5 d - Translate

ကျွန်မက မကောင်းဘူးလို့
ပြောတဲ့သူရှိရင်
ယုံလိုက်ပါ !

ကျွန်မက သဘောမကောင်းဘူးလို့
ပြောတဲ့သူရှိလည်း ချွင်းချက်မရှိ
ယုံလိုက်ပါ !

လူတိုင်းကလည်း
ကျွန်မ အပေါ် မကောင်းနိုင်သလို
လူတိုင်းအပေါ်ကိုလည်း ကျွန်မက ပြန်မကောင်း
ပေးနိုင်ပါဘူး ။

ကိုယ်နဲ့ထပ်တူကျတဲ့ ဆက်ဆံရေး
ကိုယ်နဲ့ ထပ်တူကျတဲ့ စစ်မှန်မှုတွေကို
နှစ်ဆ သုံးဆ ပိုကောင်းပေးတတ်ပြီး

ကိုယ့်အပေါ် မကောင်းတဲ့သူကိုလည်း
မေတ္တာ မထားပေးနိုင်သလို
သူဆိုးရင် ကျွန်မကလည်း
သူဆိုးတာထက်ပိုပြီး ဆိုးပေးတတ်ပါတယ်။

မှန်လိုပဲ ဆက်ဆံတတ်ပြီး
ပေးတဲ့ အတိုင်း ပြန်ပေးတတ်တဲ့အကျင့်ကြောင့်
တချို့လူတွေပါးစပ်ဖျားမှာ
ကျွန်မ နာမည်ကောင်းမရနိုင်ပါဘူး ။

ဘာဖြစ်လို့လဲဆိုတော့
သူတို့ကလည်း ကျွန်မ အပေါ် ကောင်းမနေလို့ပါ။

image