အပါးဆုံးနဲ့ ဘက်ထရီအကြီးဆုံး foldable ဖုန်း Honor ကြေညာ
Foldable ဖုန်း ပါးတဲ့ဘက်မှာ Honor က ဗိုလ်စွဲနေတုန်းပါပဲ။
၄ ဂဏန်းစီးရီးကို ကျော်ပြီး Honor Magic V3 အဆက် Honor Magic V5 သစ်မှာလည်း အပေါ့ပါးဆုံး ခေါက်ဖုန်းဆိုတဲ့ ဝိသေသကို ဆက်သုံးပါတယ်။ Honor Magic V5 သစ်က အရင် Magic V3 ထက်တောင် ပိုပါးပိုပေါ့ပါတယ်။ ကာလာပေါ်လိုက်လို့ Folded/Unfolded အထူ နဲ့ ဝိတ်နည်းနည်း ကွာပါမယ်။
ဆင်စွယ်ဖြူက ပိုပါးပိုပေါ့ပါတယ်။ တခြားအရောင်တွေနဲ့ ယှဉ်ရင် 8.8mm/9.0mm (Folded)၊ 4.1mm/4.2mm (Unfolded) နဲ့ 217g/222g (weight) တွေ ရှိပါတယ်။ ဒီဇိုင်းကတော့ အရင် Magic V3 အတိုင်းဆိုပေမယ့် အခုမော်ဒယ်က ပိုရေဒဏ်ဖုန်ဒဏ် ခံနိုင်ရည်မြင့်တဲ့ IP58/59 rating တွေနဲ့ လာပါတယ်။
အသိသာဆုံးအပြောင်းအလဲက Magic V5 က ဘက်ထရီပါဝါ ၁၂% ပိုကြီးသွားတာပါ။ တရုတ်ဈေးကွက်ထဲ ဝင်မယ့် Magic V5 က ဘက်ထရီပါဝါ 6100 mAh ဆီလီကွန်ကာဗွန်သုံးပါတယ်။ ပြည်ပကို ဖြန့်မယ့်အလုံးတွေက 5820mAh နဲ့ လာမှာပါ။ Charging အတွက် သုံးမှာကတော့ 66W wired charging နဲ့ 50W wireless charging တွေပါ။
တခြား specs တွေက အပြောင်းအလဲ သိပ်မရှိပါဘူး။ အပြင် screen ၆.၄၃ လက်မ 2376 x 1060px အတွင်း ၇.၉၅ လက်မ 2352 x 2172px display တွေ သုံးပြီး အတွင်းရော အပြင်ပါ 120Hz LTPO OLED panel နဲ့ 5000nits brightness ပါပါတယ်။ ကာဗာ screen ကို အစင်းခြစ်ခံ Anti-scratch NanoCrystal Shield နဲ့ကာပြီး အတွင်း screen ကို Super Armored Inner screen သုံးပေးထားပါတယ်။
အဌဂံကင်မရာအိမ်ထဲမှာ 50MP f/1.6 wide-angle ကင်မရာ ၊ 50MP f/2.0 ultrawide နဲ့ 64MP 1/2.0" sensor 70mm f/2.5 telephoto ကင်မရာတွေ ပါပါတယ်။ Selfie အတွက်ကတော့ အတွင်းရော အပြင်ပါ 20MP f/2.2 ကင်မရာတွေ နဲ့ လာပါတယ်။ ကျောဘက် cover က စက္ကူထက် ပေါ့ပြီး စတီးထက်အဆ ၄၀ ပိုမာတဲ့ လေယာဉ်သုံး ၀.၀၁၄ မီလီမီတာ ကွန်ပိုးဆစ်ဖိုင်ဘာနဲ့ ထုတ်ထားပါတယ်။
flagship ဖုန်းဖြစ်လို့ Qualcomm ရဲ့ အမြင့်ဆုံး Snapdragon 8 Elite SoC ကို သုံးပြီး 12/256GB, 16/512GB နဲ့ 16GB/1TB ဆိုပြီး ဗားရှင်းသုံးမျိုး ၊ Ivory White , Black , Dawn Gold နဲ့ Reddish Brown လေးရောင်နဲ့ ထွက်ပါတယ်။
အနိမ့်ဆုံးမော်ဒယ်က ၈၉၉၉ ယွမ် (၁၂၅၅ ဒေါ်လာ) က စပါတယ်။ အမြင့်ဆုံး 1TB မော်ဒယ်ကတော့ ယွမ် ၁၀၉၉၉ (၁၅၃၅ ဒေါ်လာ) ဖြစ်လို့ Magic V5 က ရေလျှံငွေလျှံ ပရီမီယမ်တန်း ကိုင်ချင်သူတွေအတွက်လို့ ပြောရမှာပါ။
