" ဘဝမှာ အမှားဆိုတာ မရှိဘူး ။ သင်ခန်းစာပဲရှိတယ် ။ ဘဝမှာ အနုတ်လက္ခဏာဆောင်တဲ့ အ​တွေ့အကြုံဆိုတာ မရှိဘူး ။ တိုးတတ်ဖို့ ၊ သင်ယူဖို့ ၊ ကိုယ့်ကိုယ်ကိုယ် ပိုထိန်းချုပ်တတ်နိုင်ဖို့ အခွင့်အရေးတွေပဲ ရှိတယ် ။ ရုန်းကန်မှုတွေက အင်အား ဖြစ်လာတယ် ။ နာကျင်ခြင်းဆိုတဲ့အရာတောင်မှ အကောင်းဆုံးဆရာ ဖြစ်နိုင်တယ် "
ဒီစာအုပ်ကို ဖတ်မိလိုက်တာ နောင်တရတယ် ။ သိနေတာကြာပြီ ခုမှ ဖတ်မိရလေခြင်းဆိုတဲ့ အဖတ်နောက်ကျလေခြင်းဆိုတဲ့ နောင်တမျိုးပါပဲ ။
ဖာရာရီလမ်းခွဲ တဲ့ ။ စာအုပ်နာမည်လေးက ကဗျာဆန်ဆန်လေးပါပဲ ။ နာကြင်ဖွယ် လမ်းခွဲတစ်ခုခုကို ရည်ရွယ်ပြီး ရေးသားထားတဲ့ ဝတ္ထုလို့ တွေးထင်စရာပေါ့ ။
ကျနော်လည်း အရင်က ဒီလိုပဲ ထင်ထားခဲ့တာပါ ။ ဖတ်ကြည့်လိုက်တော့မှာ ကိုယ် ထင်ထားတာနဲ့ လုံးဝ ကွဲလွဲနေကြောင်းသိလိုက်ရတယ် ။ အို.. ဖာရာရီလမ်းခွဲဆိုတာ
နာကျင်စရာ တစ်စုံတစ်ခုနဲ့ လမ်းခွဲခြင်းကို ရေးသားထားတာမှမဟုတ်ဘဲ ပျော်ရွှင်ဖို့ အောင်မြင်ဖို့ အတွက်
အကောင်းဆုံး ဆေးနည်းတစ်ခု ဘဝအဓိပ္ပါယ်အစစ်ကို တွေ့ရစေမယ့် စိတ်ရဲ့သော့ချက်တစ်ခုကို လမ်းညွှန်ထားတဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်နေပါတယ် ။
နိုင်ငံကျော် ထိတ်ထိတ်ကြဲ ရှေ့နေကြီး ဂျူလီယန်မန်တဲလ် ဆိုတဲ့လူတစ်ယောက်ဟာ စည်းစိမ်ဥစ္စာတွေ အောင်မြင်မှုတွေ နဲ့ လူတိုင်း လိုချင်မက်မောစရာတွေကိုပိုင်ဆိုင်ပြီး လိုလေသည်မရှိ ပြည့်စုံတဲ့ဘဝတစ်ခုကို ရရှိထားခဲ့တယ် ။ ငွေကြေးဥစ္စာတွေ ရာထူးစည်းစိမ်တွေနဲ့
ပြည့်ပြည့်စုံစုံနေရပေမယ့်လည်း အသက် ၅၃ နှစ်အရွယ် ဂျူလီယန်ဟာ အသက် ၇၀ အရွယ် အဖိုးအိုတစ်ယောက်လို အိုစာနေခဲ့တယ် ။ သူ့အလုပ်ရဲ့ ဖိစီးမှုကြောင့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ထိခိုက်ပျက်စီးတာတွေ ရှိလာတာပေါ့ ။ တစ်နေ့ ဂျူလီယန်ဟာ သူ့အလုပ်ဖြစ်တဲ့ တရားရုံးအတွင်းမှာပဲ နှလုံးထဖောက်ပြီး လဲကျသွားခဲ့တယ် ။ ဒီမတိုင်ခင်ကမှ စိတ်ဒဏ်ရာတစ်ခုကိုလည်း သူ ရနေခဲ့တယ် ။ နောက်ဆုံး သူ့အလုပ်ကိုတောင် စွန့်လွှတ်လိုက်ရတယ် ။ ဒီလိုနဲ့ ဂျူလီယန်ဟာ သူပိုင်ဆိုင်သမျှတွေကို ရောင်းချပြီး ရှေးဟောင်း ယဥ်ကျေးမှု ရှေးဟောင်းအလေ့အထတွေပေါတယ် ။ အိန္ဒိယကို ထွက်ခွာခဲ့တယ် ။ ဒီနောက် ဟိမဝန္တာတောနက်ထဲမှာရှိတဲ့ သူတော်စင်ကြီးတွေနဲ့ဆုံပြီး ဘဝရဲ့အဓိပ္ပါယ်ကို ရှာတွေ့သွားခဲ့တယ် ။ တကယ်အောင်မြင်တဲ့ဘဝ တကယ်စစ်မှန်တဲ့ပျော်ရွှင်မှုကို ဘယ်လိုယူရသလဲဆိုတဲ့အချက်ကို
ပိုင်ပိုင်နိုင်နိုင် သိသွားခဲ့တယ် ။
အရာရာတိုင်းဟာ အကြောင်းမဲ့ဖြစ်ခဲ့ကြတာ မဟုတ်ဘူး
ဘဝမှာ ဖြစ်ပျက်သမျှအရာတိုင်းမှာ အကြောင်းပြချက်ရှိပြီး ကျရှုံးမှုတိုင်းမှာလည်း သင်ခန်းစာယူစရာတွေ ကိန်းဝပ်နေပါတယ် ။ ဘယ်လိုကျရှုံးမှုပဲဖြစ်ဖြစ် ကျရှုံးမှုတိုင်းဟာ လူတစ်ယောက် တိုးတက်ဖို့ အမြဲအသုံးဝင်ပါတယ် ။ ပြီးဆုံးသွားတဲ့ အတိတ်တွေအတွက် ဘယ်တော့မှ နောင်တမရပါနဲ့ ။ အဲဒီအစားအတိတ်ဟာ ကိုယ့်ကို ဘဝအကြောင်းသင်ပေးနေတဲ့ ဆရာတစ်ယောက်အဖြစ်သာ စိတ်ထဲသတ်မှတ်ထားပါ ။
ဒါကတော့ ဂျူလီယန်ကို သူတော်စင်တစ်ယောက်
ပြောခဲ့တဲ့စကားပေါ့ ။ စိတ်ဆိုတာ အကောင်းဆုံးအစေခံပါ ။ ဒါပေမယ့် အဆိုးရွားဆုံး သခင်လည်း ဖြစ်နေတတ်တယ် ။ ဒါက ဂျူလီယန် ပြောခဲ့တဲ့စကားပါပဲ ။
ဆရာမိုးရှင်းရဲ့ ဖာရာရီလမ်းခွဲ ဆိုတဲ့ ဒိီစာအုပ်လေးဟာ သေချာတာကတော့ တစ်ခါဖတ်ပြီး မေ့ပစ်ရမယ့်စာအုပ်မဟုတ်ပဲ အကြိမ်ကြိမ်ပြန်ဖတ်ပြီး စွဲမြဲနေရမယ့်စာအုပ်ကောင်းလေးတစ်အုပ်ပါပဲ ။ ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေ အလေ့အကျင့်တွေ နည်းလမ်းတွေဟာ ကျနော်တို့ လျှောက်လှမ်းနေတဲ့ ဘဝမှာ စစ်မှန်တဲ့အောင်မြင်မှုတွေ စိတ်ချမ်းသာပျော်ရွှင်မှုတွေကို ရှာတွေ့ဖို့ အကောင်းဆုံး အထောက်အကူ ဖြစ်စေပါတယ် ။
#ရိပ်ငြိမ်
#ဖာရာရီလမ်းခွဲ
#မိုးရှင်း

image