Okuda ဆိုတဲ့ဝန်ထမ်းကောင်လေး အလုပ်တစ်ခုကြောင့် အထက်တန်းတုန်းက ခင်ခဲ့ဖူးတဲ့ကောင်မလေး Watarai နဲ့ ပြန်လည်ဆုံတွေ့ခဲ့တယ်။
Girl in the Sunny Place (2013)
အထက်တန်းမှာတုန်းက အူကြောင်ကြောင် Watarai လေးကိုဝိုင်းအနိုင်ကျင့် ကြလို ကာကွယ်ပေးရင်း တစ်ဦးတည်းသော သူငယ်ချင်းလေးဖြစ်ခဲ့တာပေါ့ အခုတော့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဖြစ်နေပြီး အခြေအနေတွေ အကြောင်းကြောင်းကြောင့် နီးစပ်ဖို ကံပါလာခဲ့တယ် ချက်ချင်းဆိုသလို ချစ်သူတွေဖြစ်သွားကြပြီး ဘဝတစ်ခုတစ်ထောင်ဖို စတင်ချိန်ကြမှ Watarai ရဲ့ အတိတ်တွေ လျှိဝှက်ချက်တွေဟာ တဖြည်းဖြည်းပေါ်ပေါပ်လာပြီး ထာဝစဉ် လက်တွဲသွားမှာလား ဆိုတာကတော့...
ရိုးရာမပျက် ဂျပန်ဆရာတွေ သာမာန်အချစ်ဇာတ်လမ်းကို ဘယ်လိုထူးဆန်းအောင် လုပ်မလဲဆိုတာ ကြည့်ကြည့်ရမှာပါ သူကနောက်ဆုံးမှာ ဪ သည်လိုလား ဆိုပြီးဖြစ်သွားမယ့် လှည့်ကွက်လေးလည်း ပါပါသေးတယ် လူကြီးအရွယ်မင်းသားမင်းသမီးဆိုတော့ မက်လောက်စရာ သိပ်မရှိပေမယ့် ဇာတ်လမ်းလေးနဲ့ သယ်ယူပေးသွားပါလိမ့်မယ် ငယ်ဘဝက မင်းသမီးလေးကတော့ အူယားစရာလေးလိုတော့ မြင်မိတာပဲ။
ချစ်စရာ ပုံစံလေးက။ အားပေးကြရင်း ဘဝအမောတွေပြေဖို ဆုတောင်းပေးလိုက်ပါတယ်ဗျို။
🌈🎆ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇
https://t.me/+EsXX1J8YygUwZDRl
🎆🌈ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇
https://t.me/c/2134161386/2529
