2 ရက် - ဘာသာပြန်ပါ။

Camera တွေကို စားပွဲပေါ် အံစာပစ်သလို ပစ်ပြီး ကျတဲ့အတိုင်း ဒီဇိုင်းထုတ်နေသလားပဲ 🫠
.
လာမယ့် ဇူလိုင်လ (၁) ရက်နေ့မှာ Nothing ကနေ Qualcomm Snapdragon 8s Gen 4 Chipset ကို သုံးလာမယ့် Nothing Phone 3 ကို တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

အခုဆိုရင် Nothing Phone 3 ရဲ့ ဒီဇိုင်းပုံစံကို Android Headlines ကနေ ကြိုတင်ဖော်ပြလိုက်ပါပြီ။ အရောင်အနေနဲ့ကတော့ အနက်ရောင်နဲ့ အဖြူရောင်ဆိုပြီး ၂ မျိုးထွက်လာမယ်။

အရှေ့မှာ ပြောထားသလိုပဲ Nothing ရဲ့ Signature လို့ပြောရမယ့် Glyph Interface Lighting က မရှိတော့ဘူး။ အဲ့ဒီအစား အနောက်ဖက် ညာဘက်ခြမ်း အပေါ်ထောင့်မှာ Mini LED Display လိုမျိုး အသေးလေးပဲ ပါတော့မယ်။ ဒါပေမယ့် Color နဲ့မဟုတ်ပဲ Black & White ပဲဖြစ်မယ့်ပုံစံပဲ။

ပြီးတော့ ကင်မရာတွေမှာ လက်ရှိအတည်ပြုထားတာက 50MP 3x Periscope Telephoto Camera တစ်ခုပါမယ်။ ကင်မရာဒီဇိုင်းက လုံးဝကို Symmertical မဖြစ်တော့ပဲ တွေ့ရာနေရာကောက်တပ်ထားသလိုပဲ။ Telephoto Camera ဆိုရင် ဘယ်ဘက်အပေါ်ထောင့်မှာ သီးသန့်တပ်ထားတယ်။

ကောင်းတာတစ်ခုကတော့ Display က ဘေးဘောင်တွေ ပိုပြီး ပါးသွားမယ်။ Punch-hole Selfie Camera နဲ့ပဲ။

Personally ကတော့ အရှေ့တုန်းက Glyph Interface နဲ့ Nothing Phone ဒီဇိုင်းတွေကို ပိုသဘောကျမိတယ်။ Phone (3a) Pro မှာ စပြီး ကင်မရာဒီဇိုင်းကို တကယ် တလွဲတွေ ဆက်တိုက်လုပ်နေတာပဲ 🫠

image