ဒီ snow white version က disney ကထုတ်တာမဟုတ်တဲ့အခြား The Fables Comic Book Universe ကလာပြီး Bill Willingham ရေးထားတဲ့ Snow white version ပါ။ Reimagining version လို့ပြောလို့ရတယ်၊
ဒီ version မှာ snow white က Evil Queen လိုက်သ@တ်လို့ပြေးရင်း လူပုတွေ အိမ်ကိုရောက်လာပါတယ်။ ရောက်လာတော့သာမန်အတိုင်းလူပုတွေရဲ့ အိမ်အလုပ်လုပ်ပေးပြီး နေရတာမဟုတ်ပဲ လူပုတွေရဲ့ $3X Slave အဖြစ် 7 နှစ် ခံရပါတယ်။ဒီလိုလုပ်ခဲ့ရတာကိုလည်း Snow white ကမှတ်ထားခဲ့ပါတယ်။ နောက်ပိုင်း Evil Queen လက်ချက်နဲ့ အိပ်ပျော်သွားခဲ့ပြီး မင်းသားလေး ကြောင့်ပြန်နိုးလာတော့ snow white က မင်းသားစီက sword fighting skill ကိုတိတ်တဆိတ်သင်ယူခဲ့ပါတယ်။ သူ့ကိုမကောင်းကြံခဲ့တဲ့ ငပုတွေကိုလက်စားချေဖို့အတွက်ပါ။ sword fighting ကျွမ်းကျင်သွားတဲ့အခါ snow white တို့တိုင်းပြည်နားမှာ လူပု အေ#သ ကောင်တွေ တစ်ယောက်ပြီးတစ်ယောက်ပေါ်လာနေပါတယ်။
လူပု နိုင်ငံကလည်း ဒီလူပု တွေကို သ@တ်တဲ့သူကိုမပေးနိုင်ရင် မင်းသားတို့နိုင်ငံက်ိုစစ်ချီမယ်ဆိုတော့ မင်းသားတို့ကလည်း ရာဇဝတ်သား တစ်ယောက်ကိုထိုးချပြီးတရားခံအဖြစ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ မင်းသားက ဒီလူပုတွေကိုသ@တ်တဲ့ တရားခံ ကိုရှာတဲ့အခါ snow white ဖြစ်နေမှန်းသိသွားပေမဲ့ snow white က မိန်းကလေးတွေကို ဒီ နှာဗူး ငပုတွေလက်က ကာကွယ်ပေးမှန်းသိသွားတာကြောင့် snow white ကိုချစ်မိသွားခဲ့ပါတယ်။
ဒီ Version ကအရမ်း dark ပေမဲ့ ခပ်ကြမ်းကြမ်းရမ်းရမ်း ဖြစ်စေချင်တဲ့ Rachel zegler သာသရုပ်ဆောင်ရင် ပိုမိုက်မယ်လို့ထင်မိပါတယ်။ လက်စားချေတဲ့အပိုင်းကတော့ Part 2 ဆိုပြီး cancel လိုက်ပေါ့ မင်းသားနဲ့ဓါးရေးကျင့်တဲ့အပိုင်းထိမှာပဲ Part 1 ကိုပြီးပေးလိုက်ရင် အခု Original Storyline ထက်တောင်ပိုအောင်မြင်ဦးမယ်။ Rachel ကိုယ်တိုင်ကလည်း မင်းသားလေး ကယ်တာ မလိုချင်တော့ဘူးဆိုတော့ ဒီ Storyline ဆိုအဆင်ပြေပါတယ်။ အခြား Disney Princess တွေရဲ့ Dark Story တွေလည်းကျန်ပါသေးတယ်
