောင်းပြီး ရန်ကုန်မြို့တခွင်ကို လှည့်လ၊ည်ကာ စာ: ဝတ် နေ ရေ: အတွ၊က် ရု၊န်: က၊ န် နေခဲ့ရတာပါ
အရင်ကတော့ သား သ မီ: တွေနဲ့အတူ ရော၊င်းခဲ့ပေမဲ့လည်း သား သမီးတွေ ကွ၊ ယ် လွ၊န် သွားပြီးနော၊က်မှာတော့ အဘ ဦးစန်းဝ၊င်းဟာ မိသားစု တာ၊ဝန်ကို ဆက် ထ ၊ မ်: ထားဖို့ ဖြစ်လာပြီး မြေးတွေကို ကျော၊င်းဆ၊က်ထားပေးနေတယ်လို့ သိရပါတယ်။
#သရက်ကင် #အဘ #ဦးစန်းဝင်း #မြေး #ပညာရေး

image

ဒီအရွက်တွေဟာ ရင်သားမှာ အဖုအကျိတ်ရှိသူတွေအတွက် အရမ်းထိရောက်တဲ့ ဆေးတစ်လက် ဖြစ်ပါတယ်။
​လုပ်ဆောင်ရမယ့် နည်းကတော့.....
* ဒူးရင်းသြဇာ အရွက် ၅ ရွက်
* ဇီယာရွက် ၅ ရွက်နဲ့
* ဒန့်သလွန်ရွက် လက်တစ်ဆုပ်စာ တို့ကို ယူပါ။
ရေသေဆေးကြောပြီး ရေ ၃ ဖန်ခွက်နဲ့ ပြုတ်ပါ။
ရေ ၂ ခွက်ပဲ ကျန်တဲ့အထိ ပြုတ်ပါ။
​ပြီးရင် မနက် ၁ ခွက်နှင့် ည ၁ ခွက်ကို ဗိုက်ထဲမှာ ဘာမှမရှိခင် (အစာမစားခင်) သောက်ပါ။
​ဒါကို နေ့စဉ်နေ့တိုင်း လုပ်သောက်ပါ။
​ထိရောက်မှုရှိပါတယ် စမ်းကြည့်နော်!!!!

image

PDF ဖိုင်တွေမှာ Link (သို့) Hyperlink ထည့်သွင်းနည်းကို Phone (Android/iOS) နဲ့ရော Computer နဲ့ပါ အဆင့်ဆင့် ရှင်းပြပေးပါမယ်။
📱 Phone (Android/iOS) အသုံးပြု၍ PDF ဖိုင်တွင် Link ထည့်နည်း။
မိုဘိုင်းဖုန်းမှာ PDF ဖိုင်တွင် Link ထည့်ဖို့ Adobe Acrobat Reader, Xodo PDF, Foxit PDF Editor ကဲ့သို့ App များ သုံးရပါမယ်။
Adobe Acrobat Reader (Android/iOS)
1. App ကို ဖွင့်ပြီး PDF ဖိုင်ကိုဖွင့်ပါ။
2. အောက်ခြေမှ "Edit PDF" (သို့) "Tools" > "Edit PDF" ကိုနှိပ်ပါ။
3. "Link" (သို့) "Add Link" ကိုရွေးပါ။
4. Link ထည့်လိုသော Text/Area ကို Select လုပ်ပါ။
5. URL/Link ကိုရိုက်ထည့်ပြီး "Save" လုပ်ပါ။
Xodo PDF Editor (Android)
1. PDF ဖိုင်ကိုဖွင့်ပါ။
2. ညာဘက်အပေါ်ထောင့်က "✏️" (Edit) ကိုနှိပ်ပါ။
3. "Text" (သို့) "Link" ကိုရွေးပါ။
4. Link လုပ်လိုသော Text ကို Select လုပ်ပြီး URL ထည့်ပါ။
5. ပြီးလျှင် "Save" လုပ်ပါ။
💻 Computer (Windows/Mac) အသုံးပြု၍ PDF ဖိုင်တွင် Link ထည့်နည်း။
Adobe Acrobat Pro DC (အခပေး)
1. PDF ဖိုင်ကိုဖွင့်ပါ။
2. Tools > Edit PDF > Link > Add/Edit Link ကိုနှိပ်ပါ။
3. Link လုပ်လိုသော Area ကို Drag ဆွဲပါ။
4. URL ထည့်ပြီး "OK" နှိပ်ပါ။
Free Alternatives (PDFescape, Foxit PDF Editor)
- PDFescape (Online/Offline)
[PDFescape](သို့) ဝင်ပါ
- "Edit" > "Link" > Select Area > Add URL > Save 💾
- Foxit PDF Editor
- "Edit" > "Link" > လိုချင်သော Text/Area ကိုရွေး > URL ထည့် > Save 💾
📌 အရေးကြီးသောမှတ်ချက်များ⚠️
✔️ မိုဘိုင်းမှာ Link ထည့်ရင် Adobe Acrobat Reader က အခမဲ့ဗားရှင်းနဲ့ Link ထည့်လို့ရပေမယ့် အချို့ Features တွေအတွက် Pro ဗားရှင်းလိုအပ်နိုင်ပါတယ်။
✔️ PDF ဖိုင်ကို "Save As" မလုပ်ဘူးဆိုရင် Link ပျောက်သွားနိုင်ပါတယ်။
✔️ Text ကို Link လုပ်လို့ရသလို၊ Image/Shape ကိုလည်း Link လုပ်လို့ရပါတယ်။
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image

သင်္ချိုင်းဟောင်းက လက်ကျန်သရဲကြီး''(စ/ဆုံး
မြို့ကွက်သစ်ချဲ့သည့်အတွက် မြေကွက်များ
ရိုက်ပေးပြီး မဲနှိုက်ရာ ကိုတင်လှနှင့်မမြဝင်းတို့
ဇနီးမောင်နှံက မြို့စွန်ကပ်၍ ဖောက်ထားသော
လမ်းဘေးတွင် မြေကွက်တစ်နေရာ ရရှိလိုက်
သည်။ သူတို့၏ ရှေ့မျက်နှာစာမှာ လက်ရှိမြို့
ရှိပြီး သူတို့နောက်မှာအိမ်မဆောက်ရသေးသော
အကွက်သစ်များ ရှိသည်။
လမ်းမတန်းဘေး ရသူများက ဝမ်းသာနေကြ
သလို အတွင်းဘက် ကျသူများကလည်း
နောင်စည်လာရင် နားအေးပါးအေးနေရသည်ဟု
ဖြေသိမ့်စကား ဆိုကြသည်။ ရပ်ကွက်သစ်မှာ
အိမ်ခြေငါးရာနီးပါးရှိသည်။ မြေကွက်လပ်ကျန်ပင်
ရှိသေးသည်။ ကိုတင်လှတို့က သူတို့ရသော
ခြံကို ဝါးခြမ်းပြားကပ်များဖြင့် စည်းရိုးကာလိုက်သည်။
အင်ကညင်တောသစ်များဖြင့် သုံးပင်
ပတ်လည် အိမ်လေးတစ်လုံး လက်သမား
ငှား၍ဆောက်လိုက်သည်။သူတို့ပြောင်းလာပြီး
ဆယ့်လေးငါးရက်အတွင်း အိမ်လုံးလေးပေါ်
လာသည်။ အိမ်ပေါ်တက်၍ မရသေး၊ယခင်
နေခဲ့သော အိမ်ဟောင်းမှ သယ်လာသော
ပန်းပင်မျိူးစုံတို့က ပန်းအိုးများအတွင်းမှာ
လန်းဆန်းစွာ ရှိနေသည်။ ယခုအကွက်သစ်က
မြို့တွင်းနေရာအနှံ့မှာ နေထိုင်ကြသော ကျူး
ကျော်မှုများကို ဖယ်ခိုင်းပြီး နေရာအသစ်မှာ
အကွက်ရိုက်၍ မဲနှိုက်ကာ မြေကွက်ချပေးခြင်း
ဖြစ်သည်။
သူတို့ရပ်ကွက်လေးကို အောင်သုခရပ်ကွက်ဟု
အမည်ပေးထားသည်။ ပြောင်းရွှေ့လာသူ တစ်ဝက်ခန့်
က ပျံကျအလုပ်သမားဖြစ်၍ အဆောက်အဦးကောင်းများ
မဆောက်ကြသေးဘဲ နေ၍ရရုံသာ ဆောက်လုပ်နေ
ထိုင်ကြသဖြင့် မြို့သစ်ရပ်ကွက်လေးမှာ မီးဘေး
ဒုက္ခသည်များ နေသော နေရာလိုလိုဖြင့် မတင့်တယ်
ရှိနေသည်။ မြေကွက်ချမပေးခင် သက်ဆိုင်ရာက
ရေရရှိရေး မီးရရှိရေး လုပ်ပေးထားသဖြင့် ညဘက်
မီးရှိသည်။ အဝီစိတွင်းကြီး တူးပေးထားသဖြင့်
ရေအတွက် မပူရ။ ကိုတင်လှတို့ အနီးဝန်းကျင်
အိမ်အလုံးတစ်ရာနီးပါးကတော့ ရုပ်လုံးပေါ်လာ
ပြီး ဖြစ်သည်။
တစ်ခုတော့ သတင်းကြားသည်။ သူတို့မြေနေရာများ
က မသန့်ဟု သိထားသည်။ မြို့မ မီးသင်္ဂြု ိဟ်စက်နှင့်
သင်္ချိုင်းအသစ် မရှိခင်က ဤနေရာက သင်္ချိုင်းအ
ဟောင်းဟု သိရသည်။ သင်္ချိုင်းဟောင်းကို သင်္ချိုင်း
သစ်နေရာသို့ ပြောင်းရွေ့ခဲ့သည်မှာ သုံးနှစ်ခန့်
ရှိပြီဟု သိရသည်။ ယခု အသုံးမပြုတော့သည်
သင်္ချိုင်းအဟောင်းနေရာမှာ သစ်ပင်များ၊ မြက်များ
ရှင်းလင်းပြီး မြို့ကွက် ရိုက်ပေးခြင်းဖြစ်သည်။
ပြောင်းရွှေ့လာသူအချို့က ညညလမ်းပေါ်မှာ
လူလိုလို အခိုးအငွေ့လိုလို လျှောက်သွားနေသည်
ကို မြင်ကြရသည်လည်း ပြောကြသည်။ ညည့်နက်
ပြီဆိုလျှင် ပြောင်းရွေ့လာသူတို့မှာ ပါလာသော
ခွေးများ၏ အူသံကိုလည်း ညစဉ်လိုလို ကြားကြ
ရသည်။ ကိုတင်လှတို့ မိသားစုက လေးယောက်
တစ်ဗိုက်ဖြစ်သည်။
သူတို့မိသားစုမှာ ငါးနှစ်အရွယ် မိန်းကလေး
တစ်ယောက်၊သုံးနှစ်အရွယ် သားလေးတစ်ယောက်
ယခုမမြဝင်း ဗိုက်ထဲမှာ နှစ်လကလေးကို
လွယ်ထားရသည်။ သူတို့အိမ်လေးကို သွပ်မိုးပြီး
ပျဉ်ခင်းထားသည်။ ဝါးထရံကာရန် ဆိုင်မှာ
မှာထားသည်။ အပ်ထည်များ၍ သူတို့အလှည့်
မရောက်သေး၊ သို့ကြောင့် အိမ်လုံးပေါ်လာသော်
လည်း ထရံမကာရသေးသဖြင့် အိမ်ပေါ်မတက်
ရသေးပေ။ကိုတင်လှ၏ ယောက္ခမများက
မြိ့ထဲရပ်ကွက်တစ်ခုမှာနေထိုင်ကြသည်။
ကလေးနှစ်ယောက်က အဘွားအိမ် သွားလိုက်၊
အိမ်လာလိုက်နှင့် ကူးချည်သန်းချည်
လုပ်နေကြသည်။
"မိန်းမရေ…နောက်နှစ်ရက်လောက်ဆို အိမ်တက်လို့
ရရင် ကောင်းမှာပဲ"
"ဘာဖြစ်လို့လဲ …နေ့ကောင်းလို့လား"
"ဟုတ်တယ် …လာမယ့်အင်္ဂါနေ့ နေ့ကောင်းတယ်
အိမ်သစ်တက်လို့လည်းကောင်းတယ်…ထရံမရသေး
လည်း တက်နေလိုက်ကြတာပေါ့ "
ညနေထမင်းစားပြီသည်နှင့် တစ်ဖက်ရပ်တဲလေး
အတွင်း ကိုတင်လှ ကျောဆန့်နေသည်။ အိမ်ကို
ဆောက်ပေးသော ဘကြီးထွန်းတို့ ဆရာတပည့်လည်း
ထမင်းစားပြီး ပြန်သွားပြီဖြစ်သည်။ အချိန်က
ခြောက်နာရီခွဲခန့်ရှိပြီး မှောင်စပျိုးနေပြီ၊ ထိုအချိန်
ကိုတင်လှသူငယ်ချင်း ကိုအောင်ဖြိုး ခြံထဲဝင်လာသည်။
"မြဝင်း…နင့်ယောင်္ကျားငပျင်း ဘယ်သွားလဲ"
"ရှိတယ် …တဲရုံထဲမှာ"
"ဟေ့လူ…ခြံထဲဝင်လာပြီး၊ကျုပ်ကို ရှိ မရှိ
ဘာလို့ မေးတာလဲ"
"မင်း…မရှိတော့ မင်းမိန်းမနဲ့ စကားပြောရ
တာပေါ့ …ဒါကြောင့် သေချာအောင် မေးရတာ"
"ကဲ…ကျုပ် ရှိတယ် ဘာပြောမလို့လဲ"
"မင်း…ရှိမှတော့၊ ငါနောက်မှပဲ လာတော့မယ်"
"မင်းတို့နှစ်ယောက်ကို သားနဲ့သမီး ချောင်းခိုင်းထားမယ်"
"ဟေ့ကောင်…တင်လှ၊ မင်းလျှောက်ပြောနေလို့
မင်းမိန်းမ ငါ့ကို ပြစ်မှားနေဦးမယ်"
စာရှည်လို့တင့်လို့မရလို့လင့်လေးတင်ပေးထားပါတယ်ဆက်လက်ဖတ်ပေးပါ
Linkကိုဖတ်လို့အဆင်ပြေအောင်လုပ်ပေးထားပါတယ်
Link >https://space.kalivblog.com/?page_id=262

image
14 w - Translate

မလေးရှားသို့ မြန်မာနိုင်ငံသားများ ဗီဇာမလိုဘဲ ၁၄ ရက် သွားနိုင်မည်
ဧရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၅
မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံသားများကို ဗီဇာမလိုဘဲ နိုင်ငံအတွင်း ၁၄ ရက်လည်ပတ်ခွင့်ပြုလိုက်ကြောင်း ရန်ကုန်မြို့ရှိ မလေးရှားသံရုံးက ယမန်နေ့ ညပိုင်း ထုတ်ပြန်သည်။
အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံသားနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် မလေးရှားနိုင်ငံသို့ ကာလတို လည်ပတ်မှုအတွက် ဗီဇာကင်းလွတ်ခွင့်ပြုလိုက်ကြောင်း၊ အဆိုပါ ဗီဇာကင်းလွတ်ခွင့်တွင် မလေးရှားနိုင်ငံအတွင်း ရက်ပေါင်း ၁၄ ရက် နေထိုင်နိုင်ကြောင်း မလေးရှားသံရုံးက ဖော်ပြသည်။
မလေးရှားနိုင်ငံသို့ ဝင်ရောက်ခွင့်သည် သတ်မှတ်ထားသည့် နိုင်ငံဝင်ပေါက်၊ ထွက်ပေါက်များရှိ လူဝင်မှုကြီးကြပ်ရေး အရာရှိ၏ အတည်ပြုမှုချက်အပေါ် မူတည်သဖြင့် ဗီဇာလိုအပ်ချက် ကင်းလွတ်ခွင့်ပြုခြင်းသည် မလေးရှားနိုင်ငံသထဲ ဝင်ရောက်ခွင့်ရရန် အာမခံချက်မဟုတ်သည်ကို သတိပြုစေလိုကြောင်း သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မလေးရှားနိုင်ငံသို့ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်ဖြင့် သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများသည် သံရုံးမှ ညွှန်ကြားချက်များအတိုင်း လိုက်နာပြီး လိုအပ်သည်များ ပြည့်စုံစွာ ယူဆောင်သွားကြရန် ခရီးသွား ကုမ္ပဏီများက အကြံပြုထားသည်။

image
14 w - Translate

အစကတော့ သမ္မတကို သူ့အတွင်းရေးမှူးမနဲ့ ဖော၊က်ပြ၊န်နေတယ်ထင်တာ ခုတော့သူ့သမီးသူငယ်ချင်းနဲ့တဲ့ Ep 2ကြည့်ရသလောက်တော့ သူ့သမီးသူငယ်ချင်းနဲ့ သမ္မတကြားမှာ ကိစ္စတစ်ခုခုတော့ရှိလိမ့်မယ် ဖော၊က်ပြ၊န်တဲ့ကိစ္စကတော့ ဖြစ်နိုင်ချေနည်းတယ် 🤔

image

ဦးနှောက်ဒဏ်ရာရခဲ့တဲ့ အာဆင်နယ်ကစားသမားဟောင်း ဗီဂါ သေဆုံး

စက်တင်ဘာ ၂၆

အာဆင်နယ်လူငယ် ကစားသမားဟောင်း ဘီလီဗီဂါဟာ ပွဲချိန်အတွင်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် ဦးနှောက်ဒဏ်ရာ ပြင်းထန်စွာခံစားရပြီး သေဆုံးသွားခဲ့တယ်လို့ ချီချက်စတာစီးတီးအသင်းက အတည်ပြုခဲ့ပါတယ်။

အသက် ၂၁ နှစ် အရွယ်ရှိ ဗီဂါဟာ အင်္ဂလိဂ်ဘောလုံးရဲ့သတ္တမတန်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ စနေနေ့က ဝင်းဂိတ် အသင်းနဲ့ ပွဲစဉ်မှာ ဘောလုံးကို ကွင်းအပြင်မထွက်အောင် ထိန်းဖို့ကြိုးစားရင်း ကွန်ကရစ်နံရံနဲ့ တိုက်မိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဗီဂါဟာ သတိလစ်မေ့မျောသွားခဲ့တာကြောင့် ဆေးရုံပို့ဆောင်ခဲ့ရပြီး ပြန်ကောင်းလာဖို့အတွက် အင်္ဂါနေ့မှာ ခွဲစိတ်မှုခံယူခဲ့ပေမယ့် ကြာသပတေးနေ့မနက်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ချီချက်စတာစီးတီးအသင်းက ဘီလီဗီဂါသေဆုံးသွားကြောင်းအတည်ပြုရတဲ့အတွက် အလွန်ဝမ်းနည်းမိကြောင်းနဲ့ သူဟာ အသင်းရဲ့နှလုံးသားထဲမှာ ထာဝရရှိနေမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။

ချီချက်စတာအသင်းဟာ ဘီလီဗီဂါသေဆုံးမှုကြောင့် စနေနေ့မှာကစားမယ့် လူးဝစ်အသင်းနဲ့ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

ဗီဂါဟာ အာဆင်နယ်အသင်းအကယ်ဒမီကို ၂၀၁၇ ခုနှစ်မှာ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့ကာ စွယ်စုံရတဲ့ တိုက်စစ်မှူးအဖြစ်ဖော်ပြခြင်းခံခဲ့ရတာပါ။

အာဆင်နယ်အသင်းကလည်း ဗီဂါကွယ်လွန်သွားပြီဆိုတဲ့ တုန်လှုပ်ခြောက်ချားဖွယ်သတင်းကြောင့် အသင်းမှာရှိတဲ့ လူတိုင်းကြေကွဲနေပြီး ငြိမ်းချမ်းစွာအနားယူပါ ဗီဂါဆိုပြီး ရေးသားထားတဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဗီဂါဟာ အာဆင်နယ်အသင်းကြီးအတွက် တစ်ပွဲမှ ပါဝင်ကစားရခြင်းမရှိခဲ့ဘဲ ၂၀၂၄ ခုနှစ်နွေရာသီမှာ အသင်းကနေ ထွက်ခွာခဲ့တာပါ။

ဗီဂါဟာ ဒါဘီယူ-၂၁ အသင်းအပြင် ဟက်စတင်းအသင်းတွေမှာလည်း အငှားသွားရောက်ကစားခဲ့ပါတယ်။

ဒီအသင်းတွေကလည်း ကစားသမားဟောင်းဗီဂါသေဆုံးမှုအပေါ် ဝမ်းနည်းကြောင်းသူတို့ရဲ့ဆိုရှယ်မီဒီယာတွေမှာ ကြေညာချက်ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။


ပုံ - ဗီဂါ၏ မွေးဖွားသည့်ခုနှစ်နှင့် သေဆုံးသည့်ခုနှစ်

image