Ranking Update
UFC 317 ပြိုင်ပွဲမှာ Ilia Topuria နဲ့ Joshua Van တို့က အကျိုးအမြတ်အကြီးမားဆုံးပဲ။ Ilia Topuria က Charles Oliveira ကို အလဲထိုးပြီး UFC P4P Ranking မှာ အဆင့် (၁) ဖြစ်လာတယ်။
Ilia Topuria က Alexander Volkanovski ၊ Max Holloway နဲ့ Charles Oliveira တို့ကို ဆက်တိုက်အလဲထိုးနိုင်တာမို့ အခုလိုဖြစ်သွားတာပါ။ Islam Makhachev က ပွဲဝေးနေတာမို့ အဆင့် (၂) ရောက်သွားပါတယ်။
ချင်းလေး Joshua Van က Brandon Royval ကို အမှတ်ပြတ်နိုင်ပြီး UFC Flyweight Ranking မှာ အဆင့် (၁) ဖြစ်လာပါတယ်။ ခါးပတ်လုခွင့်ရတာကိုတော့ အထူးပြောဖို့ မလိုပါဘူး။
သေမြေကြီး ရှင်ရွှေထီးဆိုတဲ့ အခြေအနေမှာ Joshua Van က အနိုင်ရတာမို့ အရှင်မွေးလို့ နေချင်းကြီးဆိုသလို နတ်ရေကန်ထဲ ပစ်ချလိုက်သလိုပဲ (၁၁) ဆင့် ခုန်တက်သွားတာပါ။ Brandon Royval က အဆင့် (၃) ဖြစ်သွားပါတယ်။
