6 ရက် - ဘာသာပြန်ပါ။

ကမ္ဘာပေါ်မှာနောက်ဆုံးကျန်ရှိတဲ့ နဂါးမျိုးဆက်ဥလေးကို ကာကွယ်စောင့်ရှောက်ပေးရမဲ့ကောင်မလေး

Dragonkeeper (2024)

ဒီနေ့မှာတော့ တရုတ်ကာတွန်းကောင်းလေးတစ်ခုကို
ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...ဒီကားလေးကတော့...
ယုံတမ်းကျောက်စာအရ မှော်ဆရာကြီးတွေက လူသားတွေကို ဒုက္ခပြုခဲ့တယ်တဲ့
လွန်ခဲ့တဲ့ နှစ်တစ်ထောင်က... ဒါကြောင့်လည်း လူတွေက
နတ်နဂါးတွေကို ကူညီပေးဖို ပူဇော်တောင်းဆိုခဲ့ကြတယ်...

ဒါတောင်းဆိုသံတွေကြောင့်လည်း ယင်းလုံနဂါးက
လူပြည်လာပြီးတော့ စွမ်းအားရှိသူကို နဂါးထိန်းသိမ်းသူအဖြစ် ရွေးချယ်ပြီး
နဂါးနဲ့ လူသား စိတ်တူကိုယ်တူ မှော်ဆရာတွေကို ဆန့်ကျင်တိုက်ခိုက်ခဲ့တယ်တဲ့...
သိုပေမယ့်လည်း လူ့စိတ်ဆိုတာ ပြောဖိုခက်သား....
တစ်ချိန်ကတော့ ကျေးဇူးရှင် နတ်နဂါးတွေကို
နတ်အဖြစ်နဲ့ ကိုးကွယ်ထားခဲ့ပေမယ့်လည်း...
မင်းဆက်တစ်ဆက်နဲ့ တစ်ဆက်အပြောင်းမှာတော့...
အန္တရာယ်ကောင်ကြီးအဖြစ် ဖမ်းဆီး ထားတဲ့ အနေအထားထိရောက်သွားခဲ့တာပေါ့...

ဒီအချိန်မှာပဲ ဖင်း ဆိုတဲ့ ကလေးမလေး...
အနှီးထုတ်ထဲမှာတင် အနားက ကျောက်တုံးတွေကို
လေပေါ်ဝဲစေခဲ့တဲ့ ဖင်း ကလေးက ...
အကြောင်းအမျိုးမျိုးကြောင့် နဂါးဥလေးကို
ကာကွယ်ရမယ့် နဂါးထိန်းသိမ်းသူ အဖြစ်ရွေးချယ်ခံခဲ့ရတယ်...
နောက်တော့ အရှင်မင်းကြီး နာမကျန်းတာသက်သာစေဖို
နဂါးဖမ်းတဲ့ကိစ္စနဲ့အတူ နဂါးဥ အလုခံခဲ့ရတယ်...

ဒီတော့ နဂါးထိန်းသိမ်းသူလေး ဖင်း တစ်ယောက်
သူ့နဂါးဥလေးကို တကယ်ပဲ ကာကွယ်ထိန်းသိမ်းနိုင်မှာလား...
ဘယ်လို အခက်အခဲ အတားအဆီးတွေက သူ့ကိုစောင့်နေမှာလဲ...

🪄🎁 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

🎁🪄ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1894

image