မိန်းကလေးတစ်ယောက်ရဲ့ မှန်ကန်သော ငွေရှာနည်း
မိန်းကလေးဆိုတာ ခန္ဓာကိုယ် ပင်ပန်းပြီးမှ ငွေရှာရမဲ့သူ မဟုတ်ပါဘူး ။ ဒီစာလေးက မိန်းကလေးဆန်တဲ့ ကောင်မလေးတွေ အမြဲ လှလှလေး ကျော့ကျော့မော့မော့လေး နေချင်ပေမဲ့ ဘဝ အခြေအနေကြောင့် (သို့) ဘဝ ကို အစကပြန်စရလို့ ပင်ပင်ပန်းပန်း ရုံးကန်နေရတဲ့ ညီမလေးတွေအတွက် ရေးပေးခြင်းဖြစ်ပါတယ် ။
မွေးလာထဲက မိန်းကလေးဖြစ်တဲ့အတွက် ယောကျာ်းတွေလို ပင်ပန်းမှုကို အရမ်းမခံနိုင်ပါဘူး ။ အထူးသဖြင့် ပစ္စည်း အလေးကြီးတွေ မရတာ၊ ညဆိုင်းတွေ လုပ်တာ ၊ 9 to 5 ရုံးအလုပ်မဟုတ်ပဲ တစ်နေ့ကို လုပ်သင့်တဲ့ အချိန်ထက် ပိုလုပ်နေရတာ၊ တစ်နေ့လုံး မနက်က ည အထိ မတ်တပ်ရပ်ပြီး လုပ်နေရတာ၊ နေပူ မိုးရွာ နှင်းကျနေတာတွေကို
အံတုပြီး ပြေးလွှား လုပ်နေရတာ၊ မိမိ ရဲ့ တောက်ပမှု၊
လှပမှု ၊ထက်မြတ်မှု ၊မိမိရဲ့ တွေးခေါ်ကြံဆ နိုင်စွမ်း
တွေကို မျက်ကွယ်ပြုပြီး ယောကျ်ား အရင့်အမာကြီးတွေ
လုပ်ရတဲ့ အလုပ်ကို လုပ်နေသရွေ့ မိမိ နဲ့ မကိုက်ညီလို့
ပျော်ရွှင်ရမှာလဲ မဟုတ်သလို မိမိဖြစ်ချင်တာတွေလဲ
ဖြစ်လာမှာ မဟုတ်ပါဘူး။
တစ်ခါတစ်လေ လမ်းမှာတွေ့တဲ့ (သို့) အသိမိတ်ဆွေတွေ
ထဲမှာ အမြဲ Smart ကျပြီး ငေးကြည့်ရလောက်အောင်အထိ
ကျော့ရှင်းသပ်ရပ်စွာ လှပ တက်ကြွ ပျော်ရွှင်နေတဲ့
ကောင်မလေးတွေ မြင်ရင် ကိုယ့်အဖြစ်ကို ဝမ်းနည်းမိ၊
စိတ်မကောင်းဖြစ်မိကြရတယ်ဟုတ်…
ဒါဘာလို့များလဲ …
လူအများ လုပ်သလို သာမာန် အလုပ်တွေပဲ လုပ်နေပြီး
ကိုယ့်ကိုယ်ကို တန်ဖိုးမထားလို့၊ အထူးသဖြင့် ကိုယ့်ရဲ့ အရည်အချင်းတွေ ကို မေ့နေပြီး ရရာ အလုပ် ၊ ကိုယ်နဲ့ ကိုက်ညီ မကိုက်ညီ မသိဘူး။ သူများတွေ ဒါလုပ်တယ် ငါလဲ ဒါပဲ လုပ်ရမှာပဲလေဆိုပြီး ဘာသာစကားလေ့လာမှုတွေ၊ ကိုယ်တကယ်လုပ်ချင်တဲ့ပိုင်းကို professional ကျကျ ဖြစ်ဖို့ လိုအပ်တဲ့ လက်မှတ် ၊ Skills တွေကို ဆက်မလုပ်တော့ဘူး။မကြိုးစားဖြစ်တော့ဘူး။
တစ်ချို့ မကြိုးစားဖြစ်တော့တာ ၊ မလေ့လာသင်ယူ
ဖြစ်တော့တဲ့ အကြောင်းအရင်းဟာ မိန်းကလေးတစ်ယောက် နဲ့ ကိုက်ညီတဲ့ အလုပ်တွေ မလုပ်တာကြောင့်ပါပဲ။
အရမ်း စိတ်ရော ၊ ကိုယ်ရော ပင်ပန်းတာကြောင့် အားတဲ့ အချိန်၊ ပိတ်ရက် ၊နားရက်တွေဟာ ပြန်နားရတဲ့ အချိန်တွေ အဖြစ် ပုတ်သိုးကုန်တယ်။ အရမ်းကို ဝမ်းနည်းဖို့ကောင်းတယ်။
ကိုယ် အားကျရတဲ့ ကောင်မလေးတွေကို ကြည့်လိုက်ရင်
ကိုယ့်လောက်လဲ အရမ်း မကြိုးစားကြဘူး။
ဒါပေမဲ့ သူတို့က သူတို့ အလှအပ၊ သူတို့ ပညာ ၊ သူတို့ရဲ့ ဝါဿနာ၊ သူတို့ရဲ့ ရေရှည် ပျော်ရွှင်မှုကို ဦးစားပေးကြတယ်။ လုံးဝ အလျော့ မခံဘူး ။ တိုးပြီး တိုးအောင်သာ အချိန်ပေးပြီး နေထိုင် လုပ်ဆောင်တာကြောင့် အချိန်တန်တော့ သူများ ပုံမှန် တစ်လ ရတဲ့ လစာဟာ သူတို့အတွက် အပျော် ခရီးသွားစရိတ်၊ အလှပြင်စရိတ် သာသာလေးပဲ ရှိတဲ့ အထိ ဝင်ငွေတွေ ကောင်းသွားကြတယ်။
အလှလဲ မပျက်လိုက်ဘူး ။ ပင်လဲ မပန်းလိုက်ရဘူး။ ဒါဟာ မိန်းကလေးတစ်ယောက် လုပ်သင့်တဲ့ အလုပ်မှန်ကို လုပ်လို့ပါပဲ။
နောက်ပြီး သူတို့တွေ မပျင်းဘူး၊ လှဖို့ ၊ ကျန်းမာ တဲ့ ခန္ဓာကိုယ် လှလှလေးပိုင်ဖို့၊ ပညာ နဲ့ ပဲ သက်သက်သာသာ ဝင်ငွေ အများကြီးရမဲ့ အလုပ်တွေ အတွက် ဆို တက်တက်ကြွကြွ မြန်မြန်ဆန်ဆန် လုပ်လေ့ရှိကြတယ်။
ဒါကြောင့်လဲ လူ အများထဲက ကွဲထွက်ပြီး ကျက်သရေ လှပမှု တွေ ပြည့်စုံကာ လူအများရဲ့ အားကျခြင်းကို ခံကြရတယ်။
သဇင့် စာဖတ် ညီမလေးတွေကိုလဲ အမြဲလှပ ပြီး ကိုယ်ကိုကိုယ် အမြဲကျေနပ် သဘောကျနေသူ ဖြစ်စေချင်စိတ်လေးနဲ့ ရေးလိုက်တဲ့ စာဖြစ်ပါတယ် ။
လွန်ခဲ့တဲ့ ၁နှစ်ကျော်လောက်က အမ Busစီး ရင်း နောင်တ တစ်ခု ရလိုက်တယ် ။ အမတို့ Busကို တိုးကြိတ်ပြီး
စီးရလို့ လူက ဆံပင်တွေလဲ ဖွာ စိတ်တွေညစ် ၊ ဒေါသထွက် နေချိန် ကိုယ်ပိုင်ကားလေးပေါ်မှာ လှလှလေး ကားမောင်းနေတဲ့ ကောင်မလေးကို မြင်တဲ့အခါ ငါဟာ လူအများရွေးတဲ့ လမ်းကိုပဲ ရွေးမိ သွားတာပါလားလို့ နောင်တအကြီးအကျယ်ရမိတယ်။
ကိုယ့်ပုံကို မြင်တော့လဲ ပြန်တောင် လှပ လာနိုင်ပါတော့မလား။ အလုပ်တွေ ပင်ပန်းလို့ ဆံပင်တွေလဲ ကြွတ် ၊ အိုဇာ ပြီး ဝတ်ထားတဲ့ အဝတ်အစားတွေက အစ ကိုယ့်အကြိုက်
လှလှလေးတွေ မဟုတ်တော့ပဲ သက်သာပေါ့ပါးတဲ့ ဖြစ်သလို အဝတ်တွေ ကောက်ဝတ်လာတယ်။
အရင်က ကိုယ့်နိုင်ငံ မှာ ကိုယ့်မိဘတွေနဲ့အတူ နေချိန် ရှိခဲ့တဲ့ ပုံစံနဲ့ တခြားစီ ပဲ။ ဒါပေမဲ့ အဲ့ဒီ အသိ ဝင်သွားချိန်က စပြီး မပျင်းတော့ဘူး။ ကိုယ် ဖြစ်ချင်တာ အတွက် ခဏတာ အမြန် ပိုက်ဆံ ရမဲ့ လူပင်ပန်းစေမဲ့ အလုပ်တွေ မလုပ်ရတော့အောင် ပိုက်ဆံကို သေချာ ကြိုစုဆောင်းဖြစ်တယ်။
ပညာ နဲ့ တိုးတက်မှုကိုပဲ ဦးစားပေးတော့တယ် ။ ပညာနဲ့ပဲ သက်သက်သာသာ လုပ်ရမဲ့ အလုပ်ကိုပဲ ရှာတော့တယ်။
အခုတော့ ကိုယ် နေချင်တဲ့ ပုံစံ ၊ ကိုယ် လိုချင်တဲ့ ပုံစံကို ရခဲ့ပါပြီ ။ မိန်းကလေးတိုင်း မိမိ နဲ့ ကိုက်ညီ ပြီး မိမိ နေချင်တဲ့ ပုံစံလေးအတိုင်း နေနိုင်ကြပါစေလို့ ဆုတောင်းပြုရင်း…
ချစ်တဲ့ သဇင်
#ကမ္ဘာပေါ်မှာအပျင်းဆုံးလူသားလေးငါဖတ်ရန်
#သဇင်ကျော်
#jinjinhappily
