ရုရှားရေတပ် လက်ထောက်အကြီးအကဲ ယူကရိန်းနယ်စပ်အနီး စစ်ဆင်ရေးမှာ သေဆုံး
မော်စကို၊ ဇူလိုင်-၄-၂၀၂၅
ရတီ(VOM)
ယူကရိန်းနယ်စပ်အနီးမှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေချိန် ရုရှားရေတပ် လက်ထောက်အကြီးအကဲ သေဆုံးသွားကြောင်း ရုရှားတာဝန်ရှိသူတွေက အတည်ပြုထုတ်ပြန်ပါတယ်။
မတ်လအတွင်းမှာ ရာထူးတာဝန်ခန့်အပ်ခံရတဲ့ ဗိုလ်ချုပ် မီးခေးလ်ဂတ်ကော့ဗ်ဟာ ယူကရိန်း ဆူမီဒေသနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အနောက်ပိုင်း ကာ့စ်ဒေသမှာ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်ရင်း သေဆုံးသွားတာ လို့ ဆိုပါတယ်။
ရုရှားစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ တယ်လီဂရမ်တွေရဲ့ အဆိုအရ နယ်စပ်ကနေ ကီလိုမီတာ ၃၀ အကွာ ကော်ရီနီဗိုမြို့အနီးရှိ ရုရှားကွပ်ကွဲရေးစခန်းတခုကို ယူကရိန်းက ဒုံးကျည်နဲ့ တိုက်ခိုက်မှုကြောင့်လို့ ပြောပါတယ်။ ဂတ်ကော့ဗ်ဟာ ကာ့စ်ဒေသတိုက်ပွဲတွေမှာ ရုရှားပစိဖိတ်ရေတပ်ရဲ့ အမှတ် ၁၅၅ ခြေလျင်တပ်ကို ကွပ်ကဲခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအတွင်း အခြား ၁၀ ယောက်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ရုရှားအတွက် သိသာထင်ရှားတဲ့ စစ်အရာရှိတယောက် အသက်ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။
ရုရှားပိုင်နက်ထဲကို ပစ်ခတ်တိုက်ခို်ကမှုတွေအတွက် အတည်ပြုခြင်းမရှိခဲ့ ယူကရိန်းကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ရုရှားဗိုလ်ချုပ်ကြီး အိုင်ဂေါကီရီလော့ဗ် အသတ်ခံမှုလိုမျိုး ဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ယူကရိန်းထောက်လှမ်း နောက်ကွယ်မှာရှိနေတယ်လို့ ယခင်က ပြောကြားဖူးပါတယ်။
ယခုနှစ်အစောပိုင်းကလည်း မော်စကိုမှာ ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း ဗိုလ်ချုပ်ကြီး မိုစ်ခါလစ်သေဆုံးခဲ့ပြီး ယူကရိန်းဟာ ရုရှားနိုင်ငံအတွင်းရှိ အကြမ်းဖက်လှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်နေတယ်လို့ ရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က စွပ်စွဲထားပါတယ်။

image