ကျွန်တော် လမ်းလျှောက်ရင်း ခလုတ်တိုက်မိတာက အရင်ဘဝကကောင် လူတစ်ဦးကိုခြေထိုးခံခဲ့လို့များလားပေါ့ ။ ဘယ်ဟုတ်မလဲဗျ ၊ ကျွန်တော်မှ အောက်ကိုကြည့်မလျှောက်တာ ။
ဒါဆိုလူနှစ်ယောက် မေတ္တာမျှတဲ့အခါ ခလုတ်ထိလို့ဆူးလေးများငြိခဲ့ရင်ရော ကျွန်တော်တို့ အောက်ကိုကြည့်ပြီးတော့များမချစ်ခဲ့မိကြလို့လား ။
ကျွန်တော်ဟာ ကဗျာသည်ဖြစ်ခဲ့သော် ရေးဖွဲ့မိသည့် ကဗျာမှာ ကျွန်တော်ချစ်ရမည် ။ တစ်ဖက်ကဗျာကရော ကျွန်တော်မြတ်နိုးသလိုပြန်ချစ်ပါ့မလား ။ ကျွန်တော်က ဖွံဖြိုးဆဲနိုင်ငံတစ်ခုကစတီးဝပ်ဆို သူမကဥရောပလမ်းမတစ်ချို့မှာခြေကျင်မလျှောက်သူ ။ ကျွန်တော်က အရှေ့ပိုင်းဒေသရဲ့ တရုတ်စာ လေ့လာချင်သူဆို သူမကအနောက်တိုင်းရဲ့ ပူလစ်ဇာ ဆုရှင်ဖြစ်ချင်တဲ့ အိမ်မက်ပိုင်သူ ။
ဟုတ်တယ်မလား ၊ လှေကားက ခြားနားခြင်းလေ ၊ ငါတို့ငယ်တုန်းဘယ်သိပါ့မလဲ ။ နင့်အရွယ်နဲ့ ကနေဒါကို ကြားဖူးနားဝ သတင်းရေးဆရာမကြီး ဆုအတွက်ငါ့ကိုထားရစ်မယ်ဆိုတော့ နှုတ်မဆက်ချင်ခဲ့ဖူးလေ ။
ဒီလို စဉ်းစားကြည့်ရအောင် နင်ကိုရီးယားမှာဘဲ ရှိနေရင် မဟုတ်လည်း
ငါသာ နယူးယောက် ကိုလိုက်လာခဲ့ရင်
မင်းရော ငိုရမလား ငါကရော မန်းဒရင်းဆိုတာ ဘာလဲသိပါ့မလား ။
In - Yeon ဆိုတာတကယ်ရှိတယ်ဆိုပြီး ယုံကြည်ပါတော့မလား ။ ယုံမယ်ဆိုရင်တော့ ဒီဘဝက ရေစက်၏ပွတ်တိုက်မှုပေါင်း ၈၀၀၀ ပြည့်လိုက်စေချင်တယ် ။
ပြည့်ပါစေ ။

image