#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဘရာဇီးထိပ်သီးညီလာခံ၌ ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်ထုတ်ရန် ဘရစ်အုပ်စုသဘောတူ
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တော်၌ ကျင်းပနေသည့် ဘရစ်အုပ်စုထိပ်သီးညီလာခံ၌ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ရန်ဘရစ်အုပ်စုနိုင်ငံများမှ သံတမန်များကာ ဇူလိုင် ၅ ရက်တွင် သဘောတူထားကြောင်း သိရသည်။
ဘရစ်အုပ်စုထိပ်သီးညီလာခံကို ရိယိုဂျနေးရိုးမြို့တော်၌ ဇူလိုင် ၄ ရက်မှစ၍ ကျင်းပလျက်ရှိရာ တရုတ်နှင့် ရုရှားခေါင်းဆောင်များမှတစ်ပါး ကျန်အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်လျက်ရှိသည်။
အဆိုပါ ထိပ်သီးညီလာခံတွင် အဖွဲ့ဝင်အင်အားတိုးလာလင့်ကစား ယင်းထိပ်သီးညီလာခံ အတွက် အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ၏ ပူးတွဲကြေညာချက်ကို ထုတ်ပြန်နိုင်ရန် ဘရစ်အုပ်စု သံတမန်များက သဘောတူထားကြောင်း ဘရာဇီး အစိုးရသတင်းအရင်းအမြစ်များက ထုတ်ဖော်ပြောကြားထားသည်။
ဘရစ်အုပ်စုသည် ယခုနှစ်ဧပြီလအတွင်း ကျင်းပခဲ့သော ဘရစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိပေ။ ဘရစ်အုပ်စုကို ၂၀၀၉ ခုနှစ်တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့က စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် တောင်အာဖရိကနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ထပ်မံပါဝင်လာခဲ့သည်။
သို့ရာတွင် ကရစ်အုပ်စုသည် အဖွဲ့အင်အား တိုးချဲ့ရေးအတွက် ကြိုးပမ်းလျက်ရှိရာ ပြီးခဲ့သည့်နှစ်အတွင်း အီဂျစ်၊ အီသီယိုးပီးယား၊ အင်ဒိုနီးရှား၊ အီရန်၊ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွား များ ပြည်ထောင်စု(ယူအေအီး)တို့ကို အဖွဲ့ဝင် နိုင်ငံသစ်များအဖြစ် ထပ်မံလက်ခံခဲ့သည်။ အနောက်အုပ်စုနိုင်ငံများ၏ ကမ္ဘာ့ဩဇာကို တန်ပြန်ထိန်းချုပ်ရေးအတွက် ဘရပ်အုပ်စုကို မူလ အဖွဲ့ဝင်နိုင်ငံများ ကဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ရိုက်တာ

image