ထမင်းမြိန်တဲ့ မရမ်းသီးငပိချက် စိုစိုအိအိလေး
✏ မရမ်းသီး ၁၀ သား ရေဆေးထက်ခြမ်းခွဲပြီးပါးပါးလှီးထား
✏ ကြက်သွန်ဖြူ ၂လုံး အနီ ၃လုံးထောင်းထား
✏ ပုစွန်ခြောက် စတီးဇွန်း ၂ဇွန်း
✏ ငရုတ်သီးစိမ်း ၅ ကျပ်သားပါးပါးညှပ်ထား
✏ ငပိစိမ်းစားဟင်းစားဇွန်း တစ်ဇွန်း
✏ ငရုတ်သီးအစိမ်းမှုန့် ဟင်းစားဇွန်းတစ်ဇွန်း
ချက်မယ်နော်
♨ဆီအိုးထဲဆီပူလာရင် နနွင်းမှုန့်လေးဇွန်းဖျားလောက်ထည့်
♨ကြက်သွန်ဖြူနီထောင်းထားတာဆီသတ်ပြီး
♨ငရုတ်သီးစိမ်းညှပ်ထားတာထည့်ကြော်
♨ငရုတ်သီးစိမ်းမှုန့်ထည့်
♨ငပိစိမ်းစားထည့်ကြော်
♨မရမ်းသီးလှီးထားတာထည့်ကြော်ပြီး
♨ပုစွန်ခြောက်ထောင်းထားတာထည့်
♨ဆားဟင်းစားဇွန်းတစ်ဝက် အရသာမှုန့်နဲနဲထည့်
♨ရေနွေးလေးနဲနဲဖြန်းပြီး စိုစိုအိအိလေးကြော်ထားတယ်နော်
😋ချစ်သူငယ်ချင်းတွေအားလုံးစားကောင်းကျန်းမာကြပါစေ....
