Studio Ghibli ကထွက်ခဲ့သမျှထဲမှာ နာမည်အရမ်းမကြီးခဲ့ပေမဲ့ လူတော်တော်များများရဲ့ ငယ်ဘဝ အမှတ်တရ ဖြစ်ခဲ့တဲ့ Castle In the Sky. ဒီ anime က 1986 မှာထွက်ခဲ့ပြီး လွန်ခဲ့တဲ့ 39 နှစ်ဆိုတဲ့ အနေအထားမှာ Animation တွေရော အသံပိုင်းရော ပြောစရာမလိုအောင်ကောင်းလွန်းတဲ့ Animation တစ်ခုပါ။ Studio Ghibli ရဲ့ပထမဆုံး Anime ဆိုလည်းဟုတ်ပါတယ်။
ဒါပေမဲ့ castle in the sky ကို Howl Moving Castle နဲ့မှားနေတက်ကြပါတယ်။ တကယ်ကလုံးဝမတူတဲ့ anime 2 ခုပါ။ 1986 မှာထွက်ခဲ့တာကြောင့် characters တွေရဲ့ Facial Signature ကအရမ်းမတိကျပေမဲ့ Old Anime ဆိုတဲ့ ခံစားချက်ရပြီးအရမ်းကြည့်လို့ကောင်းတယ်။ Spirited Away , Howl Moving Castle , Totoro တို့လို့ဇာတ်လမ်းမှာ Emotional ပိုင်းအရမ်းမပါပေမဲ့ ဒီ anime မှာ Character တွေကနဲ့ Sound Effect တွေကအဓိကအသက်ပါ။
Anime အကျဥ်းချုပ်က Sheeta ဆိုတဲ့ကောင်မလေးက ထူးခြားတဲ့လည်ဆွဲလေးတစ်ခုကိုပိုင်တယ်။ ဒီလည်ဆွဲက Laputa ဆိုတဲ့လေထဲမှာ ရှိနေတဲ့ ကျွန်းတစ်ခုကိုလမ်းပြပေမဲ့ လည်ဆွဲလေးဖြစ်ပြီး လေပေါ်ပျံ ကျောက်တုံးလို့ခေါ်တယ်။ Sheeta ကို အာဏာပိုင်တွေကဖမ်းခေါ်လာပြီး Laputa ကိုသွားဖို့မေးနေတုန်း လမ်းမှာ ဓါးပြတွေနဲ့တွေ့ပြီး ထွက်ပြေးရင်း Sheeta က Pazu ဆိုတဲ့ကောင်လေးစီရောက်လာတယ်။ Pazu ကလည်း ကလေးဆိုပေမဲ့ Sheeta ဘာလုပ်လုပ်ယုံပေးပြီး တက်နိုင်သလောက်ကာကွယ်ပေးတယ်။ အာဏပိုင်တွေနဲ့ ဓါးပြတွေသွားချင်တဲ့ Laputa က ရွှေငွေတွေပြည့်နေပြီး နည်းပညာပိုင်းမြင့်တဲ့အရာတွေရှိနေတဲ့နေရာဖြစ်တယ်။ နောက်ပိုင်း Sheeta လည်းသူ့လည်ဆွဲက အာဏာပိုင်တွေလက်ထဲရောက်သွားတော့ ဓါးပြတွေအကူညီနဲ့ Laputa ကိုသွားနိုင်ခဲ့ပြီး ဒီနည်းပညာတွေကို အာဏာပိုင်လက်ထဲမရောက်အောင် Sheeta ကတားနိုင်ခဲ့တဲ့ ဇာတ်လမ်းပါ။
Studio Ghibli ရဲ့ပထမဆုံးလက်စွမ်းကလည်းမသေးခဲ့ဘူး လန်းတယ်။ Castle in the sky အပြီး 1988 မှာ My neighbor Totoro နဲ့ Grave of the fireflies 1989 မှာ Kiki Delivery Service ဆက်ထွက်ခဲ့ပါတယ်။ မကြည့်ရသေးရင် ကြည့်လိုက်ကြပါဦး အရမ်းနာမည်ကြီးခဲ့တဲ့ Anime တွေပါပဲ

image