အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် (၃)နိုင်ငံ ဒုတိယအကြိမ်အစည်းအဝေးပြုလုပ်
အွန်လိုင်းလိ-မ်လ-ည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတို-က်ဖျ-က်ရေးတို့အတွက် ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက နေပြည်တော်၌ တရုတ်-မြန်မာ-ထိုင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကျင်းပခဲ့သည်။
အစည်းအဝေးတွင် တရုတ်-မြန်မာ-ထိုင်းနိုင်ငံကြား လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးတို့ကို သက်ဆိုင်ရာပြည်တွင်းဥပဒေများနှင့်အညီ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒု-ဝန် ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေး ဝန်ကြီး ဌာန၊ လက်ထောက်ဝန်ကြီး Mr. Liu Zhong Yi ဦး ဆောင်သောအဆင့်မြင့်အရာရှိကြီးများ၊ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် Mr. Dusit Manapan ဦးဆောင်သောအဆင့်မြင့်အရာရှိကြီးများတက်ရောက်ခဲ့ကြသည်။
