သင့်ခွေးပေါက်လေးတွေ ပါးစပ်နံ့အရမ်းနံတာ ဘာကြောင့်လဲ?
➡️ ခွေးပေါက်စလေးတွေဟာ ၃-၆ လအတွင်း "ငယ်သွား" လဲပြီး "ကြီးသွား"လေးတွေစပေါက်တဲ့အခါ သွားဖုံးတဝိုက်မှာ ဘက်တီးရီးယားတွေစုပြီး အနံ့ဆိုးဖြစ်စေနိုင်ပါတယ်။
➡️ သင့်ခွေးလေးက အရုပ်နဲ့ ဖိနပ်လိုမျိုး တစ်ခုခုကို အမြဲတမ်းဝါးနေတဲ့အခါမျိုးမှာလည်း ပါးစပ်ထဲကို ပိုးမွှားတွေဝင်စေပြီး အနံ့ဆိုးဖြစ်စေနိုင်ပါတယ်။
➡️ စိုစွတ်တဲ့အစာ၊ နို့အကြွင်းအကျန်၊ အပုပ်အသိုးများ ဒါမှမဟုတ် အမှိုက်ပုံထဲက အစားအစာတွေကို စားမိရင်လည်း အနံ့ဆိုးဖြစ်စေနိုင်ပါတယ်။
- အနံ့အရမ်းဆိုးတာ၊ "ငယ်သွား"လဲပြီးတာတောင် ဆက်နံနေတာ၊ သွားဖုံးရောင်တာ၊ စားချင်စိတ်မရှိတာ စတဲ့လက္ခဏာတွေရှိလာရင် အမြန် တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ပြသပါ။
အနံ့နံတာသက်သာစေမယ့်နည်းလမ်းများ
- ခွေးလေးတွေအတွက် စိတ်ချရတဲ့ သွားကျန်းမာရေးအစားအစာများ (Dental Chews) ပေးစားပါ။
- သွားပုံမှန်တိုက်ပေးပါ။
- အပုပ်၊အသိုး၊အမှိုက်သရိုက်များ မစားအာင်ဂရုစိုက်ပါ။
- အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်။
Credit.....
