လွန်ခဲ့တဲ့ (၄) နှစ်မှာ မစ်ဒယ်ဝိတ်ချန်ပီယံ Israel Adesanya က လိုက်ဟဲဗီးဝိတ်တက်ပြီး ခါးပတ်သွားလုတာ ကြေးစားဘဝမှာ ပထမဆုံးရှုံးပွဲကြုံရတယ်။ အခုလည်း ဖယ်သာဝိတ်ချန်ပီယံဟောင်း Ilia Topuria က လိုက်ဝိတ်တက်ပြီး ခါးပတ်သွားလုတာ ကြေးစားဘဝမှာ ပထမဆုံးရှုံးပွဲကြုံရမလား။
တူညီတာကို ပြောရရင် Israel Adesanya က လိုက်ဟဲဗီးဝိတ်တန်းမှာ အကောင်သေးတာပဲ။ တရားဝင်ဝိတ်တောင် (၂၀၅) ပေါင်မပြည့်ပါဘူး။ Ilia Topuria လည်း လိုက်ဝိတ်တန်းမှာ သေးမှာပါပဲ။ အရင်လူ Israel Adesanya လို ရှုံးလို့မဖြစ်ဘူး။ လူမှုကွန်ရက်မှာ Ilia Topuria က လေတိုက်ထားတာ နှုတ်လွန်အာလွန်ဖြစ်ထားတယ်။ ရှုံးရင် ပြိုင်ဘက်တွေက ဝိုင်းလှောင်လိမ့်မယ်။
