20 w - Translate

Toyota Noah ကားအကြောင်း

Toyota Alphard ထက် စျေးသက်သာပြီး Toyota Wish ထက် မိသားစု စီးရတာ ပိုအဆင်ပြေတဲ့ ခုံသုံးတန်းကားကို Round Aircon နဲ့ လိုချင် သူတွေအတွက် Toyota Noah ကို ရွေးချယ်ကြလေ့ရှိပါတယ်။ Toyota Noah ကို Toyota က Minivan အမျိုးအစားအဖြစ် ၂ဝဝ၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး အခုအချိန်ထိလည်း ရေပန်းစားလူကြိုက်များနေတဲ့ အတွက် ဆက်ပြီးထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။ Toyota Noah ရဲ့ ရေပန်း စားလူကြိုက်များတဲ့ Generation နှစ်ခုထဲက Second Generation ဖြစ်တဲ့ ၂ဝဝ၇-၂ဝ၁၄ မိုဒယ်ရဲ့ရေပန်းစားမှုကို အဓိက ရှင်းပြမှာ ဖြစ်ပါတယ်။ Toyota Noah ၂ဝဝ၇-၂ဝ၁၄ ကို 2.0L 3ZR-FAE ၊ 2.0L3ZR-FE အင်ဂျင်နဲ့ထုတ်လုပ်ထားပြီး လူကြိုက်များ ရေပန်းစားတဲ့ အင်ဂျင်ကတော့ 2.0L 3ZR-FAE(Valvematic) ပဲ ဖြစ်ပါတယ်။Toyota Noah ၂ဝဝ၇-၂ဝ၁၄ မှာ X ၊ X SMART ၊ YY ၊ XL ၊ G ၊ SG ၊ SI Grade ဆိုပြီး Grade ခွဲတွေရှိတဲ့အထဲကမှ လူကြိုက်များတဲ့ Grade က အမြင့် ဆုံးဖြစ်တဲ့ SI GRADE ဖြစ်ပါတယ်။ ဒါကြောင့် Toyota Noah ၂ဝဝ၇-၂ဝ၁၄ မိုဒယ်ရဲ့ ရေပန်းစားလူကြိုက်များတဲ့ အချက်တွေကို အသေးစိတ် တင်ဆက်မှာဖြစ်ပါတယ်။

ရေပန်းစားလူကြိုက်များသော အချက်များ
၁။ ကားရဲ့ဖွဲ့စည်းမှုဒီဇိုင်း
Toyota Noah ၂ဝဝ၇-၂ဝ၁၄ မိုဒယ်ရဲ့ အပြင်ပိုင်းဘော်ဒီ ဒီဇိုင်းက အစောပိုင်း First Generation ထက် ပိုလန်းပါတယ်။ အရှေ့မီးကြီးကို လင်းအားကောင်းစေအောင် HID မီးခေါ် ကြောင်မျက်လုံးမီးလုံးတွေ ထည့်သွင်းပေးထားပြီး နီကယ်ရှဲလ် တပ်ဆင်ပေးထားပါတယ်။ အလယ်မှာတော့ Noah ရဲ့ အတိုကောက် N ဆိုတဲ့စာလုံး Logo လေး ထည့်သွင်း ပေးထားပါတယ်။ အစောပိုင်း Generation ရဲ့မလှပမှုတွေကို ပြန်လည် မွမ်းမံပြီး အချိုးအစားကျအောင် ပြုလုပ်ပေးထားတဲ့အတွက် ရေပန်းစား လူကြိုက်များစေပါတယ်။

၂။ အတွင်းခန်းကျယ်ဝန်းမှု
Toyota အုပ်စု ခုံသုံးတန်းကားထဲမှာ Toyota Wish ထက်ပိုကျယ် ဝန်းပြီး သက်သောင့်သက်သာရှိစေတဲ့အတွက် ခုံသုံးတန်းထဲ မှာ Alphard ဝယ်စီးဖို့ ငွေမသုံးချင်ဘူးဆိုတဲ့သူတွေက Toyota Noah ၂ဝဝ၇-၂ဝ၁၄ မိုဒယ်ကို ရေပန်းစားရွေးချယ်ကြပါတယ်။

၃။ ဆီစားသက်သာမှုရှိတဲ့ အင်ဂျင်
ခုံသုံးတန်းနဲ့ ကားအများစုဟာ ဆီကတော့ ပုံမှန်ကားတွေထက် ပိုစားပါ တယ်။ Toyota Noah ၂ဝဝ၇-၂ဝ၁၄ မိုဒယ်ကိုတော့ Toyota ရဲ့ ဆီစားသက် သာမှုကို ပိုပြီးအဆင့်မြှင့်တင်ထားတဲ့ 2.0L 3ZR-FAE (Valvematic) အင်ဂျင်အသုံးပြုပေးထားတဲ့အတွက် ဆီစားနှုန်းက အရင် 2.0L အင်ဂျင်တွေထက် ဆီစားပိုသက်သာပြီး အရုန်းအဆွဲလည်း ကောင်းလို့ ဒီအင်ဂျင် ပါဝါကြောင့် ရေပန်းစားစေပါတယ်။

၄။Round Aircon
ခုံသုံးတန်းကားအများစုမှာ ကားပေါ်လိုက်ပါသူတွေ အဆင်ပြေစေဖို့ Round Aircon ပါဝင်မှုကို ရွေးချယ်ကြပါတယ်။ Toyota Noah မှာလည်း Round Aircon စနစ်ထည့်သွင်းပေးထားတဲ့အတွက် မိသားစု၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ခရီးသွားသူတွေအတွက် အတော်လေးကို အဆင်ပြေသက်သာစေလို့ Round Aircon ပါဝင်တဲ့ အချက်ကလည်း ရေပန်းစားပါတယ်။

၅။ ခုံသုံးတန်းပါဝင်မှုနှင့် ကျယ်ဝန်းမှု
ခုံသုံးတန်းပါဝင်တဲ့ ကားအများစုထဲမှာ နောက်ဆုံးခုံတန်းကျယ်ဝန်းပြီး လူအများနဲ့ ခရီးသွားတဲ့အခါ တကယ်ကိုအဆင်ပြေတဲ့ Mini Van တစ်စီး ဖြစ်တယ်ဆိုတဲ့အချက်ကလည်း ရေပန်းစားပါတယ်။

၆။ Auto & Manual Gear
Toyota Noah ၂ဝဝ၇-၂ဝ၁၄ Mini Van က နည်းပညာမြှင့်ထားတဲ့ ကားတစ်စီးဖြစ်လို့ Auto & Manual နှစ်မျိုးသုံး ဂီယာခုနစ်ချက် တပ်ဆင်ထားတဲ့အတွက် ဆီစားသက်သာသလို Manual မောင်းချင်တဲ့ လူငယ် တွေအတွက်လည်း စိတ်ကျေနပ်မှုရစေတဲ့အချက်ကလည်း ရေပန်းစားပါတယ်။

၇။ Valvematic (2.0L 3ZR-FAE) Engine
Valvematic အင်ဂျင်ဆိုတာ Toyota ရဲ့ နည်းပညာထပ်မံမြှင့်တင်ထားတဲ့ အရုန်းအဆွဲကောင်း၊ ဆီစားသက်သာတဲ့ အင်ဂျင်အမျိုးအစားတစ်ခုလည်းဖြစ်ပါတယ်။ ဒီအင်ဂျင်ကို Toyota Noah ၂ဝဝ၇-၂ဝ၁၄ မှာ ထည့်သွင်းပေးထားတာကလည်း ရေပန်းစားတဲ့ အချက်ဖြစ်ပါတယ်။

၈။ Power Slide Door
Toyota Noah ၂ဝဝ၇-၂ဝ၁၄ မှာ ဘေးတံခါးနှစ်ချပ်ကို Slide Door ထည့်သွင်းပေးထားပြီး ဘယ်ဘယ်တံခါး တစ်ဖက်မှာတော့ Power Slide Door ထည့်သွင်းပေးထားတဲ့အတွက် ကားပေါ်အတက်/အဆင်းကို Remote ဖွင့်/ပိတ်တာ၊ ခလုတ်နှိပ်ဖွင့်တာတွေ Smart ကျကျ လုပ်ဆောင်နိုင်တာကလည်း ရေပန်းစားပါတယ်။

၉။ Suspension
Toyota Noah ၂ဝဝ၇-၂ဝ၁၄ ရဲ့ အောက်ပိုင်းတည်ဆောက်မှုမှာတော့ Toyota Alphard ကို ယှဉ်လို့မမီနိုင်ပေမဲ့ Toyota Wish ထက် ပိုငြိမ့်ညောင်းလို့ Toyota Alphard လောက် စျေးမသုံးချင်သူတွေကြား မှာ ရေပန်းစားရွေးချယ်စရာ ဖြစ်ပါတယ်။

၁ဝ။Kilometer Display
Toyota Noah ၂ဝဝ၇-၂ဝ၁၄ ရဲ့ ကီလိုမီတာပြတဲ့ ဒိုင်ခွက်ကို အစောပိုင်း First Generation မှာ ထုတ်လုပ်ခဲ့တဲ့ပုံစံအတိုင်း ကား မောင်းသူရဲ့အရှေ့မှာပဲ ဆက်ထားပေးပါတယ်။ အဲဒီအချက်ကတော့ သူ့ရဲ့ လူမကြိုက်ဆုံး ရေပန်းစားမှုတစ်ခုလို့ ဆိုရမှာပါ။ Toyota Noah စီးသူ အများစုဟာ ကားရဲ့ဒိုင်ခွက်ကို မကြိုက်ကြတဲ့အတွက် “ကားကတော့ မိုက်တယ်၊ ဒိုင်ခွက်ကအလယ်မှာ ဘာအထာလဲမသိဘူး၊ မမိုက်ဘူး” ဆိုတဲ့အပြောက ဝယ်ယူတွေအကြား ရေပန်းစားပါတယ်။
Toyota Noah ၂ဝဝ၇-၂ဝ၁၄ ကို ခုံသုံးတန်းဖြစ်မှု၊ Round Aircon ပါဝင်မှု၊ နည်းပညာမြင့်မှု၊ ဆီစားသက်သာမှု၊ လူအများနဲ့ ခရီး သွားတဲ့အခါ အဆင်ပြေစေမှုတို့ကြောင့် Mini Van ခုံသုံးတန်းနဲ့ ကား ဝယ်ယူတဲ့အခါမှာ ရေပန်းစားရွေးချယ်ဝယ်ယူကြတာ ဖြစ်ပါတယ်။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

image