"အမှတ်တရတွေနဲ့ တောင်တန်းကြီး အကြောင်း"
ဒီရုပ်ရှင်က Gay ရုပ်ရှင်လို့တော့ထင်ကြမဲ့လူတွေ‌ရှိမှာပါ။ ဒါပေမဲ့ outside the box ကနေတွေးကြည့်လိုက်မလား? Gay ဆိုတဲ့အသုံးအနှုန်း ဖျောက်လိုက်ရင် ဂန္တဝင် အချစ်ကားတစ်ခုစဖွယ် မြင်ကြလိမ့်မယ်။ LGBT အား‌မပေးတဲ့ခေတ်မှာ Cowboy ဘဲ၂ပွေ တောင်ပေါ်မှာ အချစ်ဇာတ်လမ်းစတယ်။ ကျွန်တော်ပြောချင်တာက သူတို့ မှာ ချစ်ရတဲ့အမျိုးသမီးတွေရှိတာတောင် ၁ယောက်နဲ့၁ယောက်က ချစ်ကျတုန်းဆိုတာပဲ။ Ang Lee ပြချင်တာလည်းအဲ့တာပဲလို့မြင်တယ်။ Cowboy ယောင်္ကျားရင့်မာကြီး၂ယောက်ရဲ့ အချစ်ဇာတ်လမ်းပေါ့
Ang Lee အတွက်လည်း ထိုခေတ်က ဒီရုပ်ရှင်ကို ရိုက်ဖို့အတော်အဆင်မပြေခဲ့တဲ့အကြောင်းလည်း ခနခနပြောဖူးတာတွေ့ရတယ်။ ဒီကားမှာတော့ ကျွန်တော့်အတွက်က Heath ထက် Jake ကိုပိုကြိုက်တယ် ဒီဘဲ ဘက်ရောက်ရင် လူက အလိုလိုနေရင်းသနားသွားတယ်။ နောက်ဆုံးအခန်းမှာတော့ ဆွယ်တာလေးကိုဖတ်ရင်း ငိုနေတဲ့ Heath ကိုပိုသနားသွားတယ်။ စာဖတ်သူ အစစ်မတို့ကတော့ Michelle Williams ကိုသနားပေါ့လေ

image