မြန်မာနိုင်ငံကပ္ပလီပင်လယ်ပြင်၊ငလျင်ဆူနာမီစောင့်ကြည့်နေခြင်းသတင်း(Update)ပါ။လွန်ခဲ့တဲ့(48)နာရီအတွင်းမှာ၊မြန်မာနိုင်ငံတောင်ပိုင်းကပ္ပလီပင်လယ်ပြင်ထဲမှာ(Earthquake Clusters, Earthquake Swarms)တွေမြောက်များစွာဆက်လက်လှုပ်ခတ်နေပါသေးတယ်။
-
သတင်းကောင်းတစ်ခုကတော့(Earthquake Clusters, Earthquake Swarms)တွေဟာမြန်မာပြည်နဲ့ဝေးတဲ့တောင်ဖက်အရပ်(အင်ဒိုနီးရှားဖက်)ကိုအနည်းငယ်ရွေ့လျားသွားပြီဖြစ်ပါတယ်။တောင်ဖက်ကိုများများရွေ့လျားသွားလေမြန်မာပြည်အတွက်ပိုကောင်းလေပါပဲ။
-
အခုတောင်ဖက်ပိုကျတဲ့နေရာသစ်မှာဖြစ်ခဲ့မယ်ဆိုရင်အရင်နေ့ကပြောထားတဲ့နေရာဟောင်းမှာဖြစ်တာနဲ့စာရင်မြန်မာနိုင်ငံအတွက်အကျိုးသက်ရောက်မှု့ပိုနည်းပါလိမ့်မယ်။သို့သော်သတိလက်လွတ်နေလို့တော့မရသေးပါ။ဝေးသွားသည်ဖြစ်စေ၊နီးလာသည်ဖြစ်စေ၊(Earthquake Swarms)တွေရှိနေတစ်ရွေ့ကတော့သတိထားပြီးဆက်လက်စောင့်ကြည့်နေရပါဦးမယ်။ကြိုတင်ပြင်ဆင်မှု့တွေလဲလုပ်ထားရပါမယ်။(Earthquake Swarms)တွေအလုံးစုံပျောက်ကွယ်မသွားမခြင်းသတိလက်လွတ်နေ၍မရပါ။
-
သတင်းဆိုးတစ်ခုကတော့၊ဂျပန်တောင်ဖက်မှာကတော့နဂိုမှုလနေရာအတိုင်းမှာပဲပို၍ပြင်းထန်စွာဆက်လက်လှုပ်ခတ်နေပါတယ်။နေရာပြောင်းလဲမှု့တွေလဲမရှိသေးပါဘူး။ဒီအတိုင်းဆိုရင်မကြာခင်ဂျပန်မှာငလျင်ကြီးတစ်ခုခု၊သို့မဟုတ်မီးတောင်ကြီးတွေပေါက်ကွဲပြီးဆူနာမီလှိုင်းကြီးတွေတက်လာဖို့ရာခိုင်နှုန်းအလွန်များနေပါပြီ။ဂျပန်မှာကတော့ဒီအချိန်ဟာဘေးလွတ်ရာကိုပြေးရတော့မယ့်အချိန်ဖြစ်ပါတယ်။
-
မှတ်ချက်။
မည်သူ့ကိုမှခြိမ်းခြောက်နေခြင်းလဲမဟုတ်၊လက်ရှိဖြစ်ပေါ်နေတဲ့အမှန်တရားကိုအမှန်အတိုင်းတင်ပေးနေခြင်းဖြစ်လို့၊ဝေဖန်တိုက်ခိုက်ပုတ်ခတ်မှု့တွေကိုလုံးဝဂရုစိုက်မည်မဟုတ်ပါ။
-
တစ်ကမ္ဘာလုံးဘေးကင်းကြပါစေ။
Credit....

image