5 ရက် - ဘာသာပြန်ပါ။

Creatine (ခရီယက်တင်း) ဆိုတဲ့ အမှုန့်လေးက ဦးနှောက်ကျန်းမာရေးနဲ့ အသက်ကြီးလာတာကို ကာကွယ်ရာမှာ "game-changer" ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောနေကြပါတယ်။
Creatine သုတေသီ နဲ့ University of Regina က ပါမောက္ခ Darren Candow က "ဒီကမ္ဘာပေါ်မှာ creatine လိုမျိုး ဘက်ပေါင်းစုံကနေ အကျိုးပြုနိုင်တဲ့ အရာ ဘယ်ဟာမှ မရှိသေးဘူး" လို့ ပြောခဲ့ပါတယ်။
တစ်ကြိမ်သောက်ရင် ၅၀ ဆင့်လောက်ပဲ ကုန်ကျတဲ့ Creatine ဟာ ကောင်းမွန်တဲ့ ရလဒ်ပေါင်းများစွာကို ပြသထားပါတယ်။ မကြာသေးခင်က လေ့လာမှုတွေအရ Creatine ဟာ အသက်ကြီးရင့်ခြင်းကို နှေးကွေးစေနိုင်တယ်၊ ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တယ်၊ Alzheimer’s ရောဂါရှိသူတွေမှာ cognitive function ကိုပါ တိုးတက်စေနိုင်တယ်လို့ သိရပါတယ်။
သိပ္ပံပညာရှင်တွေက ဒီ supplement ဟာ ဆဲလ်တွေကို စွမ်းအင်ပေးတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ဦးနှောက်လိုမျိုး ခန္ဓာကိုယ်ရဲ့ စွမ်းအင်အများဆုံး လိုအပ်တဲ့ အစိတ်အပိုင်းတွေကို စွမ်းအင်ဖြည့်ပေးပြီး ဖိစီးမှုဒဏ်ကို ပိုမိုခံနိုင်ရည်ရှိအောင် မြှင့်တင်ပေးပါတယ်။
တစ်ချိန်က အိုလံပစ်အားကစားသမားတွေရဲ့ လျှို့ဝှက်လက်နက်ဖြစ်ခဲ့တဲ့ Creatine ဟာ အခုအခါမှာ gym ထဲက အကျိုးကျေးဇူးတွေအပြင် တခြားအကျိုးကျေးဇူးတွေလည်း ရှိတယ်ဆိုတာ ပိုပြီး ပေါ်ထွက်လာတာကြောင့် အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် လူအများစုကပါ လက်ခံလာကြပါပြီ။
သုတေသီတွေက Creatine ဟာ နှလုံးနဲ့ အရိုးကျန်းမာရေးကိုပါ အထောက်အကူပြုနိုင်တယ်၊ စိတ်ခံစားချက်ကို ကောင်းမွန်စေတယ်၊ ဟော်မုန်းပြောင်းလဲမှုတွေကို ခန္ဓာကိုယ်က ထိန်းချုပ်နိုင်အောင် ကူညီပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ supplement စျေးကွက်ကြီး ထွန်းကားလာပြီး creatine အရောင်းအဝယ်တွေ မြင့်တက်လာတာကြောင့် ကျွမ်းကျင်သူတွေက Creatine ကို ဒီနေ့ခေတ်မှာ ရနိုင်တဲ့ အကောင်းဆုံး longevity tools တွေထဲက တစ်ခုအဖြစ် သတ်မှတ်နေကြပါတယ်။