5 d - Translate

သင်္ဃန်းကျွန်းမြို့နယ် စုပေါင်းမှတ်တိုင်အနီးတွင် ကားတိုက်ခံရပြီး အမျိုးသား (၂)ဦး သေဆုံး

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏသံသုမာလမ်း စုပေါင်းမှတ်တိုင်အနီးတွင် ကားတိုက်ခံ ရပြီးအမျိုးသား (၂) ဦး အခင်းဖြစ်နေရာ သေဆုံးသွားတယ်လို့ သိရပါတယ်။

ဇူလိုင်လ ၃ ရက် ည ၉ နာရီခွဲကျော်အချိန်တွင် ကားတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိတဲ့ အတွက်ကြောင့် ဖြစ်စဉ် နေရာသို့ တာဝန်ရှိသူများနဲ့ အတူ မြို့ခံလူမှုကူညီရေးများမှ သွားရောက် ပြီး သေဆုံးသူအမျိုးသားများကို သင်္ဃန်ကျွန်း(စံပြဆေးရုံ)သို့ ပို့ဆောင်ပေးခဲ့ကြပါတယ်။

လမ်းဖြတ်ကူးတဲ့အမျိုးသား နှစ်ယောက်ကို Toyota Belta ကတိုက်မိခဲ့တာဖြစ်ပြီး အမျိုးသား တစ်ယောက်က လမ်းတစ်ဖက်ကို လွှင့်ပြီးနောက်ထပ် Toyota Hiace ယာဉ်က ထပ်တိုက်မိသွား တာဖြစ်ပြီး Toyota Hiace ကားကတော့ ထွက်ပြေးသွားတယ် လို့ မျက်မြင်တွေ့သူတစ်ဦးကပြော ပါတယ်။

ကားတိုက်ခံခဲ့ရတဲ့အတွက် သေဆုံးသွားသူ အမျိုးသား (၂) ဦးမှာ အသက်(၄၀) ကျော်ရှိပြီး လက်ရှိအချိန်တွင် မိသားစုဝင်များကိုစုံစမ်းနေကြတယ်လို့ သိရပါတယ်။
July 4
credit...

image
image
image