ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
-------------------------------------------------
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်)
==============================================

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းနေပါသည်။

ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်
===============================================

မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

အမြင်တာ။ ၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်။

ရေပြင်လေ။ အနောက်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်မှ မိုင် ၃၀ အထိ။

လှိုင်းအ‌ခြေအနေ။ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။

လှိုင်းအမြင့်။ ၇ ပေမှ ၉ ပေခန့်။



ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် ယနေ့မွန်းတည့်မှ နောက်(၂၄)နာရီအတွင်း ခန့်မှန်းချက်
============================================

မိုးလေ၀သအ‌ခြေအနေ။ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အမြင်တာ။ ၃ မိုင်၊ မိုးရွာစဉ် မိုင်ဝက်ခန့်။

ရေပြင်လေ။ တောင်(သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၅-၂၀ မိုင်၊ တစ်ခါတစ်ရံ ၃၅ မိုင်။ လှိုင်းအ‌ခြေအနေ။ လှိုင်းကြီးမည်။

လှိုင်းအမြင့်။ ၁၁ ပေမှ ၁၃ ပေခန့်။