Meizu ရဲ့ Flyme Auto နည်းပညာပါ၀င်တဲ့ GEELY EX5 EV မိတ်ဆက်
ယနေ့ ဇွန်လ ၂၇ ရက်နေ့ Sedona Hotel Ballroom မှာ GEELY ရဲ့ မျိုးဆက်သစ် လျှပ်စစ် SUV ကား GEELY EX5 မိတ်ဆက်ပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။
GEELY EX5 က ခေတ်မီဒီဇိုင်း၊ AI နည်းပညာ၊ စွမ်းဆောင်ရည်မြင့်မားမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အားသာချက်မျာနဲ့ ပြည်တွင်းကားဈေးကွက်တွင် အင်တိုက်အားတိုက် ဝင်ရောက်လာမယ်လို့ မျှော်မှန်းရပါတယ်။
"SEE THE WORLD IN FULL" ဆောင်ပုဒ်နဲ့ အညီ GEELY EX5 ကို ကားမောင်းနှင်မှု အတွေ့အကြုံသစ်တစ်ခုပေးစွမ်းရန် ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး အထူးခြားဆုံးအချက်ကတော့ GEELY EX5 EV မှာ MEIZU ရဲ့ Flyme Auto နည်းပညာ ကို ထည့်သွင်းအသုံးပြုထားခြင်းပါပဲ။
Flyme Auto က GEELY ရဲ့ လျှပ်စစ်ကားများအတွက် အထူးထုတ်လုပ်ထားတဲ့ Smart Cockpit စနစ်ဖြစ်ပြီး၊ ကားရဲ့ infotainment စနစ်၊ ချိတ်ဆက်မှုစွမ်းရည်၊ ဘာသာစကား ၁၀ မျိုးဖြင့် ကားအတွင်းပိုင်းလုပ်ဆောင်ချက်များကို အမိန့်ပေးခိုင်းဆိုနိုင်မှုနဲ့ အခြားသော လုပ်ဆောင်ချက်များကို ထိန်းချုပ်ပေးပါတယ်။ ဒီနည်းပညာကြောင့် ကားမောင်းသူနဲ့ ခရီးသည်တွေက သာလွန်ကောင်းမွန်တဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံကို ရရှိမှာပါ။
အဆိုပါ မိတ်ဆက်ပွဲတွင် MEIZU ရဲ့ MEIZU 21, mblu 22 Series, NOTE 21 Series, Smart Ring နဲ့ အခြား AIO Products များကိုလည်း ပြသခဲ့ပါတယ်။
