မသိရာမှ သိရာသို့ ( အလုပ်ပေးတရားစု )
( ကာယနုပဿနာ ရှုမှတ်နည်း )
ဒီလိုနာနေတာကို ဣရိယာပုတ် ပြောင်းပြီး ကုစားမယ့်
အစား အမှတ်ကလေးနဲ့ ကုစားလိုက်ရင်ရော ချမ်းချမ်း
သာသာ မဖြစ်နိုင်ဘူးလား ...? ။ တကယ်လို့ ယောဂီတို့
အာရုံ မထားတတ်လို့ - ဘက်လိုက်နေလို့ ရှိရင် - နာတာ
မှတ်လေ နာလေပဲ •••• ။ နာတယ် မှတ်လေ •••• သူ့အနာ
ဖော်ပေးသလို ဖြစ်နေတတ်တယ် ။။သူနာတာ •••• ငါနဲ့
မဆိုင်ဘူးဆိုတဲ့ •••• တရားသူကြီးနေရာက - မှတ်ပုံမျိုး
မှတ်တတ်ရမယ် အာရုံထားတတ်ရင် သူ့အနာ သူ့ဟာသူ
မာန်ကျသွားပြီး ပျောက်သွားပါလိမ့်မယ် ပျောက်ဖို့ထက်
သိဖို့လည်း လိုပါသေးတယ် ။ ပျောက်ပြီးရော မလုပ်ပါနဲ့
နာတာလေးရဲ့ - အဆင့်ဆင့်ပြောင်း သွားတယ်ဆိုတာ ••••
တက်လာရင်လည်း ဘယ်လို အနာတက်လာတယ်ဆိုတာ
မှတ်ရင်းက သိနေပါစေ •••• ။ အောက်ပိုင်းက - တက်ရင်
ခြေမျက်စိက - တက်တက် ၊ ခြေသလုံးက - တက်တက် ၊
တင်ပဆုံမှာ ဆုံးသွားပါလိမ့်မယ် - တင်ပဆုံသည် သူ့ရဲ့
စုရပ်ပဲ •••• ။ တကယ်လို့ နောက်က - တက်ရင် - ခါးဆစ်
ရိုးက - တက်ရင် •••• လက်ပြင်ညွှန့်မှာ •••• ဆုံးမယ် •••• ။
အားကောင်းရင် ပုခုံးအိုးမှာ ဆုံးမယ် ။ ဒါပဲ •••• သူ့ရဲ့ ••••
အတက်အကျ - အပြင်းအပျော့ - စိတ်အထိုင် - မကျလို့
အထက်ပိုင်းက တက်လို့ ရှိရင် - လကျ်ာဘက် ဆီးစပ်
အောက် - ထောင့်တန်း တက်တက်တယ် ၊ ဘယ်လို ••••
တက်တက် ခေါင်းအေးအေးနဲ့သာ မှတ်နေစမ်းပါ •••••••• ။
နှာသီးဝ ကာယမှာ - " သတိ " အထိုင်ချထားခြင်းသည်
အဓိက •• ပင်တိုင် •• ဒုတိယ •• ဦးစားပေးက •• ဝေဒနာ
ဘာဖြစ်လို့တုန်း ...! ကိုယ်တွေ့မို့လို့ ဒီနှစ်ခုသည် တရားလို
တရားခံဆုံနေလို့ တရားလို တရားခံဆုံမှ အမှုပေါ်နိုင်ပါ
သဗျာ •••• ။ ပေါ်စရာရှိရင် ဒီနှစ်ခုက ပေါ်မှာပါဗျာ •••••• ။
#မဟာဗောဓိမြိုင်ဆရာတော်ကြီး
Credit #မူရင်းရေးသားပူဇော်သူနှင့်ပြန်လည်မျှဝေသူတို့အပေါင်းအားကျေးဇူးတင်ဂါရဝပြုပါသည်????။
