"မင်းဟာ ငါ ဂုဏ်မယူနိုင်ခဲ့တဲ့ ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာခဲ့တယ်။ အဲဒီနေ့ကစပြီး အရာရာ ပြောင်းလဲလာခဲ့တယ်။
ငါ ပိုပြီး ပေါ့ပေါ့ပါးပါး အသက်ရှူနိုင်ခဲ့တယ်၊ မုန်းတီးမှုတွေ လျော့နည်းလာခဲ့တယ်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာတွေကို လွတ်လပ်စွာ နှစ်သက်လေးမြတ်ခဲ့တယ်။
မင်းမရှိခင်ကဆို ဘာကိုမှ ငါ တန်ဖိုးမထားခဲ့ဘူး။ မင်းနဲ့အတူ ရှိနေမှပဲ အရာရာကို ပိုပြီး လက်ခံလာခဲ့တယ်၊ နေတတ်လာခဲ့တယ်။
အဲဒါကြောင့်ပဲ ငါ့ရဲ့ချစ်ခြင်းမေတ္တာကို ကျေးဇူးတင်ခြင်းများစွာနဲ့ အမြဲရောနှောထားခဲ့တာ ဖြစ်ပါလိမ့်မယ်။"
အဲလ်ဘတ် ကာမူး မှ မာရီယာ" ထံသို့