အာတီတာရဲ့ ပထမအဆင့် ပြုပြင်ပြောင်းလဲရေးမှာ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ အသင်းကို သူရောက်လာခဲ့တာပဲ။ ရမ်းစ်ဒေးလ်၊ ဘန်ဝှိုက်၊ အိုဒီဂတ်နဲ့ လိုကွန်ညာတို့နဲ့အတူပေါ့လေ…
အာရှသားဖြစ်ပေမယ့်လည်း ဥရောပအဆင့်ခြေစွမ်းမျိုး သူ့မှာရှိခဲ့တယ်။ Right-back, Left-back, Centre-back… ခံစစ်မှာ သူက နေရာစုံကစားနိုင်တယ်။ လိုအပ်ရင် ကွင်းလယ်ထိလည်း တက်ကစားပေးနိုင်တာ တွေ့ရတယ်။ defensive Fullbackအနေနဲ့ ဘယ်ညာနှစ်ဖက်စလုံးမှာ ဘယ်သူနဲ့မဆို ပွဲထွက်ခွင့်အတွက် ကောင်းကောင်းယှဉ်လို့ရတဲ့ ကစားသမားတစ်ယောက်ပါပဲ…
Defensive Fullbackအဖြစ် တာဝန်ယူကစားချိန်မှာ EPLရဲ့ အကောင်းဆုံးပါဆိုတဲ့ wingerတွေကို ကောင်းကောင်းယှဉ်ထိန်းပြခဲ့ဖူးတယ်။ သူက အဲ့ဒီလိုသေချာတဲ့၊ စိတ်ချရတဲ့ နောက်ခံလူတစ်ယောက်ပါပဲ…
ခံစစ်မှာ နေရာစုံကစားပေးနိုင်တဲ့၊ ကျရာနေရာကနေ အသင်းကိုအကျိုးပြုနိုင်တဲ့သူ့ကို အာဆင်နယ်ပရိသတ်တွေက “ဂျပန်ကြီး”လို့ ချစ်ခင်စွာ နာမည်ပေးခဲ့ကြတာပေါ့…
ဒါပေမယ့် တိုမီယာဆုရဲ့ အာဆင်နယ်ကစားသမားဘဝကို ဒဏ်ရာတွေက ဆွဲချသွားခဲ့ပါတယ်။ ဒဏ်ရာတွေဟာ မကြာမကြာကနေ ခပ်စိပ်စိပ်ဖြစ်လာတယ်။ ကစားရတာနည်းနည်း၊ နားရတာများများ ဖြစ်လာတယ်။ အဲ့ဒီကနေ တဖြည်းဖြည်းပိုဆိုးလာလိုက်တာ အခုဆိုရင် ကစားရတယ်လို့ကို သိပ်မရှိတော့ဘဲ နားပဲနားနေရသည်အထိပါပဲ…
ဒီလိုနဲ့ တိုမီယာဆုနဲ့ အာဆင်နယ်နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းရဖို့ဖြစ်လာတယ်။ အခုဆို သူအသင်းက ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်…
ဒဏ်ရာပြဿနာတွေများခဲ့လည်း သူဟာ ပြန်လာနိုင်ဖို့ အမြဲကြိုးစားခဲ့တယ်။ ကစားခွင့်ရချိန်၊ ကြံ့ခိုင်မှုပြည့်ဝနေချိန်တိုင်းမှာလည်း အသင်းကို အကောင်းဆုံးအကျိုးပြုနိုင်ခဲ့တယ်။ တကယ်ဆို သူက အသင်းနဲ့ စာချုပ်သက်တမ်းရှိနေသေးတယ်။ အသင်းမှာ အေးဆေးဆက်နေလို့ ရပါသေးတယ်။ ဒါပေမယ့် သူမလုပ်ခဲ့ဘူး။ အသင်းနဲ့အဆင်ပြေအောင် ညှိနှိုင်းပေးပြီး နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းပေးခဲ့တယ်…
တကယ်တော့ တိုမီယာဆုဟာ အာဆင်နယ်မှာ ဒီထက်အများကြီးပိုအောင်မြင်ခဲ့သင့်တာပါ။ ဒါပေမယ့် ကံမကောင်းစွာပဲ ဒဏ်ရာပြဿနာတွေက ဆက်တိုက်ဖြစ်ခဲ့တယ်။ ဒီလိုပုံစံမျိုးနဲ့ လမ်းခွဲခဲ့ရတယ်။ စိတ်မကောင်းစရာပါပဲ…
ဒါပေမယ့် အာဆင်နယ်ပရိသတ်တွေရဲ့ရင်ထဲမှာတော့ တိုမီယာဆုအတွက်လည်း နေရာတစ်နေရာ အခိုင်အမာရှိနေမှာ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုမီယာဆုဟာ အသင်းအတွက် သူပေးနိုင်သမျှ အကုန်ပေးသွားခဲ့လို့ပါပဲ…
ဘဝရဲ့စာမျက်နှာသစ်တွေမှာ ပိုပြီးကံကောင်းနိုင်ပါစေ ဂျပန်ကြီး…
