Motivation speaker တစ်ယောက်ပြောတာ ကြားဖူးတယ်
"မင်းရဲ့ ဘဝက ဇာတ်လမ်း တစ်ပုဒ်ဆိုပါတော့
အဓိက ဇာတ်ဆောင်ဖြစ်တဲ့မင်းက
ဘာမှ မတိုးတက် ဘာမှ မပြောင်းလဲရင်
အဲ့ဇာတ်လမ်းက ဇာတ်လမ်းကောင်းတစ်ပုဒ်
ဖြစ်လာမှာ မဟုတ်ဘူး" တဲ့
ဒီနေ့ကြည့်မိတဲ့ " Perfect days" ဆိုတဲ့ ဇာတ်ကားလေးက
အဲ့စကား မှားကြောင်း ကို သက်သေပြသွားတယ်
လူတွေက အောင်မြင်မှု တိုးတက်မှုတွေ စွန့်စားမှုတွေ
စိတ်လှုပ်ရှားစရာတွေ နောက်ကို သူ့ထက်ငါ အရင်
အသည်းအသန် အပြေးလိုက်နေကြတဲ့
ဒီနေ့လို ခေတ်ကြီးမှာ ရိုးရှင်းစွာ နေထိုင်မှုရဲ့
လှပခြင်း ကို ကောင်းကောင်းကြီး ဖော်ပြထားတယ်လို့
မြင်မိတယ်
ဒီ အိမ်သာဆေးတဲ့ အသက်လတ်ပိုင်း လူကြီးရဲ့
ရိုးရှင်းတဲ့ ဘဝလေးကို ကြည့်ရင်း ကိုယ့်ဘဝကိုယ်
ပြန်သုံးသပ်မိတဲ့ အထိ ပဲ
နေ့စဉ်ဘဝတိုင်းမှာ အလှအပတွေ ရှိနေပါတယ်
အဲ့တာတွေကို ခံစားမိတယ် ဆိုရင်
ပိုင်ဆိုင်ထားတဲ့ ဘဝ က အဓိပ္ပာယ် ရှိနေတဲ့
ပြီး ပြည့်စုံတဲ့ နေ့ရက်တွေ ပါပဲ
ရောင်ရဲ့ တင်းတိမ်ခြင်းက
ညံ့ဖျင်းအသုံးမကျခြင်း မဟုတ်တဲ့
ငြိမ်းချမ်းခြင်း တစ်မျိုးပါပဲ
ဘာမှ မတိုးတက်မပြောင်းလဲ တဲ့
အိမ်သာဆေး အလုပ်သမား အဓိကဇာတ်ဆောင်ကြီး ရဲ့
"perfect days"ဆိုတဲ့ ဇာတ်ကားကတော့
တကယ့်ကိုကောင်းတဲ့ ဇာတ်လမ်းကောင်းလေးပါပဲ
