ခွင့်လွှတ်တာ နဲ့ (Chance) အခွင့်အရေး ပေးတာက တူသလိုလိုနဲ့ မတူပါဘူး ။
လူတွေကို ခွင့်လွှတ်ပေးတဲ့ အကြိမ်အရေအတွက် များသွားခဲ့ရင် ငါ ဘာလုပ်လုပ် သူ ခွင့်လွှတ်မှာပဲ ။ သူက ငါ့ကို ချစ်တာခင်တာပဲဆိုပြီး ခင်ဗျားကို တန်ဖိုးမထားတော့ဘဲ လျှော့တွက်လာလိမ့်မယ် ။
နောက်ပိုင်း စော်ကားတဲ့ အဆင့်ထိကို ဖြစ်လာပါလိမ့်မယ် ။ အဲဒါကို ပေတေပြီး ခွင့်မလွှတ်ချင်နဲ့ ။ ချစ်တာချစ်ပါ ခင်တာခင်ပါ ။ နွားအကျမခံပါနဲ့ ။ တစ်ခါတလေ နည်းနည်း မှားမိတာမျိုးနဲ့ ခင်ဗျားအပေါ် လုပ်လို့ရလို့ကို ဂရုမစိုက်ဘဲ လုပ်နေတာက မတူပါဘူး ။
တစ်ခါတလေ မှားမိတဲ့လူကို ခွင့်လွှတ်သင့်ပေမယ့် လုပ်လို့ရလို့ကို ခင်ဗျားအပေါ် လုပ်တဲ့သူကိုကျ ခွင့်မလွှတ်
သင့်ဘူး ။ အခွင့်အရေးပဲ ပေးသင့်တော့တယ် ။ ကျွန်တော်ကတော့ အမြဲခွင့်လွှတ်ရတာကို မကြိုက်ဘူး ။ အခုနောက်ပိုင်း လူတွေကို အခွင့်အရေးပဲ ပေးတော့
တယ် ။
တစ်ခါမှားတယ် ခွင့်လွှတ်တယ် ။ နှစ်ခါမှားတယ် သံယောဇဉ်ပေါ်မူတည်ပြီး ခွင့်လွှတ်ချင် ခွင့်လွှတ်ဦးမယ်။ နောက်တစ်ခါကျ အခွင့်အရေးလောက်ပဲ ထပ်ပေးဖြစ်တော့တယ် ။ ထပ်မှားရင် စော်ကားတာဖြစ်သွားပြီ ။ စော်ကားရင်ကျတော့ ဘယ်လောက်ပဲ ချစ်ခင်ရတဲ့သူ
ဖြစ်ဖြစ် ဘဝထဲက ထုတ်ပစ်နိုင်အောင် ကြိုးစားလိုက်တယ် ။
ချစ်သူရည်းစားဖြစ်ဖြစ် ၊ သူငယ်ချင်းဖြစ်ဖြစ် မကောင်းရင် စွန့်ပစ်ပါ ။ မကောင်းမှန်းသိသိနဲ့ အားနာပြီး ဆက်မပေါင်းဖြစ်ပါနဲ့ ။ အားနာပြီးဆက်ပေါင်းရင် ကိုယ်ပဲ ဆက်ပြီး ခံနေရမှာပါ ။
ကိုယ့်အပေါ် စော်ကားတဲ့လူတွေကို မုန်းဖို့တော့ မလိုအပ်ဘူး ။ မပတ်သက်ဘဲ နေနိုင်ဖို့ပဲ လိုတာပါ ။
ကျွန်တော်ကတော့ အဲလိုလူတွေကို ချစ်ခြင်း ၊ မုန်းခြင်း မရှိဘဲ လမ်းလျှောက်ထွက်ရင်း မျက်မှန်းတန်းမိလို့ ပြုံးပြနှုတ်ဆက်တဲ့ လူတစ်ယောက်အဆင့်လောက်မှာပဲ ထားဖြစ်တော့တယ် ။ မစွန့်လွှတ်နိုင်သေးလို့ ၊ သူတို့မရှိရင် မဖြစ်လောက်ဘူးလို့ ခင်ဗျား ထင်ကောင်းထင်နေလိမ့်မယ်
မထင်ပါနဲ့ ။ ဘဝထဲက ထုတ်ပစ်လိုက်ပါ ။ တစ်ခါတလေကျတော့ ကိုယ့်အနားမှာ မကောင်းတဲ့သူတွေ ရှိနေရင်
ကောင်းတဲ့သူတွေကပါ ကိုယ့်ကို ရှောင်သွားတတ်ကြပါတယ် ။ ဒီတော့ ပိုကောင်းတဲ့သူတွေ အနားရောက်လာဖို့ ကိုယ့်အနားက မကောင်းတဲ့လူတွေကို ဘဝထဲက ထုတ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ ။
#hope #sintnyi
