2 ရက် - ဘာသာပြန်ပါ။

Wearables device တွေက ကောင်းတယ်၊ ဒါပေမဲ့ သူတို့ပြောတာကို ၁၀၀% မယုံလိုက်ပါနဲ့။
ရှင်းပြမယ်။ သေချာဖတ်ကြည့်ပါ။
-Listen to your body ပါ။ နည်းပညာတွေ မပေါ်ခင်ကတည်းက လူတွေဟာ ကိုယ်ခန္ဓာပြောတာကို နားထောင်ပြီး အနားယူသင့်ပြီလား၊ ပြန်လည် Active ဖြစ်သင့်ပီလား ဆိုတာ သိခဲ့ကြတယ်။ အဲဒါက အခုထိလည်း အလုပ်ဖြစ်နေတုန်းပဲ။ ကိုယ့်ခြေလှမ်းတွေက လျင်မြန်နေပြီး လှေကားတက်ရတာ တောင်တက်ရသလို မခံစားရဘူးဆိုရင် ခင်ဗျားလန်းဆန်းနေပြီပေါ့ဗျာ။
-Wearables တွေရဲ့ အားသာချက်။ အချက်အလက် (data) ကို ကြိုက်တဲ့သူတွေအတွက်တော့ wearables တွေက ကောင်းပါတယ်။ သူတို့က heart rate, respiration rate, sleep duration စတာတွေကို စောင့်ကြည့်ပေးပြီး sleep နဲ့ readiness scores တွေပေးတယ်။ ဒါတွေက ကိုယ့်ရဲ့ "trend" တွေကို သိနိုင်ဖို့ ကူညီပေးတယ်။
ဒါပေမဲ့ သတိထားရမှာက Algorithm ပြဿနာ။ Wearables တွေမှာ သုံးတဲ့ algorithm တွေက အမျိုးသားနဲ့ အမျိုးသမီး autonomic nervous system (ANS) ရဲ့ ကွဲပြားမှုတွေကို သေသေချာချာ နားမလည်သေးဘူး (ဥပမာ- အမျိုးသမီးတွေမှာ ရာသီမလာခင် HRV (Heart Rate Variability) သိသိသာသာ ကျတာမျိုး)။ Sleep stages တွေကိုလည်း တိတိကျကျ မှတ်တမ်းတင်နိုင်စွမ်းမရှိသေးဘူး။
-ခံစားချက်က ပိုအရေးကြီးတယ်။ Wearables က "high readiness" score ပေးပေမယ့် ကိုယ့်ခြေထောက်တွေက လေ့ကျင့်ခန်းကြောင့် နာနေနိုင်တယ်။ တခါတလေကျတော့ "low readiness" score ပြနေပေမယ့် လေ့ကျင့်ခန်းကောင်းကောင်းလုပ်နိုင်တာမျိုးလည်း ဖြစ်တတ်တယ်။
-အမှန်တကယ် အကျိုးကျေးဇူး။ Wearables တွေရဲ့ အဓိက အကျိုးကျေးဇူးက ကိုယ့်ခန္ဓာကိုယ်ရဲ့ physiology "trend" တွေကို ကြည့်ပြီး ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းအသစ်တွေ၊ အစားအသောက်ပြောင်းလဲမှုတွေ၊ နေထိုင်မှုပုံစံတွေထဲက ဘယ်ဟာက အလုပ်ဖြစ်လဲ၊ ဘယ်ဟာက မဖြစ်လဲဆိုတာ သိနိုင်ဖို့ပဲ။ အဲဒါတွေကနေ သင်ယူပြီး ချိန်ညှိနိုင်တာပေါ့။
ကျွန်တော့်အမြင်ကတော့-
Wearables တွေက ကိုယ့်ခန္ဓာကိုယ်အကြောင်း ပိုသိအောင် ကူညီပေးနိုင်တဲ့ ကိရိယာကောင်းတွေပါ။ ဒါပေမဲ့ သူတို့ပေးတဲ့ data တွေကို ကိုယ့်ရဲ့ကိုယ်ပိုင် ခံစားချက်နဲ့ ပေါင်းစပ်ပြီး ဆုံးဖြတ်ချက်ချဖို့က ပိုအရေးကြီးပါတယ်။ နည်းပညာက အထောက်အကူပြုတာပဲ၊ ကိုယ်ခန္ဓာက အမြဲတမ်း ပိုမှန်ကန်တဲ့ အဖြေကို ပေးနိုင်ပါတယ်။